ဟောင်ကောင်ဘဲကင်တွေကို လေယာဥ်စင်းလုံးနဲ့ သယ်လာပြီး ရန်ကုန်မှာ အခမဲ့ဝေခဲ့တဲ့ မန္တလေးသူအမျိုးသမီးကြီး

ဟောင်ကောင်ဘဲကင်တွေကို လေယာဥ်စင်းလုံးနဲ့ သယ်လာပြီး ရန်ကုန်မှာ အခမဲ့ဝေခဲ့တဲ့ မန္တလေးသူအမျိုးသမီးကြီး

ဒါနဲ့ မန်းလေးက ကျိကျိတက်ချမ်းသာတဲ့ စိန်တွေပြည်တောင်းနဲ့ချမ်းသာတဲ့ အဖွားကြီးအကြောင်း ထပ်ပြောပြဦးမယ်။ ခေတ်က သူထေးတွေတောင်မွဲလို့ အနုပညာရှင်တွေတောင် မုန့်ပဲ သရေစာကို Deli လိုက်ပို့ ရောင်းနေရလို့ .. စိန်တွေလိုချင်တဲ့ ရမက်ကြောင့် သူ့မြေးလေး ပြန်ပေးဆွဲခံရမှာ စိုးရိမ်တာနဲ့ နာမည် ထည့်မရေးတော့ဘူး။

၁၉၆၇ ခုနှစ်က ရန်ကုန်မှာ တရုတ်အရေးခင်းဖြစ်တော့ .. ယနေ့စကားလုံးယူသုံးပြောရရင် ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ရန်ကုန်မြို့ထဲက တရုတ်ဆိုင်တွေကို ဖျက်ဆီးပစ်လိုက်တယ်။ ပြသနာက တရုတ်အစားအစာစားချင်တဲ့သူတွေခမျာ ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး။ ဘယ်တရုတ်မှလည်း ဆိုင်တွေ ပြန်ဖွင့်ဖို့နေနေသာသာ အပြင်မထွက်ရဲ။ ရန်ကုန်ကလူတွေခမျာ တရုတ်အစားအစာ စားချင်လွန်းလို့ ရူးမတတ်ဖြစ်နေချိန်။ တချို့ဆို ပေါက်စီ၊ အီကြာကွေး၊ ဘဲကင်၊ ခေါက်ဆွဲကြော်၊ ကြက်ပေါင်း၊ ကုန်းဘောင်ကြီးကြော်၊ ချိုချဉ်ကြော် စတာတွေ မစားရလို့ ရူးမတတ်ဖြစ်နေကြရော။

အဲဒါနဲ့ အဖွားက သူ့စိန်တွေရောင်းပြီး ထူထောင်ပေးထားတဲ့ Union of Burma Airways (UBA) ပေါ့ .. နောက် Burma Airways Corporation (BAC) ဆိုပြီး ပြောင်းလိုက်သေးတယ် .. အဲ .. တရုတ်အစားအစာတွေစားချင်တဲ့ ရန်ကုန်က သူထေးတွေက သူ့ဆီ စာရေးပြီး မှာမှာ သံကြိုးရိုက်မှာမှာ ဖုန်းဆက်မှာမှာ အဲဒီ BAC လေယဉ်တွေ စင်းလုံးငှါးလို့ တရက် ၂ ခေါက် ဟောင်ကောင်တို့ ထိုင်ဝမ်တို့ကနေ တရုတ်အစားအစာ ငတ်နေတဲ့ ရန်ကုန်ကလူတွေ စားပါစေတော့ဆိုပြီး .. လေယာဉ်နဲ့ သယ်လာသမျှကို ယနေ့ ဝန်ကြီးများရုံးမှာ အခမဲ့ ဝေပေးတယ်။ ဝန်ကြီးများရုံး – အတွင်းဝန်ရုံကနေ ဝေတော့ ဟို ဒေါသထွက်နေတဲ့ လူတွေလည်း မလာရဲဘူး။

