ကိုဗစ်ကို ရင်ဆိုင်ယှဥ်ပြိုင် အနိုင်ယူခဲ့တဲ့ ဂျာမနီရဲ့ ပွဲတွေ့နည်းဗျူဟာ
ကိုဗစ်ကို ရင်ဆိုင်ယှဥ်ပြိုင် အနိုင်ယူခဲ့တဲ့ ဂျာမနီရဲ့ ပွဲတွေ့နည်းဗျူဟာ
ကိုဗစ်ပိုးတွေ့လူနာတွေ ကို အိမ်မှာနေခိုင်းလို့ (self isolation at home) ကြောင့် အသေအပျောက်များလို့ ပိုးတွေ့ +အားလုံးကို ဆေးရုံမှာ ထားပြီးထိန်းချုပ်ရမယ်ဆိုတဲ့ အယူအဆ ကို ဆန်းစစ်ကြည့်ရအောင်..
ဗြိတိန် နဲ့ ဂျာမနီမှာ ကိုဗစ် ဖြစ်ပွါးမှုနဲ့ သေဆုံးမှုကို နှိုင်းယှဉ်ကြည့်ရအောင်..
၂ နိုင်ငံလုံးဟာ ဥရောပမှာ အချမ်းသာဆုံး ဆေးပညာ မြင့်မားတဲ့နိုင်ငံတွေပါ။ ဂျာမနီ က ပိုချမ်းသာတယ်။ စက်မှု ပိုထွန်းကားတယ်။ ဗြိတိန် က စီးပွါးရေး ဝန်ဆောင်မှု ဘဏ်လုပ်ငန်း အာမခံလုပ်ငန်းတွေကို အဓိကထားတယ်။
ကိုဗစ်စဖြစ်တဲ့ အချိန်က အီတလီပြီးမှ ဖြစ်ကြတာ။ ဗြိတိန်က ၄ သိန်း ခွဲလောက် ပိုးတွေ့လူနာတွေ့ပြီး လူနာ ၄ သောင်းကျော် သေပါတယ်။ ဒါပေမဲ့ ဂျာမနီကတော့ ပိုးတွေ့လူနာ ၃ သိန်းအောက်တွေ့ပြီး လူနာ တသောင်း အောက်ဘဲ သေပါတယ်။
သူတို့ ၂ နိုင်ငံစလုံးမှာ ပိုးတွေ့လူနာတိုင်းကို ဆေးရုံမတင်ပါဘူး။ ကမ္ဘာမှာ နိုင်ငံအများစုက မတင်နိုင်ပါဘူး။ အပိုမလုပ်ပါဘူး။ လိုတာဘဲမနည်းလုပ်ပေးရပါတယ်။ ဆေးရုံတင်ပြီးကုသဖို့ လိုတဲ့လူနာသာတင်ပါတယ်။ ပိုးတွေ့လူနာအများစု ဟာ ၂ နိုင်ငံစလုံးမှာ ကိုယ့်အိမ်မှာ ကိုယ်နေကြရတာပါ။ ဒါဆိုရင် အိမ်မှာ နေရင်ပိုဖြစ်တယ် ပိုသေတယ်ဆိုတာ အခြေအမြစ် မရှိတာ သိသာပါတယ်။
ဒါဆို ဗြိတိန်မှာ ဘာလို့ ပိုဖြစ်ပြီး ပိုသေသလဲ?
