ရန်သူတွေအတွက် လောင်စာအပြည့်ဖြည့်ထားတဲ့ ဒုံးကျည်ရာပေါင်းများစွာ အသင့်ရှိကြောင်း အီရန် ထုတ်ပြ
ကွန်ဂရစ်အလွှာ ငါးလွှာရဲ့ အောက်မှာ ဒုံးကျည်ရာပေါင်းများစွာနဲ့ လောင်စာအပြည့်ဖြည့် ရော့ကက်တွေ ရှိနေတဲ့ အီရန်ရဲ့ မြေအောက် ဒုံးကျည်မြို့တော်ရဲ့ ဓာတ်ပုံတွေကို အီရန်သတင်းဌာနက ထုတ်ဖော်ပြသလိုက်ပါတယ်။
အီရန်ရဲ့ ဒုံးကျည်စခန်းတွေဟာ နိုင်ငံအနှံ့အပြားမှာ ရှိနေပြီး တောင်တွေရဲ့အောက် ပေ ၁၆၄၀ အောက်က ဘန်ကာတွေမှာ ထားရှိထားကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ပေါင်းစုမှ လေတပ်တပ်မှူး အလီဟာဂျီဇာဒက်က အတည်ပြုပြောပါတယ်။ပြီးခဲ့တဲ့ ခြောက်နှစ်အကြာကလည်း တော်လှန်ရေးအစောင့်တပ်ဟာ မြေအောက်ဒုံးကျည်မြို့တော် သုံးမြို့ တည်ဆောက်နေတယ်လို့ ပြောရင်း ရော့ကက်နဲ့ တာလတ်ပစ်ပဲ့ထိန်းဒုံးတွေ အသွင်းအထုတ် လုပ်ရာ ဥမင်တွေကို ပြသခဲ့ဖူးပါတယ်။
တော်လှန်ရေးအစောင့်တပ်ရဲ့ ထိပ်တန်းတပ်မှူး ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလီမာနီကို အမေရိကန်က လုပ်ကြံသတ်ဖြတ်လိုက်တာကြောင့် အဲ့ဒီအချိန်ကစပြီ အမေရိကန်နဲ့ အီရန်အကြား တင်းမာမှုတွေ မြင့်တက်နေပြီး နောက်ထပ်တင်းမာမှုတစ်ရပ်ဟာ အရှေ့အလယ်ပိုင်းဒေသကို စစ်ပွဲအတွင်း ဆွဲချသွားလိမ့်မယ်လို့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
အမေရိကန်စစ်စခန်းကို ပဲ့ထိန်းဒုံးကျည်တိုက်ခိုက်အပြီးမှာ အီရန်ဗိုလ်ချုပ်ကြီးတွေက အမေရိကန်စစ်စခန်းအားလုံးကို ဆူနာမီနဲ့ တိုက်စားဖြိုဖျက်ပစ်မယ်လို့ သတိပေးလိုက်ပါတယ်။
မောင်သံဆင့်