စည်ပင်ရိပ်သာမှာ ကျန်ရှိနေတဲ့ အန်နယ်လ်ဒီအမတ်တွေ လွှတ်တော် ခေါ်ပြီ

စည်ပင်ရိပ်သာမှာ ကျန်ရှိနေတဲ့ အန်နယ်လ်ဒီအမတ်တွေ လွှတ်တော် ခေါ်ပြီ

ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဘယ်လို စစ်အာဏာသိမ်းမှုမျိုးကမှ ပယ်ဖျက်လို့ မရတဲ့အတွက်၊ ဒီနေ့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ စည်ပင်ဧည့်ရိပ်သာမှာ မပြန်ဘဲကျန်ရှိနေတဲ့ အန်နယ်လ်ဒီ အမတ် ၇၀ စုပေါင်းပြီး ကိုယ်တိုင်လွှတ်တော်ခေါ်ယူလိုက်ပါတယ်။

လွှတ်တော် ခေါ်ယူတဲ့ အထိမ်းအမှတ်အနေနဲ့ လွှတ်တော်ပထမနေ့မှာ ပြုလုပ်လေ့ရှိတဲ့ “ပြည်သူ့တာဝန်ကို ကျေပွန် အောင် ထမ်းဆောင်မယ်” ဆိုတဲ့ ကတိသစ္စာပြုလွှာတွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုကို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း မင်္ဂလာ‌ တောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၊ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလင်း တို့က ဦးဆောင်စီစဉ်ခဲ့တာဖြစ်ပါတယ်။

အခုချိန်ထိ စည်ပင်ဧည့်ရိပ်သာမှာ မပြန်ဘဲ ကျန်ရှိနေတဲ့ အန်နယ်လ်ဒီ အမတ် ၇၀ ခန့်ရှိပါတယ်။

ကျန်တဲ့အမတ် ၄၀၀ ကျော်ကိုလည်း အွန်လိုင်းကနေ ကျမ်းသစ္စာကျိန်ဆိုတဲ့ ကတိပြုလွှာတွေအတွက် လက်မှတ်တွေကောက်ယူ သွားမယ်လို့ ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page