မျောက်များကို ကားလမ်းပေါ်တွင် အစာမကျွေးရန် လှော်ကားဥယျာဥ် ကြေညာချက်ထုတ်

“ လှော်ကားဥယျာဉ်ရှိ တိရစ္ဆာန်များ၏ အစာအာဟာရ နှင့်ပတ်သက်၍ အပြည့်အဝ တာဝန်ယူမှုဆိုင်ရာ ထုတ်ပြန်ချက်”

ကိုဗစ် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကာလအတွင်း လှော်ကားဥယျာဉ်အား သက်ဆိုင်ရာဌာန၏ စည်းကမ်းချက်များအတိုင်း ခေတ္တယာယီပိတ်ထားပါသည်။ ထိုသို့ ပိတ်ထားစဉ်အတွင်း လှော်ကားဥယျာဉ်၌ မှီတင်းနေထိုင်ကြသော တိရစ္ဆာန်လေးများကို တိဆရာဝန်များရဲ့လမ်းညွှန်ချက်နဲ့ အညီလိုအပ်သောအဟာရအားတွက်ချက်၍ ဥယျာဉ် အုပ်ချုပ်ရေးမှလည်း နေ့စဉ် ပုံမှန် ကျွေးမွေးစောင့်ရှောက်လျှက်ရှိပါသည်။

မကြာသေးမီက မျောက်ကလေးများ လမ်းမပေါ်တက်၍ အစာတောင်းသည့် အကြောင်းအရာများကို ဆိုရှယ်မီဒီယာ စာမျက်နှာများပေါ်တွင် တွေ့ရပါသောကြောင့် မျောက်ကလေးတွေ ချစ်မြတ်နိုးကြသည့် ဧည့်သည် အလှူရှင်များအနေဖြင့် ဥယျာဉ် ခြံစည်းရိုးအပြင်၊ ကားလမ်းမ ပေါ်မှ အစာ ကျွေးခြင်းကိုမပြုလုပ်ဖို့မေတ္တာရပ်ခံအပ်ပါသည်။ ထိုသို့ အစာကျွေးခြင်းသည် မျောက်လေးတွေရဲ့ နေထိုင်မှု သဘာဝ (behaviour) ကိုထိခိုက်လာနိုင်ပြီး ဥယျာဉ်အပြင်သို့ ထွက်ရန် လှုံ့ဆော်ပေးသလို ဖြစ်စေပါသည်။ လှော်ကားဥယျာဉ်သည် သဘာဝဥယျာဉ် ဖြစ်သည့်အလျောက် တိရစ္ဆာန်လေးများ (အထူးသဖြင့် ဉာဏ်ရည်မြင့်မားသော မျောက်လေးများ) သည် လွတ်လပ်စွာ သွားလာရင်း ရံဖန်ရံခါ လမ်းမပေါ် ရောက်ရှိနိုင်ပါသည်။

တိရစ္ဆာန်လေးများအတွက်အစာအာဟာရ လှူဒါန်းလိုသော ဧည့်သည်များ အဆင်ပြေစေရန် လှော်ကားဥယျာဉ် ဝန်ထမ်းများမှ စနစ်တကျ ဥယျာဉ်အတွင်း ကျွေးမွေး နိုင်စေရန် Feeding Program အား စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ လူကိုယ်တိုင်လာရောက်မလှူဒါန်းနိုင်သော အလှူရှင်များအတွက်လည်းစီစဉ်ဆောင်ရွက်ပေးမှုများရှိပါသည်။ လှော်ကားဥယျာဉ်ရှိတိရစ္ဆာန်လေးများအတွက်လှူဒါန်းလိုပါက ၀၉၄၂၃၁၀၄၂၃၁ ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

လှော်ကားဥယျာဉ်ရှိ တိရစ္ဆာန်လေးများအပေါ်စိုးရိမ်ပူပန်ပေးကြသော တိချစ်သူများ အစာအာဟာရအတွက်တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းကူညီပေးကြသူများကိုကျေးဇူးအထူးတင်ရှိပါတယ် သို့ရာတွင်လှော်ကားဥယျာဉ်ရှိတိရစ္ဆာန်များအတွက်ဟူသောခေါင်းစဉ်ဖြင့် အလှူငွေကောက်ခံခြင်းများသည် လှော်ကားဥယျာဉ်နှင့်သက်ဆိုင်မှုမရှိကြောင်း အကြောင်းရာတစ်စုံတရာဖြစ်ခဲ့ပါကလည်းတာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်းအသိပေးအပ်ပါသည်။

Hlawga Park

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page