Single မိခင်အဖြစ်နဲ့ ကလေး (၃) ယောက်စလုံးကို သန်းကြွယ်သူဋ္ဌေးကြီးတွေ ဖြစ်အောင် ပျိုးထောင်ပေးခဲ့တဲ့ အီလွန်မက်စ်ရဲ့ မိခင်

Single မိခင်အဖြစ်နဲ့ ကလေး ၃ ယောက်စလုံးကို သန်းကြွယ်သူဋ္ဌေးကြီးတွေ ဖြစ်အောင် ပျိုးထောင်ပေးခဲ့တဲ့ Elon Musk ရဲ့ ကျေးဇူးရှင် မာတာမိခင်ကြီး Maye

Elon musk က မောင်နှမ ၃ ယောက်ထဲမှာ အကြီးဆုံး သားကြီး ဖြစ်ပြီး Tesla နှင့် SpaceX ကုမ္ပဏီတို့၏ CEO ဖြစ်ပြီး၊ ကမ္ဘာ့ အချမ်းသာဆုံး ဘီလျံနာသူဌေးကြီးလည်း ဖြစ်ပါသည်။ Elon ရဲ့ ညီဖြစ်သူ Kimbal Musk ကတော့ စားသောက်ဆိုင် လုပ်ငန်းရှင်ဖြစ်ပြီး Square roots, Brooklyn ကုမ္ပဏီကြီးများတို့ရဲ့ Co-Founder ‌and Chairman လည်း ဖြစ်ပါသည်။ ညီမအငယ်ဆုံးဖြစ်သူ Tosca Musk ကတော့ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းရှင်၊ ရုပ်ရှင်ဒါရိုက်တာ ဖြစ်ပြီး ဖျော်ဖြေရေး လုပ်ငန်း ကုမ္ပဏီကြီး Passionflix ရဲ့ Co-Founder လည်း ဖြစ်ပါသည်။

ဒိတ်ဒိတ်ကျဲ အောင်မြင်နေကြတဲ့ သားသမီး ၃ စလုံးကို ဘယ်လိုပြုစုပျိုးထောင်ခဲ့သလဲဟု မိခင်ကြီး Maye အား လူတွေက မေးလေ့ရှိကြသည်။ Maye ဟာ အသက် ၃၁ နှစ် အရွယ်မှာ ခင်ပွန်းဖြစ်သူ Errol Musk နှင့် ကွာရှင်းခဲ့ပြီး single မိခင်အဖြစ်နဲ့ Elon musk တို့ မောင်နှမ ၃ ယောက်ကို ခက်ခဲပင်ပန်းစွာ ကျွေးမွေးပြုစု ပျိုးထောင်ခဲ့ရပါသည်။

Maye ဟာ အသက် ၈ နှစ်အရွယ် ငယ်စဉ် တောင်ကျေး ကလေးဘဝကတည်းက သူမရဲ့ ဖခင် (Elon Musk ရဲ့အဖိုး) ၏ အလုပ်တွေကို ဝိုင်းကူ လုပ်ပေးခဲ့ရသည့် အတွက် အလုပ်ကို လေးစားတတ်သူ၊ ငွေကြေးတန်ဖိုးကို နားလည်သူဖြစ်သည်။ Elon musk ရဲ့ အဖိုးက အရိုးအကြော၊ အဆစ်အမြစ် ကုသ ဆရာဝန် ဖြစ်ပြီး လစဉ် ကျန်းမာရေး သတင်း စာစောင်တွေကိုလည်း ရေးသားဖြန့်ချီ တဲ့အလုပ်ကိုလည်း လုပ်နေပါသည်။

Elon ရဲ့အဘိုးက သတင်းစာစောင်ထဲ ထည့်မည့် အကြောင်းအရာများကို နုတ်တိုက်ရွတ်ပြကာ Elon ရဲ့ အဖွားဖြစ်သူက စာအုပ်ထဲမှာ လိုက်ရေးမှတ်ထားသည်။

Elon ရဲ့အမေ Maye နှင့် အတူ အမွှာညီအမဖြစ်သူ Kaye တို့က ၎င်းစာတွေကို အများကြီးပြန်ကူးပြီး ပေးရသည်။ ကူးပြီးသား စာစောင်တွေကို သုံးခေါက် ခေါက်ပြီး စာအိတ်ကလေးထဲ ထည့်ကာ တံဆိပ်ခေါင်း နှိပ်ပေးရသည့် အလုပ်တွေကို ကူလုပ်ကြရကာ တနာရီလျှင် လုပ်အားခ 5 ဆင့်စီ ရရှိခဲ့ကြပါသည်။ တလလျှင် စောင်ရေ ၁၀၀၀ လောက် ဖြန့်နိုင်ခဲ့ကြသည်။

