သားသမီး (၂၆) ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တဲ့ မြန်မာပြည်က သူရဲကောင်းမိခင်

သားသမီး (၂၆) ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တဲ့ မြန်မာပြည်က သူရဲကောင်းမိခင်

ဒေါ်ခင်မာမြင့်ဆိုသူက သူမရဲ့ ယောကျာ်းနဲ့ အခုလက်ရှိမှာ ကလေး ၂၆ ယောက်ကို ဘယ်လိုပြုစုပျိုးထောင် ခဲ့တယ်ဆိုတဲ့ အကြောင်းကို အောက်မှာ ဆက်လက်ဖော်ပြထားပါတယ်။

လူတွေကတော့ ပြောကျတာပေါ့ ရှင်မွေးလွန်း၊ အလကားနေ ဥနဲ့ ဗိုက်နဲ့မပြတ်ဘူး အဲ့လိုပြောကျတာပေါ့။ တကယ်လဲ မပြတ်ဘူးလေ။ သူတို့ကတော့ စိတ်ပူလို့ ပြောကျတာပေါ့။ ဟုတ်ကဲ့က လွဲပြီး ကျန်တာ မတုန့်ပြန်ပါဘူး။ ကျန်တာတော့ ဘာမှ မတွေးပါဘူး။ အိမ်ထောင်ရယ်လို့ ဖြစ်လာရင် သားသမီးဆိုတာ ရကြမှာပဲ။ အဲ့ဒီ့အပေါ်မှာ စိတ်တူကိုယ်တူ ရှိဖို့ပဲလိုပါတယ်။ အန်တီက သန်လျင်ကနေ ရုံးသွားတော့ ဦးအိမ်ရှေ့ကနေဖြတ်ရတယ်လေ။ အဲ့မှာ အကြောင်းပါတာပါပဲ။

၁၈ နှစ်မွေးနေ့လုပ်ပြီး နောက်နေ့ ၁၈နှစ် ၁ရက်မှာ ဦးနဲ့အိမ်ထောင်ပြုခဲ့တာပါ။ ဦးက ၂၅ နှစ် ၁၀လ၊ အန်တီက ၁၈ နှစ် ၁လမှာ ယူကြတာပေါ့။ ၁၉၇၅ ကနေ ၂၀၀၂ ထိ အန်တီမွေးခဲ့တာပါ။ ယောကျာ်းလေးက ၁၂ယောက် သမီး ၁၄ယောက်ပါ။ အခုလက်ရှိမှာ သက်ရှိတင်ရှား ၁၅ယောက်ရှိပါတယ်။

တစ်နှစ်တစ်ယောက် မွေးခဲ့တာပါ။ အမွှာတောင် မွေးလိုက်သေးတယ်။ ၇၈မှာ မိန်းကလေးအမွှာ၊ ၇၉ မှာ ယောကျာ်လေးအမွှာ။ ဦးကတော့ အဲ့အချိန်က ဝန်ထမ်းလုပ်ပါတယ်။ အန်တီကတော့ ကလေးတွေရလာတော့ ဝန်ထမ်းအလုပ်ကနေ ထွက်ပြီး သူဝါသနာပါတဲ့ အရောင်း အဝယ်လုပ်ကို လုပ်ခဲ့ပါတယ်။ အဲ့ဒီ့ အချိန်အတိုင်းအတာအရတော့ နှစ်ယောက်ရှာတာ ဒီမိသားစုကို ထိန်းသိမ်းနိုင်ပါတယ်။

မချမ်းသာပေမယ့် စားဖို့နေဖို့ ဝတ်ဖို့ ကျောင်းနေဖို့ကတော့ လောက်ပါတယ်။ ၂၀၀၆ လောက်ကစပြီး ရှင်ဆန္ဒာဓိက နဲ့ မိခင်ကလေး အသင်းက ထောက်ပံ့ပေးပါတယ်။ မယ်တော်ကြီးက ဒေါ်လာ၃၀၀၀ရယ်၊ ငွေသိန်း ၃၀ ရယ် ချီးမြှင့်တယ်။ ဦးကတော့ အမျိုးသမီးက တစ်နှစ်တစ်ယောက်မွေးနေကျ နောက်ပြီး OG တွေနဲ့လည်း အပ်ထားပြီးသားဆိုတော့ သိမ့်ပြီး စိုးရိမ်စိတ်မရှိပါဘူး။ ကျန်းမာရေးလေးပဲ ဂရုစိုက်ရတာပါ။

ဦးက အန်တီ့အပေါ်မှာ အရမ်း ကြင်ကြင်နာနာရှိတယ်။ အရမ်းဆိုးတဲ့ ယောကျာ်းမဟုတ်ဘူးလေ။ သူအဲ့လို ဂရုစိုက်တော့ အန်တီမွေးရတာလည်း သက်တောင့်သက်သာရှိတယ်။ မိန်းမအပေါ်မှာရော သားသမီးအပေါ်မှာရော အရမ်း ကြင်ကြင်နာနာရှိတယ်။ တစ်နှစ်ကို ဆယ်တန်းဖြေတဲ့သူက ၂ယောက် ၃ယောက် ၄ယောက်ရှိတယ်။ ဆယ်တန်းမဖြေတဲ့နှစ်ကို မရှိပါဘူး။

တစ်ယောက်ဆိုရင် တောင်မျက်လုံးပြူးနေကျတာလေ။ အန်တီဆိုရင် တစ်ယောက်ထဲဖြေတဲ့နှစ်က ရှားတယ်။ အန်တီယောက်ခမတွေ အမျိုးတွေက အများကြီးရှိတော့ ကလေး ၂ယောက် ၃ယောက်ကို ဝိုင်းထိန်းပေးတော့ အန်တီထိန်းရတယ်လို့ကိုလည်း မရှိခဲ့ပါဘူး။

ခက်ခဲမှုတော့ အထွေအထူး မရှိခဲ့ပါဘူး။ လူကြီးတွေ မရှိတော့လည်း မောင်နှမအကြီးတွေက အငယ်တွေကို ပြန်ထိန်းခဲ့တာပဲလေ။ စိတ်တူကိုယ်တူ မွေးခဲ့ကြတာဆိုတော့ မွေးခဲ့တဲ့ကလေးတွေအပေါ်မှာ ငြိုငြင်တာမရှိခဲ့ပါဘူး။ မွေးတာတော့ ခွဲမွေးတာပဲဖြစ်ဖြစ် ရိုးရိုးမွေးတာပဲဖြစ်ဖြစ် မွေးလာရင် မကျွေးနိုင်မှာ ဆိုတာကြီးကို မတွေးနဲ့ သူ့ကုသိုလ်နဲ့သူ ဖြစ်လာလိမ့်မယ်။

မကြောက်ပါနဲ့။ အန်တီ့သားသမီးတွေလည်း အိမ်ထောင်ကျပြီးရင် ကလေးယူ ရမယ်လို့အန်တီက မှာထားတယ်လို့ ရှင်မွေးလွန်း အန်တီတို့ လင်မယားနှစ်ယောက်က ခုလိုပြောသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page