မျိုးဆက် (၅) ဆက်တိတိ တကိုယ်လုံးအနှံ့ အမွှေးတွေ ဖုံးလွှမ်းနေတဲ့ ထူးဆန်းတဲ့ မိသားစုကြီး

မျိုးဆက် (၅) ဆက်တိတိ တကိုယ်လုံးအနှံ့ အမွှေးတွေ ဖုံးလွှမ်းနေတဲ့ ထူးဆန်းတဲ့ မိသားစုကြီး

ကမ္ဘာပေါ်မှာ ထူးထူးခြားခြားပုံစံမျိုးနဲ့ မွေးဖွားလာတဲ့လူတွေဆိုတာ အများကြီးပါပဲ။ ဒါပေမယ့် ဒီတစ်ခုကတော့ ဒါတွေထက်ပိုပြီးထူးဆန်းပါတယ်။ ဘာလို့လဲဆိုတော့ ဒီတစ်ခုက ဆွေစဉ်မျိုးဆက် ဆိုသလို မွေးကတည်းကထူးဆန်းစွာ ခန္တာကိုယ်တစ်ခုလုံးအမွှေးအမျှင်တွေအပြည့်နဲ့ မွေးဖွားလာတဲ့ မိသားစုတစ်စုဖြစ်လို့ပါပဲ။ သူတို့ရဲ့အမွှေးအမျှင်တွေဟာ ကြောက်စရာကောင်းလောက်အောင် မျက်နှာထိပါ တက်ပြီးပေါက်နေပါသတဲ့။

သူတို့မိသားစုကိုတော့ ရမ်မို့စ် ဂွန်းမက်ဇ် လို့ခေါ်ပြီး မက္ကစီကိုနိုင်ငံသား လူထူးဆန်းတွေပဲဖြစ်ကြပါတယ်။ မိသားစုဝင် ၁၉ ယောက်ရှိပြီး ဒီလိုမျိုး မျောက်ဝံတွေလို မျက်နှာမှာ အမွှေးတွေပေါက်ခဲ့တာကတော့ မျိုးဆက် (၅) ဆက်လောက်ကို ရှိနေပါပြီဗျာ။

ဒီ(၁၉)ယောက်သော Gomez မိသားစုဝင်တွေထဲမှာ ဗစ်တာလာရီ၊ ဂတ်ဗရီယယ် ဒန်နီ၊ လူရီဆာ လေလာနဲ့ ဂျိစ့်မန်နူရယ်တို့ လေးယောက်ကတော့ ထူးထူးခြားခြားနဲ့ အမွှေးအမျှင်တွေ ကြောက်စရာကောင်းလောက်အောင် ပေါက်နေကြသူတွေပဲ ဖြစ်ပါတယ်။

သူတို့တွေ လူကြားထဲသွားတဲ့အခါမှာ မျက်နှာက အမွှေးတွေကို ရိတ်တဲ့အခါရိတ် ဖုံးတဲ့အခါဖုံးပြီး အမြဲလိုလိုအင်္ကျီ လက်ရှည်ကြီးတွေကိုသာ ဝတ်ဆင်ပြီး သွားရပါတယ်။ မိသားစုထဲက လာရီနဲ့ ဒန်နီကတော့ မက္ကဆီကန် အမျိုးသားဆက်ကပ်အဖွဲ့မှာ အလုပ်လုပ်လျက်ရှိတယ်လို့ ဆိုပါတယ်။

ဒီလိုမျိုးရိုးလိုက်ပြီး CGH( congenital generalized hypertrichosis ) ဖြစ်တာနဲ့ ပတ်သတ်ပြီးတော့ သိပ္ပံပညာရှင်တွေဖြေရှင်းချက်အရ X ခရိုမိုဇုန်းရဲ့ အမှတ်အသားတွေ ရှုပ်ထွေးစွာ ချိတ်ဆက်ထားမှုကြောင့် ဖြစ်ရတာလို့ ဆိုထားပါတယ်။ နောင်သားစဉ်မြေးဆက်လည်း ဒီလိုတွေ ဆက်ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့လည်း ဆိုထားပါတယ် ပရိတ်သတ်ကြီးရေ…

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page