ကိုဗစ်ရှေ့တန်းမှာ ကျွန်တော်သာ လုပ်ပိုင်ခွင့် ရမယ်ဆိုရင် (ဒေါက်တာ နန္ဒဝင်း)

ကိုဗစ်ရှေ့တန်းမှာ ကျွန်တော်သာ လုပ်ပိုင်ခွင့် ရမယ်ဆိုရင် (ဒေါက်တာ နန္ဒဝင်း)

(၁) ရန်ကုန်က ကိုဗစ်စင်တာတွေကို ရုံခါမယ် ပိုးသန့်မယ် စက်ပစ္စည်းတွေထပ်ဖြည့်မယ် နေကောင်းသက်ကြီး ပိုးမတွေ့ ရောဂါအခံသမားတွေ သွားသိမ်းမလို့ပါ။

(၂) ရပ်ရွာအလိုက် မြို့နယ်အလိုက် swab ပိုစစ်မယ် +ve မှန်သမျှ asymptomatic ဆို သတ်မှတ်တဲ့ Qမှာနေ အချိန်နဲ့လေ့ကျင့်ခန်းလုပ် အားဆေးသောက် အစာစား ယောဂကျင့် သတ်မှတ်ရက် ပြည့်ရင်ပြန်

(၃) ရောဂါလက္ခဏာပြ ရင် ဆေးရုံတက်ပဲ ဘယ်မှာတက်မယ် ရွေးချယ်ခွင့်မရှိ သတ်မှတ်ရာတက်ရမယ် ရောဂါအတိမ်အနက်အရ တက်ရမယ် စံကိုက် ကုထုံး မယူမနေရ

(၄) ဖြစ်ရင်အသေများနိုင်တဲ့ သက်ကြီး ရောဂါအခံရှိသူတွေကို ရှင်းထားတဲ့ ကိုဗစ်စင်တာတွေထဲ ကြိုသိမ်းထားချင်တယ် negative တွေကို imaginary neverland မှာသိမ်းထားသလိုပေါ့ (သက်ကြီးရွယ်အိုများအတွက် လုံခြုံသော နေရာ)

(၅) ဒါမှမဟုတ် ပုဂ္ဂလိကဆေးရုံတွေ က ကုန်ကျစရိတ်နဲ့ မြို့ရွာထဲက သက်ကြီးရွယ်အိုတွေအတွက် ဝန်ဆောင်မှုအနေနဲ့ safe zone လုပ်ပေးမလား စဉ်းစားစရာရှိပါတယ်

(၆) နေကောင်း +ve လူနာတွေကို ပြန်စုမယ် စေတနာ့ဝန်ထမ်း ရက်တိုသင်တန်း ပေးမယ် သူတို့အားတွေကို Q စင်တာတွေမှာ safe zone တွေမှာ သုံးမယ်

(၇) အထိအခိုက် မခံတဲ့ သက်ကြီးတွေကို ဖြစ်စဉ်ကနေ ခဏ ဘေးဖယ်သိမ်းထားနိုင်ရင်တော့ အသေနည်းမယ် များများစစ် များများရှာ များများကု များများကန့် အင်တိုက်အားတိုက် သုံးလ​လောက် ဖိဖိစီးစီး ချလိုက်မယ်ဆို ကွင်းဆက်ပြတ်နိုင်မလားပါပဲ

ဒေါက်တာ နန္ဒဝင်း

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page