ကိုဗစ်လူနာ ၁၀၀၀ ထားရှိနိုင်မယ့် သာကေတ Fortune ကိုဗစ်စင်တာ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီ
ကိုဗစ်လူနာ ၁၀၀၀ ထားရှိနိုင်မယ့် သာကေတ Fortune ကိုဗစ်စင်တာ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီ
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်မှာ ရှိတဲ့ Fortune Plaza Expo ခန်းမကို ကိုဗစ်လူနာတွေ ထားရှိနိုင်မယ့် ကုတင် ၁၀၀၀ ဆံ့ ယာယီဆေးရုံအဖြစ် အသုံးပြုမှာဖြစ်ပြီး Fortune ကိုဗစ်စင်တာဟာ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီလို့ We Love Yagon အဖွဲ့ကပြောပါတယ်။
ယာယီဆေးရုံအဖြစ် အသုံးပြုနိုင်ဖို့အတွက် Excellent Fortune Development Group ဥက္ကဌ ဖြစ်သူ ဦးစိုင်းမျိုးဝင်းက ထောက်ပံ့လှူဒါန်းတာ ဖြစ်ပါတယ်။
ယာယီဆေးရုံမှာ ပါရှိတဲ့ လိုအပ်တဲ့ ဆေးကိရိယာတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို We love Yangon အဖွဲ့ထံ နိုင်ငံအနှံ့က အလှူရှင်တွေက လှူဒါန်းခဲ့တာပါ။
အဆိုပါ ယာယီဆေးရုံမှာ စောင့်ကြည့်ပေးနိုင်မယ့် CCTV ကင်မရာ အလုံး ၅၀ နဲ့ ဆရာ၀န်၊ သူနာပြု၊ ပရဟိတ လုပ်အားပေး စုစုပေါင်း အင်အား ၁၀၀ ခန့်နဲ့ ကြပ်မတ်ကုသသွားမယ်လို့ သိရပါတယ်။
လာမယ့် ရက်ပိုင်းအတွင်း ပြီးစီးမှာ ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနာကို လွှဲပြောင်း အပ်နှံသွားမယ်လို့ သိရပါတယ်။