ဗီယက်နမ်မှာ အရမ်း နာမည်ကြီးနေတဲ့ ထမင်းဖြူ ပူပူလေးနဲ့ အိမ်မြှောင်ကြော်

ဗီယက်နမ်မှာ အရမ်း နာမည်ကြီးနေတဲ့ ထမင်းဖြူ ပူပူလေးနဲ့ အိမ်မြှောင်ကြော်

ဗီယက်နမ်နိုင်ငံကတော့ ကမ္ဘာပေါ်မှာ အထူးဆန်းဆုံးနဲ့ အထူးခြားဆုံးဟင်းပွဲတွေ မြည်းစမ်းကြည့်ဖို့ အကောင်းဆုံးနိုင်ငံတစ်နိုင်ငံလို့ဆိုရမှာပါ ။

ဒါပေမဲ့ အဲ့လို ဟင်းပွဲမျိုးကို မြည်းစမ်းချင်တယ် ဆိုရင်တော့ ကြယ်ငါးပွင့် ဟိုတယ်တွေ ၊ စားသောက်ဆိုင် အကြီးစားတွေ သွားစရာမလိုပါဘူး ။ သက်တောင့်သက်သာရှိပြီး စျေးသက်သာတဲ့ လမ်းဘေးစားသောက်ဆိုင်တွေမှာ ဒေသခံတစ်ယောက်လိုကိုယ့်ကိုသဘောထားပြီး သွားရောက်စားသောက်ကြည့်ပါ ။

ဗီယက်နမ်ကော်ပြန်ကြော်တွေ ၊ ကော်ပြန်စိမ်းကြော်တွေတော့ အတော်လေးနာမည်ကြီးပါတယ် ။ ဒါပေမဲ့ ထမင်းဖြူ နဲ့အိမ်မြှောင်ကြော်လေးကိုကော မှာစားဖူးကြရဲ့လား ။ လူမှုကွန်ယက် ပေါ်မှာတော့ ဓာတ်ပုံတွေနဲ့တင်ထားတာဖြစ်တဲ့အတွက် အတော်လေးတော့ ရေပန်းစားနေပါတယ် ။

အချို့ကလည်း အဆိုပါဟင်းပွဲမျိုးကို လက်မခံနိုင်ကြတဲ့သူတွေကတော့ ”အိမ်မှာ အိမ်မြှောင်တွေအများကြီးရှိတဲ့သူတွေ ဗီယက်နမ်မှာသွားရောင်းရင် အတော်လေးကိုအမြတ်ရလောက်တယ် ” ဆိုပြီး နောက်ပြောင်ရေးသားခဲ့ ကြပါတယ် ။

အိမ်မြှောင် မွေးမြူတဲ့သူတွေ၊ ရောင်းဝယ်ကြတဲ့သူတွေရဲ့ အိမ်မြှောင်ထုပ်ပိုးနေပုံ၊ ရောင်းချနေပုံ ၊ ပြီးတော့ ချက်ပြုတ်နေကြပုံကို တွေ့ရှိရမှာပါ ။ နောက်တစ်ခေါက် ကိုယ့်အိမ်ကကြောင် အိမ်မြှောင်ဖမ်းလာခဲ့ရင် မဆူတော့ပဲ ညစာအတွက် ဟင်းရပြီ ဆိုပြီးတော့လည်း ဖြစ်မသွားကြနဲ့နော် ။

Jasmine (Mckzone Daily)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page