ထိုင်ဝမ်ကို ချေမှုန်းဖို့ ထုတ်ထားတဲ့ တရုတ်ရဟတ်ယာဥ်တင် သင်္ဘော လာမည့်နှစ်တွင် တပ်တော်ဝင်မည်

ထိုင်ဝမ်ကို ချေမှုန်းဖို့ ထုတ်ထားတဲ့ တရုတ်ရဟတ်ယာဥ်တင် သင်္ဘော လာမည့်နှစ်တွင် တပ်တော်ဝင်မည်

တရုတ်ပြည်မကြီးရဲ့ ရေတပ်အနေနဲ့ စစ်သင်္ဘောတွေ တိုးတက်ခေတ်မီရေး နောက်ဆုံးအဆင့် အပြီးသတ်ဖို့ အရှိန်မြှင့်နေပေမယ့် Type 075 ရဟတ်ယာဥ်တင်သင်္ဘော ရာနှုန်းပြည့်သုံးစွဲနိုင်ဖို့ အချိန်လိုသေးတာမို့ ရေတပ်အတွက် နှစ်ချီ အချိန်ယူရဦးမယ်လို့ ဟောင်ကောင်အခြေစိုက်ကျွမ်းကျင်သူတစ်ချို့က သုံးသပ်ကြပါတယ်။

တရုတ်ရဲ့ ပထမဆုံး ရဟတ်ယာဉ်ချေမှုန်းရေးသင်္ဘော Type 075 landing helicopter dock (LHD)ကို လာမယ့်နှစ်မှ တပ်တော်ဝင်နိုင်ဖို့ ခန့်မှန်းရပါတယ်။ ထိုင်ဝမ်ကို ချေမှုန်းတဲ့အခါ အားကောင်းစေဖို့ ရည်ရွယ်တဲ့ ကြည်းရေနှစ်ထွေ စစ်ဆင်နိုင်စွမ်း မြှင့်တင်ဖို့ Type 075 တွေ တည်ဆောက်လာတာပါ။

Type 075 သင်္ဘောနဲ့အတူ ရဟတ်ယာဉ်မျိုးစုံ တင်နိုင်တဲ့အပြင် ကမ်းတက်ယာဉ်နဲ့ တပ်ဖွဲ့ဝင်တွေလည်း သယ်ဆောင်သွားနိုင်ပါတယ်။ ကွပ်ကဲရေးဌာနချုပ်အဖြစ်လည်း သင်္ဘောကို ဖန်တီးနိုင်ပါတယ်။ ပထမဆုံးသော Type 075 သင်္ဘောကို တရုတ်ရေတပ် ရေချခဲ့တာက ၂၀၁၉ စက်တင်ဘာ ၂၅ ကပါ။ ပထမတစ်စီး တည်ဆောက်ခဲ့ပြီးတော့ အဲဒီသင်္ဘောကျင်းမှာပဲ ဒုတိယတစ်စီးထပ်မံ တည်ဆောက်နေဆဲပါ။

Type 075 စီမံကိန်း စတင်ခဲ့တာက ၂၀၁၁ ထဲကဖြစ်ပါတယ်။ သင်္ဘောတည်ဆောက်ပုံဓာတ်ပုံတွေက ၂၀၁၉ မတ်လမှာ ပေါ်ထွက်လာခဲ့ပြီး စက်တင်ဘာရောက်တော့ ရေချခဲ့ပါတယ်။ Type 075 ဒုတိယတစ်စီးကိုတော့ ၂၀၂၀ ဧပြီမှာ ရေချခဲ့ပါတယ်။

၂၀၂၀ ဧပြီ ၁၁ ရက်မှာတော့ ပထမ Type 075 ရေယာဉ်အတွင်းမှာ အသေးစားမီးလောင်မှု ဖြစ်ခဲ့ပါတယ်။ အမြန်ငြိမ်းသတ်နိုင်ခဲ့ပြီး စီမံကိန်းနှေးကွေးစေမှာတော့ မဟုတ်ဘူးလို့ တရုတ်တွေကပြောရင်း သြဂုတ် ၅ ရက်မှာ ပင်လယ်ပြင် စမ်းသပ်ခုတ်မောင်းမှု စတင်ခဲ့ပါတယ်။

Type 075 အတန်းအစား စစ်သင်္ဘောဟာ သြစတြေလျက ကင်ဘာရာ၊ ပြင်သစ်က မစ္စထရာလ်သင်္ဘောတွေထက် အရွယ်အစားနဲ့ တန်ချိန်ပိုများပြီး အမေရိကန်ရေတပ်က Wasp အတန်းအစားနဲ့ America အတန်းအစား စစ်သင်္ဘောတွေလောက်တော့ မရှိပါဘူး။

တရုတ်မီဒီယာတွေအဆိုအရ Type 075 သင်္ဘောပေါ်မှာ အကြီးစားရဟတ်ယာဉ် Z-8 ဘက်စုံသုံး Z-9 နဲ့ တိုက်ခို်က်ရေးသုံး Z-10 အပါဝင် ရဟတ်ယာဉ်မျိုးစုံ ၂၈ စင်းနဲ့ ၃၀ လောက် တင်နိုင်တယ်လို့ ဆိုပါတယ်။ ၂၃၇ မီတာ ရှည်လျားတဲ့ သင်္ဘောမှာ ၃၀ မမ စက်အမြောက် တစ်စုံနဲ့ ဝေဟင်ခွင်းဒုံးကျည်တွေ တပ်ဆင်ထားတယ်လို့ သိရကြောင်းပါ။

Stand By Myanmar

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page