Q စင်တာခေါ်သွားပြီး ဘာမှ မလုပ်ပေးဘူးလို့ ပြောတဲ့သူတွေကို တကယ်လုပ်ရတဲ့ ဆရာဝန်တဦး ဒဲ့ပြောပြီ

Q စင်တာခေါ်သွားပြီး ဘာမှ မလုပ်ပေးဘူးလို့ ပြောတဲ့သူတွေကို တကယ်လုပ်ရတဲ့ ဆရာဝန်တဦး ဒဲ့ပြောပြီ

ခေါ်သွားပြီး ဘာမှမလုပ်ပေးဘူးဆိုသူများအတွက်

ကားနဲ့လာခေါ် ကားနဲ့ပြန်ပို့ တနေ့ ထမင်း ၃ နပ် ကျွေးထားတာလေ နေဘို့နေရာပေးထား ဒါတွေရအောင် မနည်းစီစဥ်နေကြရတာပဲ

သီးခြားခွဲထားတာက သူများတွေ ထပ်မကူးအောင် ၁ ရက်ကို ၂၀ ယောက်ထပ်ကူးရင် ၁၁ ရက် နောက် ၂၂္ပ၀ ယောက် မကူးအောင် ကာကွယ်လိုက်တာပဲ လူနာကိုယ်တိုင်လည်း စည်းဝန်းထဲနေရင် ရုပ်တရက် ရောဂါလက္ခဏပြောင်းသွားရင် ချက်ချင်း အရေးယူ ကုပေးလို့ရအောင် ထည့်ထားတာပါ။

ဘာမှ လက္ခဏာ မဆိုးသွားရင် ဘာမှမလုပ်ပေးဖြစ်တာကို ဘာမှမလုပ်ပေးဘူးလို့ ပြောနေကြတာ အဲ့လို Q center တွေဖြစ်အောင် မနည်း ကျိုးစားကြရပါသည် အမြင်ကြည်လင်ဘို့ လိုပါသည် Center ကျန်းမာရေးဝန်ထမ်းများ ကားအသွားအပြန် ဆီဘိုး PPE အကူ လူများ နေရာပြင်ဆင်မူ အိပ်ယာ ပစ္စည်း အမျိုးပေါင်း ၃၀ကျော် oxygen level စစ်ကိရိယာ သွေးပေါင်ချိန် စားသောက်စရိတ် ၁၁ရက်စာ ဒီကိစ္စတွေအတွက် ရောဂါ p ဖြစ်သူက ဘာစရိတ်ခံလိုက်ရလို့လဲ

လူပေါင်း ၂၂၀ ကို ထပ်မကူးအောင် ကာကွယ်လိုက်တာပဲ ကိုယ်တိုင်လည်း ရောဂါဆိုးလာရင် အဆင်ဆင့် ဆေးရုံပြောင်းပေးသွားမှာ ဖြစ်ပါတယ် ဒါကြောင့် Q centerတွေဘာမှ မလုပ်ပေးပါဘူးလို့ မ​ပြောကြပါနဲ့လားကွယ် လုပ်တဲ့သူတွေလည်း ခြေကုန်လက်ပန်းကျနေပြီ နေရာ ရှာ ပြင်ဆင် ရေမီး air condition ကုတင် မွေ့ရာ အစုံ ဆရာဝန်ခွဲ တာဝန်ချ အကူဝန်ထမ်းများ စသည့်ဖြင့် ..

ရောဂါပြန့်မူနူန်းကို ရပ်အောင်လုပ်နေရတာပါ ရောဂါ ချက်ချင်းဆိုးလာရင် ကုလို့ရအောင် အနီးထားတာပါ လုပ်ပေးထားတဲ့အပေါ်မှ အခန့်သားတက်အိပ် စားသောက်နေတာပါနော် သိတတ်ကြပါစေ

မှတ်ချက်၊ အန္တရာယ်ကြားက နေည duty ဆင်းနေရသောကျန်းမာရေးဝန်ထမ်း ပင်ပန်းတဲ့ ဗော်လံတီယာတွေကို ရက်ရောလှသောအလှူရှင်များကို ကျေးဇူးတင်သောအားဖြင့် များများ ရှဲပေးကြပါ ဒါမှပူးပေါင်းလာကြမှာပါ အပြစ်တင်နည်းပြီး ရင်ဝဆောင့်ကန်သောအပြောတွေ နည်းလာကြမှာပါ အမြင်မှားတဲ့သူတွေကို အပြစ်တင်မဆဲကြပဲ နားလည်သဘောပေါက် လိုက်နာလာအောင် စည်းရုံးတွဲခေါ်သွားတာ ကုသိုလ်ရကြပါတယ်

ဒေါက်တာ မောင်ဘဦး

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page