(၁) စဖြစ်ဖြစ်ချင်းမှာ swab မစစ်ပါဘူး။ မစစ်နိုင်လို့ပါ။ ဗြိတိန်ဆေးရုံအများစုဟာ ဓါတ်ခွဲခန်းတွေ ကို လျော့ချပြီး centralise လုပ် ဘတ်ဂျက်လျော့ခဲ့တာ အနှစ် ၂၀ နီးပါးရှိပါပြီ။ စဖြစ်တဲ့အချိန်မှာ တနိုင်ငံလုံး တနေ့ကို ၄၀၀၀ သာ စစ်နိုင်ပါတယ်။ ရောဂါလက္ခဏာရှိတဲ့ သံသယလူနာတွေကို မစစ်နိုင်ဘဲ အိမ်မှာဘဲနေခိုင်းပါတယ်။
(၂) အစ ပိုင်းမှာ containment ကို ကောင်းကောင်းမလုပ်ခဲ့ပါဘူး။ (၃) PPE အလုံအလောက်မရှိပါဘူး။
(၄) အစပိုင်း ပေါ်လစီက herd immunity ဆိုတဲ့ လူတိုငိးဖြစ်ပြီး ကိုယ်ခံအားရအောင်ယူမယ်ဆိုစခဲ့တာပါ။
(၅) ဒီလို ပေါ်လစီအမှားနဲ့စခဲ့ ပြီး PPE လည်းမရှိ စစ်လည်းမစစ်နိုင်တဲ့အတွက် လူတွေအများကြီးကူးစက် တာကနေ လူအိုရုံတွေ လူကြီးပိုင်းတွေပါကူးစက်လို့ အသေအပျောက်များတာပါ။
ဂျာမနီ က ဘယ်လိုရင်ဆိုင်ခဲ့သလဲ?
ဂျာမနီ မှာ ရောဂါကို စပြီးသယ်လာတဲ့ သူတွေဟာ နှင်းလျှောစီးအားလပ်ရက် ကပြန်လာတဲ့ လူငယ်ပိုင်းလို့ ဆိုပါတယ်။ အဓိက ကတော့ ဂျာမနီ ဟာ သိပ္ပံပညာ စက်မှုပညာ သိပ်ထွန်းကားတယ်။ Test စစ်နိုင်တယ် စဖြစ်ကတည်းက တနေ့ကို သိန်းနဲ့ ချီစစ်ပေးနိုင်တယ်။ ဖြစ်တဲ့လူငယ်ပိုင်းကို မြန်မြန်စစ်ပြီး မြန်မြန် home isolation လုပ်နိုင်ခဲ့လို့ နာတာရှည်ရောဂါသည်တွေ အသက်ကြီးတဲ့ လူတွေနဲ့ ခွဲခြားပြီး ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဖတ်ရပါတယ်။
ICU capacity ကလည်း ဂျာမနီ ကအများကြီး ပိုများပါတယ်။ အသက်ရှူစက်အများစုဟာ ဂျာမနီ ကဝယ်ရတာပါ။ ဒါ့ကြောင့်မို့ အိမ်မှာသီးသန့်နေ ခြင်း Home Q/ home isolation ကြောင့် လူနာတွေပိုကူးတယ် လူနာတွေပိုသေတယ်ဆိုတဲ့ အယူအဆ ဟာ မမှန်ပါဘူး။
အရေးကြီးတဲ့ အကြောင်းအချက်တွေအားလုံး ကွင်းဆက်မိဖို့လိုပါတယ်။ ကိုယ့်မှာရှိတာနဲ့ အကောင်းဆုံးဖြစ်အောင် အသုံးချနိုင်ဖို့လိုပါတယ်။ မှားယွင်းတဲ့ အယူအဆ ကောက်ချက်ချမှု ပေါ်မှာ တတိုင်းလုံးက ငွေအား လူအား တွေကို ရင်းနှီးပြီး ဒုက္ခရောက်နေကြတာ မမြင်ရက်ပါ။
ကျနော်တို့ တိုင်းပြည်ရဲ့ ခေါင်းဆောင်ကောင်းကို အစွန်းမရောက် မျှတတဲ့ ပညာရှင်ဆန်ဆန် အကြံဥာဏ်တွေပေးဖို့ အချိန်မနှောင်းသေးပါဘူး။
Dr. Aung Aung Lwin (England)