အမွှာညီအမ နှစ်ဦးဟာ အသက် ၁၂ နှစ် ရောက်သည့် အခါမှာတော့ သူတို့အဖေရဲ့ အရိုးအကြောဆေးခန်းမှာ ဧည့်ကြိုဝန်ထမ်း အဖြစ် ဝင်လုပ်ခဲ့ကြပါသည်။ Maye ဟာ ကလေးဘဝကတည်းက အလုပ်လုပ်ခဲ့ရသည့် အတွက် သူမရဲ့ သားသမီးတွေကိုလည်း ငယ်စဉ် ကတည်းက အလုပ်တွေ ကူလုပ်စေခဲ့သည်။ Maye ဟာ nutrition business လုပ်ငန်းလုပ်ခဲ့စဉ်တုန်းကဆိုရင် ကလေးအရွယ်ပဲ ရှိသေးသည့် Elon musk တို့ မောင်နှမ ၃ ယောက်စလုံးက ဝိုင်းကူပေးခဲ့ကြသည်။

ကလေးတွေကို ဆူဆဲခြင်း မရှိဘဲ သူမ မိဘတွေက သူမအား ပျိုးထောင်ခဲ့သလို အလုပ်ကို လေးစားတတ်အောင်၊ ရိုးရိုးသားသား ကြိုးစားတတ်အောင်၊ ယဉ်ကျေး ဖော်ရွေမှုရှိအောင် သင်ကြား ဆုံးမလေ့ရှိကြောင်းလည်း Maye က အင်တာဗျူးတွေမှာ ပြောပြလေ့ရှိပါသည်။ ကလေးတွေရဲ့ ပညာရေးနဲ့ ပက်သက်ရင်လည်း သူ့အသိစိတ်ဓာတ်နဲ့သူ ကြိုးစားအောင်သာ ရှင်းပြထားပြီး ကလေးတွေရဲ့ အိမ်စာ စာအုပ်ကိုတောင် မစစ်ကြည့်ဘူး၊ စာလုပ်ဖို့ အော်ငေါက်မနေဘူး ဟုလည်း ၎င်းက ပြောကြားခဲ့ပါသည်။

ကလေးတွေကို ကလေးလေးလိုပဲ သဘောထားပြီး ဆူတာ၊ အတင်းဖိအားပေးတာမျိုးတွေ မလုပ်ဘဲ သူတို့လေ့လာချင်သည့်အရာ၊ လုပ်ကိုင်ချင်သည့် အရာတွေကို ကိုယ်တိုင် ဆုံးဖြတ်ချက်တွေ ချခိုင်းပြီး လုပ်ကိုင်စေကြောင်း လည်း ကလေးမိဘများအတွက် အတုယူဖွယ် ဖြစ်အောင် သူမရဲ့အတွေ့အကြုံကို မျှဝေပေးခဲ့ပါသည်။

Single မိခင် တဦးရဲ့ အုပ်ထိန်းမှုနဲ့ ကြီးပြင်းလာခဲ့ကြရတဲ့ Elon Musk တို့ မောင်နှမတွေဟာ ကောလိပ်တက်တဲ့အခါမှာ တခြားသော ကျောင်းသားတွေလို နောက်ဆုံးပေါ် အသုံးအဆောင်တွေ၊ စျေးကြီးတဲ့ အသုံးအဆောင်တွေ မသုံးစွဲနိုင်ခဲ့ကြပေ။ သီးသန့် အဆောင်ခန်းတောင် မငှားနိုင်ကြသောကြောင့် အခြားသော ကျောင်းသားတွေနဲ့ တခန်းတည်း စုပြီး နေခဲ့ကြရကာ ကြမ်းပြင်ပေါ်မှာ အိပ်ယာခင်းလေးပဲ ခင်းအိပ်ခဲ့ရသည့် အခြေအနေမျိုးတွေ ကနေ ရုန်းကန် ကြိုးစားခဲ့ကြသူတွေသာ ဖြစ်ကြပါသည်။

Nang Kham Thiri Oo

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page