လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း (၁၀၀) ကျော်က ပန်းပွင့်ကို မြန်မာပယင်းကျောက်ထဲတွင် အကောင်းတိုင်းတွေ့ရှိခဲ့

အော်ရီဂွန်ပြည်နယ် တက္ကသိုလ်မှ ပညာရှင်များသည် နှစ် သန်း ၁၄၆ သန်းမှ ၆၄ သန်းကြားတွင် ရှိသည့် Cretaceous ခေတ်ကာလ (လွန်ခဲ့သော နှစ်သန်းပေါင်း ၁၄၅.၅ သန်းနှင့် ၆၅.၅ သန်း) က ပန်းမျိုးတစ်မျိုး၏ အဖိုပွင့်တစ်ခုကို မြန်မာပယင်းကျောက်အတွင်း တွေ့ရှိခဲ့ပါတယ်။

နေရောင်ကြိုက်သော ယင်း အဖိုပွင့်ကို ပယင်းကျောက်အတွင်း အေးခဲစွာ ရှိနေသည်ကို တွေ့ရှိခြင်း ဖြစ်၍ အံ့ဖွယ်တစ်ပါးပဲ ဖြစ်ပါတယ်။

“ဒါဟာ ခရစ္စမတ် ပန်းတော့မဟုတ်ပေမယ့် အလှတစ်ပါးပဲ။ အထူးသဖြင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်က ရှိခဲ့တဲ့ သစ်တောရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာကို စဉ်းစားမိရင်ပေါ့။”ဟု ယင်းတက္ကသိုလ် သိပ္ပံဌာနမှ ဂုဏ်ထူးဆောင် ပါမောက္ခဂျော့ပွိုင်နာက ပြောပါတယ်။

အဆိုပါ အဖိုပွင့် တွေ့ရှိမှုကို Botanical Research Institute of Texas ဂျာနယ်တွင် ပုံနှိပ်ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။

“အခု အဖိုပွင့်ဟာ အရမ်းသေးပါတယ်၊ ၂ မီလီမီတာလောက်ပဲ ရှည်တယ်။ ဒါပေမယ် နွယ်လိမ်နွယ်ရစ်ပုံမျိုး ဝတ်ဆံဖို ၅၀ လောက် ရှိနေတာ ဖြစ်တယ်။ ပန်းဝတ်မှုန်အိမ်ကလည်း နေကို မျက်နှာမူထားတယ်။”ဟု ပယင်းကျောက်များအတွင်းက သစ်ပင်ပန်းပင်များနှင့် သက်ရှိများ၏ ဇီဝဓာတ်ကို အသုံးချပြီး ဇီဝဗေဒနှင့် အတိတ် ဂေဟစနစ်ကို လေ့လာသည့် နိုင်ငံတကာပညာရှင် ပွိုင်နာက ဆိုပါတယ်။

အဆိုပါ တွေ့ရှိရသော အဖိုမျိုးစေ့ပန်းတွင် ဝတ်ဆံထုတ်လုပ်ပေးရာ ခေါင်းဖြစ်သည့် ပန်းဝတ်မှုန်အိမ်ပါ ရိုးတံသည်လည်း ပန်းနှင့် တစ်ပါတည်း ရှိနေပါတယ်။

“သိပ်သေးငယ်တယ်ဆိုပေမယ့်လည်း အသေးစိတ်တွေက မပျက်မယွင်းကြွင်းကျန်နေတာကတော့ အံ့သြစရာပါပဲဗျာ။” ဟု ပွိုင်နာက ဆိုပါတယ်။ “ကျွန်တော်တို့ တွေ့ရှိတဲ့ ဒီမျိုးဟာ အပင်ပေါ်က အစုအဝေးရဲ့တစ်စိတ်တဒေသဖြစ်နိုင်ပြီး ဆင်တူပန်းအများကြီးပါဝင်နိုင်တယ်၊ ဖြစ်နိုင်ချေတစ်ချို့ကတော့ အမပွင့်တွေပေါ့”

ရှာဖွေတွေ့ရှိမှုသစ်တွင် ဥပုံသဏ္ဍာန်ရှိသော အခေါင်းပေါက်ပါ ပန်းခွက်ပုံဖြစ်ပြီး ဝတ်ဆံဖို ထွက်ရှိသည့် အခန်းအကန့်လည်းရှိပါတယ်။ ပန်း၏ အပြင်လွှာတွင် ပွင့်ဖတ်ပုံ ခြောက်ခုပါရှိကာ ဝတ်ဆုံအိမ် နှစ်ခုပါရှိပါတယ်။

အဆိုပါ ပန်းအား Valviloculus pleristaminis ဟု အမည်ပေးထားပြီး Valva ဆိုသည်မှာ လက်တင်နာမည်အားဖြင့် ဘောင်ကွပ်တံခါးပေါ်မှ သစ်ရွက်ဆိုသည့် အဓိပ္ပာယ်ဆောင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page