ကိုယ့်နိုင်ငံ၊ ကိုယ့်လူတွေ အခြေအနေနဲ့ ဘယ်လောက်ထိမျှော်လင့်နေတာလဲလို့ ဒေါက်တာခင်ခင်ကြီး ဒဲ့မေးပြီ

ကိုယ့်နိုင်ငံ၊ ကိုယ့်လူတွေ အခြေအနေနဲ့ ဘယ်လောက်ထိမျှော်လင့်နေတာလဲလို့ ဒေါက်တာခင်ခင်ကြီး ဒဲ့မေးပြီ

တခါတလေ လူနာတွေကိုရော လူနာရှင်တွေကိုရော တချို့သောသူတွေကိုရော နားမလည်နိုင်အောင်ဖြစ်မိပါတယ်

ကိုယ့်နိုင်ငံအခြေအနေ ကိုယ့်လူတွေရဲ့အကြောင်း သိရက်သားနဲ့ ဘယ်လောက်ထိများ မျှော်လင့်နေတာပါလိမ့်လို့ တွေးမိတယ်

လက်ရှိမှာ အားလုံးတက်ညီလက်ညီဆောင်ရွက်နေကြတယ် ကိုယ့်မှာရှိတဲ့စွမ်းပကားနဲ့ ကိုယ်စီကိုယ်ငှ အကောင်းဆုံး စွမ်းဆောင်နေကြတယ်

ဒါဆိုသိပ်ကောင်းပြီး သိပ်ပြည့်စုံနေပြီလားဆိုရင်တော့ လိုအပ်ချက်တွေ နေရာတိုင်းမှာ ရှိနေပါတယ် ဒီလိုအပ်ချက်တွေကိုလဲ နိုင်ငံတော်အစိုးရနဲ့ နိုင်ငံသားအလှူရှင်တွေ volunteer တွေက ကြိုးစားပမ်းစား ဆောင်ရွက်နေကြတယ် ဒါကိုအားလုံးအသိပဲဖြစ်ပါတယ်

ကုသရေးပိုင်းဆိုင်ရာမှာဆိုလဲ သက်ဆိုင်ရာ ဆရာဝန် ကျန်းမာရေးဝန်ထမ်းတွေဟာ နေ့မနား ညမအား အဆိုင်းလိုက် အားကြိုးမာန်တက်ဆောင်ရွက်နေကြတာဟာ တကယ့်ကို အံ့ချီးမကုန်နိုင်ဖွယ်ဖြစ်ပါတယ် သူတို့စိတ်ထဲမှာ ပြည်သူအတွက် စိတ်ထဲထည့်ပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်

ခုအခြေအနေသည် သာမန်အခြေအနေမဟုတ်ပါ ကပ်ဘေးနဲ့ကြုံနေတာပါသို့သော်တချို့သောသူများရဲ့ ရေးသားချက်များဟာ သူတို့ရဲ့ စိတ်ထား ခံယူချက်အပေါ်ပဲ မူတည်ပါတယ် အားလုံးကို ကိုယ်စားမပြုပါ

ဒီနေရာမှာ တခုပဲ ပြောချင်တာက ဒီလိုတွေ ဖြစ်နေပါတယ်ပြောလို့ နဂိုထဲက ဆေးရုံ/ဆေးခန်းသွားရမှာ ဝန်လေးနေတဲ့ ပြည်သူတွေကို ဗူးလေးရာ ဖရုံဆင့်သလိုဖြစ်ပြီး အိမ်မှာပဲ ရောဂါဆိုးနေရက်နဲ့ နေကြမယ်ဆိုရင် သေဆုံးမှုနဲ့ ဒီသေဆုံးသူရဲ့မိသားစု ရောဂါကူးစက်ဖြစ်ပွားမှုဟာ ကြောက်ခမန်းလိလိ တက်လာမှာဖြစ်တယ်ဆိုတာကို သတိချပ်စေချင်ပါတယ်

တချို့သောအရာတွေဟာ ပေါ့စေလိုလို့ကြောင်ရုပ်ထိုး ဆေးအတွက်လေးဆိုသလိုပဲ ကိုယ်ဖြစ်စေချင်တာက တခြား ဖြစ်ပေါ်လာတဲ့အကျိုးရလဒ်ကတခြား ဖြစ်စေပြီး အားလုံးကို ဒုက္ခရောက်စေနိုင်တာမို့ ပြည်သူလူထုအနေနဲ့ သူများပြောတိုင်းမယောင်ပဲ မိမိအသက်ကို ဉာဏ်နဲ့ချင့်ချိန်ပြီး အရာရာမှာစဉ်းစားဆုံးဖြတ်စေလိုပါတယ်

ဆိုလိုရင်းအချုပ်ကတော့ ရောဂါမကူးစက်အောင် တတ်နိုင်သမျှ ညွှန်ကြားချက်တွေလိုက်နာပါ ရောဂါလက္ခဏာခံစားရပြီဆိုတာနဲ့ ဆေးရုံပြသဖို့ ဝန်မလေးပါနဲ့လို့ မေတ္တာနဲ့ ထပ်မံအသိပေးအပ်ပါတယ်

ဒေါက်တာခင်ခင်ကြီး

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page