လူသိပ်မသိသေးတဲ့ ဂျူဒါအီစီကယ်လမ်း Judah Ezekiel road (ယခု သိမ်ဖြူလမ်း)
လူသိပ်မသိသေးတဲ့ ဂျူဒါအီစီကယ်လမ်း Judah Ezekiel road (ယခု သိမ်ဖြူလမ်း) အကြောင်း..
ဆရာကြီးမင်းသိင်္ခစာအုပ်တွေမှာ မကြာခနပါလေ့ရှိတဲ့ ဂျူဒါအီစီကယ်လမ်းက ဂျူဒါအီစီကယ်ဆိုတာ ဘယ်သူလဲ?
၁၈၅၀ ဝန်းကျင်ကဂျူးလူမျိုး ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Judah နဲ့ Abraham Ezekiel တို့နှစ်ဦးဟာ မိသားစုနဲ့အီရတ်နိုင်ငံကနေ ရတနာပုံ (ယခု မန္တလေး) ကို စီးပွားရေးအတွက် ပြောင်းရွေ့ခဲ့ကြတယ်။ သူတို့ဟာ မင်းတုန်းမင်းရဲ့နန်းတော်မှာ တယောက်က bookkeeper တယောက်က accountant အဖြစ် အမှုထမ်းခဲ့ကြတယ်။
၁၈၇၈ သီပေါမင်းနန်းတက်တဲ့အခါမှာတော့ သူတို့နှစ်ယောက် ရန်ကုန်ကို ပြောင်းရွေ့ခဲ့ကြတယ်။ ညီအစ်ကိုနှစ်ဦး မိသားစုအရေးအငြင်းပွားမှုတွေဖြစ်ပြီး Abraham Ezekiel က ပုသိမ်မြို့ကို ပြောင်းသွားခဲ့တယ်။ သူ့နာမည်ကိုလည်း Raphael လို့ပြောင်းလိုက်တယ်။ သူဟာ ပုသိမ်မှာ ရုပ်ရှင်ရုံ၊ စက်ရုံတွေနဲ့ စီးပွားရေးများစွာကို ဦးဆောင်ခဲ့ပြီး ပုသိမ်မြို့ရဲ့အချမ်းသားဆုံးသူဖြစ်ခဲ့ပြီးတော့ ပုသိမ်မြို့တော်ဝန်ဖြစ်ခဲ့ပါတယ်။
ရန်ကုန်မှာကျန်ခဲ့တဲ့ Judah Ezekiel ကလည်း စီးပွားရေးမှာ အောင်မြင်ပြီး ပရဟိတလုပ်ငန်းတွေမှာ ကူညီထောက်ပံမှုတွေ အများကြီးပေးခဲ့တယ်။ ရန်ကုန်မြို့ကို အရမ်းချစ်တဲ့သူဖြစ်ပြီး အထူးသဖြင့် သူနေတဲ့လမ်းကို သံယောဇဉ်အလွန်းရှိသူ ဖြစ်တယ်။ အဲ့ဒီလမ်းရဲ့သန့်ရှင်းရေးနဲ့ သာယာရေးအတွက် အမြဲတမ်းပါဝင်လေ့ရှိပြီး အဲ့ဒီအချိန်တုန်းက တလကို 9 Rupee လစဉ်ပေးခဲ့သူလည်းဖြစ်တယ်။
သူရဲ့သေတမ်းစာမှာလည်း သူသေသွားပြီးနောက် အဲ့ဒီလမ်းအတွက် ထောက်ပံ့ဖို့ထားခဲ့တဲ့ငွေဟာ သူသေဆုံးသွားပြီး ၂၅ ကျော်အထိ အသုံးပြုခဲ့ကြတယ်။ သူသေဆုံးသွားပြီးတဲ့နောက်မှာ အဲ့ဒီလမ်းကို ဂျူဒါအီစီကယ်လမ်း လို့ခေါခဲ့ကြတယ်။
၁၉၈၉ မှာရန်ကုန်မှာရှိတဲ့လမ်းတွေရဲ့နာမည်ကို အင်္ဂလိပ်မှ မြန်မာအမည်သို့ ပြောင်းလဲခဲ့အချိန်မှာ ဂျူဒါအီစီကယ်လမ်းကို ယခုသိမ်ဖြူလမ်းလို့ ပြောင်းလဲခဲ့တယ်။
Sammy samuels