ငွေကုန် လူပန်း စိတ်ဆင်းရဲနေရတဲ့ Q စင်တာတွေနဲ့ Home Q မဖြစ်မနေ ပေးရ‌တော့မယ့် အခြေအနေ

Home Q ပေးလို့ မရဘူးလား

လုံလောက်သော အခန်းအနေအထားရှိတယ် လုံလောက်သော ကျန်းမာရေး..စောင့်ရှောက် မှုပေးနိုင်တယ် လုံလောက်သော ကျန်းမာရေး ဗဟုသူတလည်း ရှိတယိ အရေးအကြောင်းဆို ဆေးရုံကို အမြန်ဆုံး သွားနိုင်မယ် ဆိုရင် Home care လူတိုင်း(လူတိုင်း)ကိုပေးလိူ့ ရနိုင်ပါတယ်။

အိမ်သားတွေကိုလည်း Home Q ပေးလို့ ရရပါမယ် Home Q ထားတဲ့ အိမ်က Contact ကို စစ်ပေးဖို့ ခက်နေလား မခက်ပါဘူး မြို့နယ် တစ်ခု စီက ကိုယ့်မြို့နယ် ကို ချောကားတစ်စီး လမ်းကြောင်းနဲ့ ပတ်လိုက်ပါ Home Q သမားကို ကားခ တစ်ယောက် တစ်သောင်းကောက်လိုက်ပါ။ Home Q သမား က လိုလိုလားလားပေးမှာပါ။

တစ်မြို့နယ် ထဲဆိုတော့ လမ်းကြောင်းလည်း မပိတ်ပါဘူး။ အလွန်ဆုံး အိမ်ကနေ စစ်မယ့်နေရာကို နာရီဝက်အတွင်း ရောက်မှာပါ။ လမ်းပိတ်မှာစိုးရင် လမ်းကြောင်းကား စောစောပတ်ပါ။ အိမ်အနေအထား မကောင်းရင် နေလို့ထိုင်လို့ အဆင်မပြေရင် FQ ပို့ပါ။ HQ ဖြုတ်ပါ။ မြို့နယ် ကျန်းမာရေးတာဝန်ခံ (သို့) တာဝန်ရှိသူ ချပါ

FQ မှာ Worload လျော့သလို ငွေကုန်ကြေးကျလည်း အများကြီးသက်သာလာပါမယ် Contact တွေလည်း သက်တောင့်သက်သာနဲ့ အခက်အခဲ ကိုကျော်ဖြတ် နိုင်မယ် Win Win ပါ အချို့မြို့နယ် တွေလည်း လုပ်နေကြပါတယ်

အချို့မြို့နယ်တွေ မလုပ်ကြပါ… တစ်ကြောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းနေသလို.. ကြီးက. အဆင်မပြေပါ။ မလမ မှာ Home Q စပါပြီ။ မန်းလေး Home Q စပါပြီ။ ရန်ကုန် ကသောင်းကနင်း ဖြစ်နေပါတယ်။ ညှိလိုက်ရမှာပါ။ Home Care Home Q က အဆင်ပြေပါတယ်။ ကိုယ်ဖြစ် ကိုယ်ခံ ပါ။

ငါနဲ့သိရင် အိမ်မှာနေ ဆိုတာမျိုးကြီး ဖြစ်သွားတာက အဆင်မပြေပါ။ နောက်နောင် အောက်ကလူတွေ လုပ်ရကိုင်ရ ခက်ကုန်ပါတယ်။ ပညာတတ်တွေက ငြင်းလာရင် ရှင်းရခက်ပါမယ်။ ပြတ်ပြတ်သားသား HQ HCare ဘက် ရွှေ့သင့်ပါတယ်

Guide line ချပေးလို့ ရပါတယ်။ အိမ်က ကျယ်တယ်။ အခန်းတွေ လည်း ရှိတယ်။ အထပ်လည်း ခွဲထားနိုင်တယ်။ ကျန်းမာရေး ဗဟုသုတလည်း ရှိတယ်။ လိုအပ်ရင် ကုသပေးနိုင်တဲ့ နေရာတွေကို အချိန်အနည်းငယ်အတွင်း public transportation မသုံးပဲနဲ့။ ရောက်အောင်လာနိုင်တယ်။ အဲ့လို လူတွေကို အခြေအနေ မကောင်းတဲ့ facility နဲ့ အန္တရာယ် ဖြစ်စေနိုင်တဲ့ FQ ကို မရမက ဆွဲသွင်းနေတာ မဖြစ်သင့်ဘူးထင်ပါတယ်။

ဘယ်ဟာ ဘယ်လိုကောင်းလဲ သိနေပြီပဲ ပြင်သင့်တာ အမြန်ဆုံး ပြင်နိုင်ရင် ပိုကောင်းတယ် ထင်မိပါတယ် ခမျာ။ ကျနော့်အမြင်သီးသန့်ပါ။ လူကြီးတွေနဲ့ နေရာကွာလို့ Point of View ကွာနိုင်ပါတယ်။

Htet Phyo Aung

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page