လေယာဉ်ပျံထက် နှစ်ဆပိုမြန်တဲ့ လျှပ်စစ်သံလိုက်ရထားကို တရုတ်က တီထွင်လိုက်ပါပြီ

“Hyperloop လေဟာနယ်သွား လျှပ်စစ်သံလိုက်ရထား”

ကမ္ဘာ့ပထမဆုံး လေဟာနယ်သွား လျှပ်စစ်သံလိုက်ရထားကို တရုတ်အင်ဂျင်နီယာတွေက ထွင်လိုက်ကြပြန်ပါတယ်။ ဒီရထားရဲ့ မူလစိတ်ကူးစိတ်သန်းဟာ အီလွန်မတ်ဖြစ်ပေမယ့် လက်တွေ့အကောင်အထည်ဖော်ပြလိုက်တာက တရုတ်ပြည်ဖြစ်လာပါတယ်။ ရှန်ဟိုင်းနဲ့ အခြားမြို့တမြို့အကြား မကြာခင်နှစ်များအတွင်း ပြေးဆွဲမယ့် ဒီတရုတ်သံလိုက်ရထားဟာ တစ်နာရီကို ၁၀၀၀ ကီလိုမီတာအထိ မောင်းနှင်နိုင်ပါသတဲ့။

သာမန်ဂျက်လေယာဥ်တွေတောင်မှ တစ်နာရီ ၅၀၀ ကီလိုမီတာနှုန်းလောက်ပဲ သွားကြတာမို့ ဒီလျှပ်စစ်သံလိုက်ရထားက လေယာဥ်တွေထက်တောင် ပိုမြန်နေတဲ့သဘောပါပဲ။ နည်းပညာတွေရဲ့ဖြစ်တန်စွမ်းဟာ အံ့သြစရာသိပ်ကောင်းလှပါတယ်။

(Francis Zin)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page