သူရဲကောင်းတို့ရဲ့ နှုတ်ဆက်ချိန် (အကျအဆုံး များလာတဲ့ ကိုဗစ်တိုက်ပွဲ)
သူရဲကောင်းတို့ရဲ့ နှုတ်ဆက်ချိန် (အကျအဆုံး များလာတဲ့ ကိုဗစ်တိုက်ပွဲ)
ရန်ကုန်ဆေးရုံကြီး မှာတာဝန်ထမ်းဆောင်ရင်း ကိုဗစ် ကူးစက်ခံရလို့ ဖောင်ကြီးသို့ သွားရမယ့် ဆရာဝန်၊ သူနာပြု နှင့် ဝန်ထမ်းတွေ ထွက်ခွာချိန်မှာ လုပ်ဖောက်ကိုင်ဖက်များ၊ ဆေးရုံအုပ်များ၊ လုံခြုံရေးဝန်ထမ်းများမှ လက်ခုပ်တီးပြီး အားပေးနေကြတာပါ။
တခြားဆေးရုံတွေမှာ ဆရာဝန် သူနာပြု လိုအပ်ချက် ရှိလာရင် ရန်ကုန်ဆေးရုံကြီးက သွားကူပေးနေကြပါ။ ခုတော့ သူပါ ဒဏ်ရာ ဒဏ်ချက် များနေပါပြီ။ သူ့လိုပဲ တခြားဆေးရုံကြီးတွေလဲ ဒဏ်ရာရနေပါပြီ။
ကိုဗစ် မဟုတ်တဲ့ တခြားရောဂါဖြစ်နေတဲ့ လူနာတွေကို သနားသောအားဖြင့် အိမ်ထဲမှာ နေကြပါ။
မဖြစ်မနေမှ အပြင်ထွက်ပါ။ နှာခေါင်းစည်း တပ်ပါ။ ခပ်ခွာခွာ နေကြပါ။ လက် ခဏခဏဆေးပါ။ မိမိယုံကြည်ရာအလိုက် ဆုတောင်းကြပါ။
Dr.Aung Thurein