နှစ်ပေါင်း (၇၀) အတွင်း အပြင်းထန်ဆုံး မုန်တိုင်း ဟိုင်းရှန် ဂျပန်ကို ဝင်တော့မည်

နှစ်ပေါင်း (၇၀) အတွင်း အပြင်းထန်ဆုံး မုန်တိုင်း ဟိုင်းရှန် ဂျပန်ကို ဝင်တော့မည်

တိုင်ဖုန်းမုန်တိုင်း ( Haishen ) သောကြာနေ့မှာ ဂျပန်တောင်ပိုင်းကို ချဉ်းကပ်လာနေပြီး မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ဂျပန်နိုင်ငံ ကျူးရှုးကျွန်းကနေ ကုန်းတွင်းပိုင်းဘက်ဆီကို တနာရီကို မိုင် ၂၀၀ကျော်နှုန်းနဲ့ ဖြတ်သန်းဝင်ရောက် တိုက်ခတ် လာမှာဖြစ်တယ် လို့ မြန်မာသံရုံးက သတိပေးပါတယ်။

အထူးသဖြင့် အိုကီနာဝါကျွန်း၊ အားမားမိကျွန်း၊ ကျူရှုးကျွန်း နဲ့ ဂျပန်နိုင်ငံ အလယ်ပိုင်းမှာနေထိုင်တဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ လိုအပ်တဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအစီမံတွေကြိုတင်ဆောင်ရွက်ထားကြပါလို့အထူးသတိပေးနိုးဆော်နေတာပါ။

ဂျပန်နိုင်ငံမှာ နှစ်စဉ် ဒီအချိန်ဆို အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းတွေ တိုက်ခတ်လေ့ရှိပေမဲ့ ဒီတခါ တိုက်ခတ်မယ့်မုန်တိုင်းကတော့ နှစ်ပေါင်း၇၀အတွင်း အပြင်းထန်ဆုံး လို့ဆိုရမယ့် အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းဖြစ်တာကြောင့် သဘာဝဘေးအန္တရာယ်က ကာကွယ်နိုင်ရေး ဂျပန်ရောက် မြန်မာနိုင်ငံသားတွေကြိုတင်ပြင်ဆင်နေကြပါတယ်လို့ ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်း (ဂျပန်)က ဦးသန်းဆွေက ပြောပြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page