ဘာလို့ ပြည်မကြီးက မမှာသလဲလို့မေးရင် အဲဒီခေတ်က မော်စီတုံးခေတ်မို့ တရုတ်ပြည်က ငတ်ပြတ်ပြီး ပီကင်းဘဲကင်ဆိုတာ ကွာလတီကျလို့ ခွေးကျွေးတောင် မစားဘူး။ မွန်းကိတ် ဘာညာတွေက မာလိုက်တာ သွားကျိုးမတတ်ဝါးရ။ အဲဒါနဲ့ ဟောင်ကောင်က ထိပ်သီး စားဖိုမှုးတွေချက်တဲ့ ဆိုင်တွေကပဲ တရုတ်စာ စားချင်လွန်းလို့ ငတ်ပြတ်နေတဲ့ ရန်ကုန်သူထေးတွေ သူထေးဟန်ဆောင်တဲ့ဟာတွေကနေ အရုပ်အလတ်အမြတ်မရွေး စားပါစေတော့ဆိုပြီး မှာပေးရှာတာ။

ပြသနာက ဗိုလ်ချုပ်နေဝင်းရဲ့မဆလခေတ်ကာလမို့ ခိုးတဲ့ဟာတွေပေါနေတော့ လေယဉ်ဆိုက်တာနဲ့ ဘဲကင် အကောင် ၆ဝဝဝ မှာရင် ၄ဝဝဝ လောက်က ပါတီကောင်စီတို့ ဘာညာကဟာတွေ ငတ်ပြတ်လို့ စားချင်လွန်းလို့ လေဆိပ်ကနေ ဖြတ်ယူသွားကြ .. ဖြစ်ချင်တော့ တရက်မှာ အဲဒီ မွန်းကိတ်တွေ မှာတဲ့ အခေါက်ကျမှ ဒင်းတို့တွေ စားပြီး ဆီးချိုတွေတက်ကျလို့ ဆေးရုံရောက် ဘာညာဖြစ်မှ ယူကြတာ လျော့သွားတယ်။ အဲဒီခေတ်က အတွင်းဝန်ရုံဆိုတာ ပေါက်စီ၊ အီကြာကွေး၊ တရုတ်ဟင်း အနံ့တွေ သင်းနေလို့ “တရုတ်စားသောက်ဆိုင်” လို့တောင် နာမည်ပြောင်ခေါ်ကြသေးတယ်လို့ လူကြီးတွေ ပြောပြဖူးတယ်။ ဟောင်ကောင်က စားသောက်ဆိုင်တွေကို စကားပြန်နဲ့လွှတ်မှာခိုင်းတာမို့ အဲဒီခေတ်က BAC နဲ့ လိုက်နေကျ တရုတ်တန်းက ဦးလေးကြီး တယောက် အမှတ်တရ သိမ်းထားတဲ့ လက်မှတ်လေးပါ တင်ပေးလိုက်တယ်။

အရင်ခေတ်က ရန်ကုန်က သူထေးအဖိုးကြီး အဖွားကြီးတွေ သူထေးဟန်ဆောင်တဲ့သူတွေ အခုစာကိုဖတ်မိရင် .. ၁၉၆၇ ခုလောက်က တရုတ်အရေးခင်းကြောင့် တရုတ်ဆိုင်တွေ ပိတ်ထားပေမယ့် .. ဟောင်ကောင်ကနေ လာတဲ့ တရုတ်အစားအစာတွေ စစ်စစ်တွေ စားခဲ့ဖူးတဲ့အကြောင်း ပြန်ပြောင်း အောင်းမေ့ဖွယ်အဖြစ် မှတ်မိနေကြမယ် ထင်တာပဲ။ အဲဒီ အဖွားကျေးဇူးတွေက ရန်ကုန်မြို့ကလူတွေတောင် မကင်းဘူးရယ်။

နောက်အားမှ ရသေ့ကြီး ဦးခန္ဒီ လှုရင်း ငွေပြတ်သွားလို့ အဲဒီအဖွားရဲ့ အဖိုးအဖွားတွေဆီ ငွေလာချေးတဲ့အကြောင်း ထပ်ရေးပေးဦးမယ်။

I am just reporting ပါ။

Myo Han Htun

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page