မြန်မာပြည်မှာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိုဗစ်ကိုယ်ခံအား ရရှိမှု နည်းလမ်း

မြန်မာပြည်မှာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိုဗစ်ကိုယ်ခံအား ရရှိမှု နည်းလမ်း

ကိုဗစ်မှာ ရောဂါ ရပ်သွားဖို့ လူဦးရေရဲ့ ၆၀ – ၇၅ % ကူးစက်မှ ဖြစ်မယ်။ ဒါကို Herd-Immunity ရတယ်လို့ ခေါ်တယ်။ လူဦးရေ ၅၄ သန်းမှာ ၆၀ – ၇၅ % ကူးစက်မှ ရပ်မယ့် သဘော။

တကယ်ဖြစ်နေခဲ့တဲ့ စပိန်လို အီတလီလိုက မြို့ကြီးတွေမှာ လူဦးရေ ၁၀% လောက်ပဲ ကူးစက်သေးတယ်။ ဆက်ဖြစ်တုန်း။

ကျနော်တို့ မြန်မာတွေရဲ့ ၃% လောက်ပဲ ကူးစက်ခဲ့ရင် ဘယ်လိုဖြစ်မှာလဲ စိတ်ကူးယဉ်ကြည့်ပါ။ ကူးစက်သူ စုစုပေါင်း ၁၆ သိန်း ပေါ့။ ကူးစက်သူရဲ့ ၁၅% က အောက်ဆီဂျင်လိုမယ်။ စုစုပေါင်း အောက်ဆိဂျင်ပေးရမယ့်သူက ၂၄၃၀၀၀ ယောက်။ ၁၆ သိန်းရဲ့ ၅% ဖြစ်တဲ့ လူနာ ၈၁၀၀၀ ဦးဟာ ICU အသည်းအသန်ဆောင် တက်ကုရမယ်။ ICU ရောက်သူရဲ့ တစ်ဝက် သေတတ်တော့ လူနာ ၄၀၅၀၀ ဥိးသေမယ်။

WHO ကို ပို့ထားတဲ့ မြန်မာ Data အရ လူဦးရေ 54,808,276၊ ဆရာဝန် = 37,021၊ သူနာပြု = 36,598၊ ကုတင်အရေအတွက် = 49,327 (၅ သောင်းလောက်)၊ လူဦးရေ ၁၀၀၀ မှာ ကုတင်လုံးရေ 0.9 လုံး၊ ICU ကုတင်က ၂.၃၈% ဆိုတော့ ၁၁၇၃.၉၈ ကုတင်က ICU (တက်မယ့်လူနာက ၈၁၀၀ဝ ဦး)

Herd Immunity က ကာကွယ်ဆေး မထိုးဘဲ မဖြစ်နိုင်ဘူး။ လူတွေရဲ့ အသက်အများကြီးကို ကျွဲနွားတွေလို စတေးဖြစ်ဖို့ မဖြစ်ဘူးလေ။

Maung Maung Oo

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page