ကိုဗစ်ကာလ အခြေခံပညာရေးအတွက် ပညာရေးဝန်ကြီးဌာနက နည်းဗျူဟာအသစ် စတော့မည်

ကိုဗစ်ကာလ အခြေခံပညာရေးအတွက် ပညာရေးဝန်ကြီးဌာနက နည်းဗျူဟာအသစ် စတော့မည်

အခြေခံပညာအတန်းအားလုံးအတွက် ရုပ်မြင်သံကြားနှင့်ရေဒီယိုမှ အောက်တိုဘာလကုန် စတင်ထုတ်လွှင့်သင်ကြားမည် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန မှ ညွှန်ကြာရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။

“ကျွန်တော်တို့ကတော့ ရည်ရွယ်ထားတာ အတန်းအားလုံး အတွက်ပါပဲ။ မူလယ်ထက် အကုန်လုံးပါပဲ။ ဒီလကုန်စလွှင့်မှာပေါ့။စ နစ်ဟောင်းသင်ခန်းစာတွေဆို မူလရိုက်ပြီးသားတွေ ရှိနေတယ်။ အဲဒါတွေကိုတော့လွှင့်နေပြီ။ myanmar education ချန်နယ်တို့ ၊ ဒါကတော့ အွန်လိုင်းဘက်မှာ လွှင့်နေပြီ။ ရေဒီယို သင်ခန်းစာတွေဆိုလည်း ရှိပြီးသားတွေ လွှင့်ဖို့လုပ်နေပြီ”ဟု ပြောပါတယ်။

ကိုဗစ် စတင်ဖြစ်ပွားသည့် အချိန် ပထမလှိုင်းတွင် ကျောင်းများပိတ်ခဲ့ပြီးနောက် ကိုဗစ် ထိန်းချုပ်နိုင်သည့်အကာအကွယ်များ စီမံထားသည် A အဆင့်ရ အခြေခံပညာအထက်တန်းကျောင်းများကို ပထမလှိုင်းတည်ငြိမ်ချိန် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်ဒုတိယလှိုင်းတွင် ပြန်လည်ပိတ်ခဲ့ပါတယ်။

အခြေခံပညာဦးစီးဌာနအောက်တွင် အခြေခံပညာကျောင်းပေါင်း ငါးသောင်းကျော် ဆရာ၊ဆရာမပေါင်းသိန်းနှင့် ချီရှိကြောင်းသိရပါတယ်။

“ကျောင်းဖွင့်သည်ဖြစ်စေ၊ မဖွင့်သည်ဖြစ်စေ မိဘတွေကတော့ အိမ်မှာ ကလေးတွေကို စာအတူလေ့ကျင့်ပေးတာ လုပ်သင့်တာပေါ့။ သင်ယူမှု အခွင့်အလမ်း မဆုံးရှုံးစေဖို့ မိဘတွေ အိမ်မှာရှိတယ်။ မိဘတွေ၊ အကိုတွေအမတွေ ဒါတွေက ပုံမှန်လေးသူ့ဘာသာ သင်ပေးရင်တော့ ကလေးက ကျောင်းသင်ခန်းစာ မပြတ်လပ်တော့ဘူးပေါ့။ နို့မို့ဆို ဒီအတိုင်းပဲ ပစ်ထားမယ်ဆိုရင် သင်ယူမှု အခွင့်အလမ်း ဆုံးရှုံးပြီးတော့ ကလေးတွေက သင်ယူချင်တဲ့စိတ်တွေ ပျောက်သွားလိမ့်မယ်”ဟု ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။

လက်ရှိတွင် ကိုဗစ်ကြောင့် အခြေခံပညာကျောင်းများ ပိတ်ထားရပြီး ကျောင်းသားများသင်ယူခွင့် အခွင့်အလမ်း ၄၀ ရာခိုင်ရာနှုန်းကျော် ဆုံးရှုံးပြီး ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page