တရက်လျှင် ကျေးရွာ (၁၀) ရွာနှုန်း လျှပ်စစ်မီး ရရှိနေဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

တရက်လျှင် ကျေးရွာ (၁၀) ရွာနှုန်း လျှပ်စစ်မီး ရရှိနေဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာများတစ်ရက်လျှင် (၁၀)ရွာနှုန်းခန့်ဖြင့် ပြီးစီးကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောလိုက်ပါတယ်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်း မြေအောက်ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာတွင် ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာများမှာ တစ်ရက်လျှင် (၁၀)ရွာနှုန်းခန့်ဖြင့် ပြီးစီးလျက်ရှိနေသဖြင့် မိမိတို့၏ရည်မှန်းချက် ဖြစ်သော ၂၀၂၀-၂၀၂၁ ခုနှစ်တွင် Electrification Ratio ၅၅ % သည် ယခုအခါ ကျော်လွန်ကာ ၅၆.၆၈ % ခန့်ရောက်ရှိနေပြီဖြစ်သောကြောင့် အဆိုပါကျေးရွာများအား လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများအတိုင်း ထုတ်လုပ်ရန် နှင့် ဓာတ်အားထုတ်လုပ်သည့် စက်ရုံများမှ National Control Centre (NCC) ၏ ကွပ်ကဲမှုအတိုင်း ထိန်းညှိမောင်းနှင်ကြရန် လိုအပ်ကြောင်း” ဝန်ကြီးက ပြောပါတယ်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ အိမ်သုံး အမျိုးအစား ဓာတ်အားသုံးစွဲမှုကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ ဒီဇင်ဘာလ အထိ ယူနစ်(၁၅၀)အတွက် ငွေကျပ် ၁၁,၅၅၀ နှင့် မီတာဝန်ဆောင်ခကိုလည်း ကင်းလွတ်ခွင့် အခမဲ့ခံစားခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ယခင် ၂၀၁၆ ခုနှစ်တွင် အရင်းအမြစ် ပေါင်းစုံမှ နေ့စဉ် ၄၈၀၀၀ မဂ္ဂါဝပ်နာရီ ထုတ်ပေးရာ ယခုအခါ နေ့စဉ် ၆၅၀၀၀ မဂ္ဂါဝပ်နာရီခန့် ဓာတ်အားစနစ်သို့ တိုးတက်ထုတ်လုပ်ပေးလျက်ရှိပြီး၊ ထိုသို့ ထုတ်လုပ်ပေးလျက်ရှိရာတွင် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ(၂၈)ရုံမှ စက်တပ်ဆင် အင်အား ၃၂၂၅ မဂ္ဂါဝပ်ဖြင့် နေ့စဉ်ပျမ်းမျှ ၂၆၀၀ မဂ္ဂါဝပ်နာရီ (၃၆%)ခန့် ထုတ်လုပ် ပေးလျက်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page