အွန်လိုင်းပေါ်မှာ လူပြောများနေတဲ့ တောင်ဥက္ကလာဂေါက်ကွင်းရှေ့က ပျံကျစျေးတန်းကို ရှင်းလိုက်ပြီ

အွန်လိုင်းပေါ်မှာ လူပြောများနေတဲ့ တောင်ဥက္ကလာဂေါက်ကွင်းရှေ့က ပျံကျစျေးတန်းကို ရှင်းလိုက်ပြီ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်ကာလ လူစုလူဝေးဖြစ်စေမယ့် လမ်းဘေးစျေး၊ ပျံကျစျေးတန်းတွေနဲ့ ပန်းခြံတချို့ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သတိပေး ပိတ်ပင်မှုတွေ ပြုလုပ်ဆောင်ရွက်နေပါတယ်။

လက်တလောမှာ လူပြောများနေတဲ့ ဥက္ကလာဂေါက်ကွင်းရှေ့က စျေးတန်းကို ဒီဇင်ဘာ ၉ ရက် ညနေပိုင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက သွားရောက်တားမြစ်ခဲ့ပြီး စျေးရောင်းချခွင့် မရှိတဲ့နေရာအဖြစ် သတိပေးဆိုင်းဘုတ် စိုက်ထူခဲ့ပါတယ်။

အဆိုပါ ဂန္ဓမာလမ်းအတွင်းမှာ ယခင်က နီးစပ်ရာ မြို့နယ်တွေမှ ပြည်သူတွေက ကားတွေနဲ့ လာရောက်အပန်းဖြေ အနားယူကြပြီး ယခုနောက်ပိုင်း စျေးရောင်းချသူတွေ ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

ဒီစျေးတန်းတည်ရှိနေမှုဟာ ရက်ပိုင်းမျှသာရှိသေးပြီး စျေးရောင်းချရာမှာ ယာယီဆိုင်ခန်းဖွင့်ရောင်းခြင်း၊ လှည်းများဖြင့်ရောင်းချခြင်းရှိသလို ကားပေါ်မှရောင်းချတာမျိုးတွေလည်းရှိပါတယ်။

စျေးရောင်းချသူတွေရဲ့ တင်ပြချက်ကြောင့် ဒီဇင်ဘာ ၉ ရက်ကို နောက်ဆုံးနေ့အဖြစ် ရောင်းချခွင့် ပြုခဲ့တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတွေက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page