ကိုဗစ်ကို မကြောက်ကြတော့တဲ့ သူတွေနဲ့ ရှေ့ဆက်သွားရမယ့် ထိန်းသိမ်းရေးဗျူဟာတွေ

ကိုဗစ်ကို မကြောက်ကြတော့တဲ့ သူတွေနဲ့ ရှေ့ဆက်သွားရမယ့် ထိန်းသိမ်းရေးဗျူဟာတွေ

အခုရောက်လာသူအားလုံးဟာ Positive အဖြေထွက်ပြီးသူများဖြစ်ပါတယ် ။ အမျိုးသမီး ၂၇ ဦး၊ အမျိုးသား ၂၇ ဦး စုစုပေါင်း၅၄ယောက်ပါ။

လူငယ်တွေများတဲ့ ပမာဏကတော့ ၈ ရက်နေ့နောက်ပိုင်း ဒုတိယပတ်စလို့ ပုံမှန်အနေအထားထက် ကျော်သွားပါပြီ ။ လျှင်လျှင်မြန်မြန်လုပ်နေတဲ့ SWAB ယူစစ်ဆေးခြင်း ယန္တားကို လက်ရှိထက် လုပ်ခွင့်ဘောင်ကျယ်လာဖို့ ဘာနဲ့ထိန်းကျောင်းမလဲ ။ ပြင်ပပုဂ္ဂလိက ကဏ္ဍကိုခွင့်ပြုပြီး စည်းကြပ်ဥပဒေ အရည်အသွေးသတ်မှတ်ချက် ၊ တာဝန်ယူမှု ၊တာဝန်ခံမှုနဲ့ ထိန်းကျောင်းမလား ။

မေတ္တာရပ်ခံချက်မှသည် စည်းကမ်းဥပဒေဆီသို့ ဆိုတဲ့ အလုပ်ဖြစ်ပြီး ( လူကြိုက်မများ ) တဲ့စနစ် ကို သုံးမလား ။ လူတွေက သုဘရာဇာ မသာမကြောက်တော့တဲ့ ပုံစံကို ဦးတည်လာပါပြီ ။

စိတ်ထဲမှာ ကိုဗစ်ထက် ကြောက်ဖို့ကောင်းတဲ့ မြစ်ပွား နာတစ်မျိုးပေါ်လာတယ် ။ ဥပဒေဆိုတာ ၊စည်းကမ်းဆိုတာ ၊အရေးယူမှုဆိုတာ တကယ်လည်း လုပ်တာမဟုတ်ပါဘူးကွာဆိုတဲ့ အဆင့်ကနေ .. ဒီရေ ၊ဒီမြေမှာနေရတာ အကာအကွယ်ဆိုလို့ ငွေ၊လက်နက်ကလွဲရင် ဘာမှမရှိပါလားဆိုတဲ့ ခံစားသိ မြစ်ပွားနာမျိုးပါ ။

ကာကွယ်ဆေးအားကိုးနဲ့ ပေါ့လျှော့နေသူတွေကို သတိပေးပါရစေ။ ဆောက်ဖြစ်မှကျောင်းတကာဆိုတာကိုအမြဲနှလုံး သွင်းထားပါအုံး ။ ဗိုလ်ချုပ်ပြောတဲ့ လှော်တက်ထောင်တတ်တဲ့လျှော့ စ်တ်ဟာနေရာတိုင်းအတွက်ပါ။

လှိုင်သာယာစင်တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page