တရုတ်နဲ့ပေါင်းပြီး နိုင်းမြစ်ပေါ်မှာ ရေကာတာ ဆောက်တဲ့ အီသီယိုးပီးယားကို အမေရိကန် အကူအညီဖြတ်တောက်

တရုတ်နဲ့ပေါင်းပြီး နိုင်းမြစ်ပေါ်မှာ ရေကာတာ ဆောက်တဲ့ အီသီယိုးပီးယားကို အမေရိကန် အကူအညီဖြတ်တောက်

နိုင်းမြစ်၏ မြစ်လက် တက်တစ်ခုပေါ်တွင် တည် ဆောက်နေသော ကြီးမားသော အငြင်းပွားဖွယ် ရေကာတာနှင့် ပတ်သက်၍ အမေရိကန်က အီ သီယိုးပီးယားနိုင်ငံအတွက် အကူ အညီကန်ဒေါ်လာ သန်း ၁၀၀ ဖြတ်တောက်မယ်လို့ သိရပါတယ်။

အီဂျစ်၊ ဆူဒန်တို့နှင့် သဘော တူညီချက်မရရှိမီ ယင်းရေကာတာတွင် ရေများ စတင်ထည့်သွင်း ရေး အီသီယိုးပီးယား၏ လုပ်ရပ် ကြောင့် အဆိုပါ ဖြတ်တောက်မှု ဖြစ်ပေါ်လာခဲ့သည်ဟု အစိုးရ သတင်းရင်းမြစ်တစ်ဦးက ပြောကြားပါတယ်။

မိမိတို့ ရေရှိမှုနည်းပါးသွား စေနိုင်သည့် နိုင်းမြစ်ပေါ်မှ မည် သည့်စီမံကိန်းမျိုးကိုမဆို အီဂျစ် က ကြာရှည်စွာ ဆန့်ကျင်ခဲ့ပါတယ်။

စိတ်ချရသော လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုအတွက် အဆိုပါ ရေကာတာတည်ဆောက်ရန် လိုအပ်သည်ဟု အီသီယိုးပီးယား က ပြောလိုက်ပါတယ်။ ယင်းရေကာတာကြီး ပြီးစီးသွားခဲ့ပါက ၎င်းသည် အာဖရိကတွင် အကြီးမားဆုံး ရေအား လျှပ်စစ်စက်ရုံဖြစ်လာမည်ဖြစ်ကာ အီသီယိုးပီးယား နိုင်ငံသား ၆၅ သန်းအတွက် လျှပ်စစ်ဖြန့်ဖြူး ပေးနိုင်မှာ ဖြစ်ပါတယ်။

“ကန်ဒေါ်လာ သန်း ၁၀၀ လောက်အထိ ထိခိုက်ပါလိမ့် မယ်။ အဲဒီထဲက ၂၆ သန်းက ဒီ ဘဏ္ဍာရေးနှစ်ကုန်မှ သက်တမ်း ကုန်မယ့် ရန်ပုံငွေပါ” ဟု အမေရိကန်လွှတ်တော် သတင်းရင်းမြစ် တစ်ဦးက ပြောကြားပါတယ်။

အီဂျစ်၊ ဆူဒန်တို့နှင့် ညှိနှိုင်း မှုများ လုပ်ဆောင်နေစဉ် ယင်းရေကာတာတွင် ရေစတင်ထည့်သွင်းရန် အီသီယိုးပီးယား၏ ဆုံးဖြတ်ချက်သည် ဆွေးနွေးမှုတွင် ယုံကြည်မှုထိခိုက်ပြီး အီသီယိုးပီးယား၏ ကတိကဝတ်များနှင့်လည်း မကိုက်ညီကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိကြီး တစ်ဦးက ပြောပါတယ်။

ယင်းကိစ္စအပေါ် အမေရိကန်၏ စိုးရိမ်ပူပန်မှုကို အကြိမ်ကြိမ် ပြောကြားခဲ့သည်ဟုလည်း အရာရှိကြီးက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page