ဂျပန်နိုင်ငံမှ ကုမ္ပဏီတစ်ခုက ပျံသန်းနိုင်သည့်ကားကို အောင်မြင်စွာ စမ်းသပ်မောင်းနှင်ပြသ

ဂျပန်နိုင်ငံမှ ကုမ္ပဏီတစ်ခုက ပျံသန်းနိုင်သည့်ကားကို အောင်မြင်စွာ စမ်းသပ်မောင်းနှင်ပြသ…

ပျံသန်းနိုင်သည့်ကားကို ဂျပန်ကုမ္ပဏီတစ်ခုက အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီဟု ထုတ်ပြန်ကြေညာခဲ့သည်။ Sky Drive Inc ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ပျံသန်းနိုင်သည့်ကားကို သြဂုတ်လ ၂၅ ရက်နေ့က လူအများရှေ့တွင် တိုယိုတာစမ်းသပ်မောင်းနှင်ကွင်းအတွင်း စမ်းသပ် မောင်းနှင်ပြခဲ့ကြောင်း ဆိုသည်။

SD-03 ဟု အမည်ပေးထားသော အဆိုပါ မော်တော်ယာဉ်ကို ယာဉ်မောင်းတစ်ဦးက ၄ မိနစ်ကြာ ပျံသန်းမောင်းနှင်ပြခဲ့သည်။

အဆိုပါယာဉ်သည် လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ်ဖြစ်ပြီး အရေးပေါ်အခြေအနေဖြစ်လာပါက လုံခြုံမှုရှိစေရန် မော်တာ ၈ လုံးအထိ တပ်ဆင်ထားသည်ဟု သိရသည်။

ဆက်လက်ပြီး လူအများ သက်သောင့်သက်သာနှင့် လုံခြုံစိတ်ချစွာ မောင်းနှင်နိုင်ရန်အတွက် စမ်းသပ်စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်မည်ဖြစ်ကာ ၂၀၂၃ ခုနှစ်တွင် ဈေးကွက်ထဲ စတင်ဖြန့်ချိနိုင်ရန် မျှော်လင့်ထားကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

Sky Drive

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page