ရန်ကုန်နဲ့ ကိုက်ညီတဲ့ ကိုဗစ်စည်းကမ်းတွေ အမြန်ဆုံးစတင်ဖို့ ဦးဖြိုးမင်းသိန်းကို ကျန်းမာရေးဝန်ကြီးပြောပြီ

ရန်ကုန်နဲ့ ကိုက်ညီတဲ့ ကိုဗစ်စည်းကမ်းတွေ အမြန်ဆုံးစတင်ဖို့ ဦးဖြိုးမင်းသိန်းကို ကျန်းမာရေးဝန်ကြီးပြောပြီ

ကိုဗစ် ရောဂါကာကွယ်စည်းကမ်းများကို ပြည်သူများအကြားလိုက်နာမှု အားကောင်းစေရေး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အမြန်ဆုံး တင်းတင်းကြပ်ကြပ်ဆောင်ရွက်ပေးရန်ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ဒီဇင်ဘာလ (၇) ရက်ညနေပိုင်းကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်းနှင့် ရန်ကုန် တိုင်း ဒေသကြီးတွင် ကိုဗစ်ကာကွယ်ရေးစည်းကမ်းများ တိကျစွာ လိုက်နာဆောင်ရွက်ရေး ကြီးကြပ် ဆောင်ရွက်မည့်အစီအစဉ်များကို Videoconferencing စနစ်ဖြင့် ဆွေးနွေးခဲ့စဉ် ယင်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။

စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်တိုင်းဒေသကြီးတွင် စက်ရုံနှင့် အလုပ်ရုံများ များပြားခြင်း၊ အလုပ်အကိုင် နှင့် လူမှုစီးပွားရေးအခြေအနေအမျိုးမျိုးရှိသောသူများနေထိုင်ကြခြင်း၊ လူဦးရေထူထပ်များပြားခြင်း၊ အပြည်ပြည် ဆိုင်ရာနှင့် ပြည်တွင်းလေဆိပ်ရှိခြင်း၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ယာဉ်များစွာရှိခြင်း၊ အခြားတိုင်း ဒေသကြီး၊ပြည်နယ်များနှင့် ဝင်ထွက်ပေါက်များစွာချိတ်ဆက်မှုရှိကာ ကူးလူးသွားလာမှုများပြားခြင်းစသည့် အခြေအနေများရှိသည့်အတွက်

အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျင့်သုံးနေသော နည်းလမ်းများ အတိုင်း ဆောင်ရွက်ရန် မဖြစ်နိုင်ဘဲ ရန်ကုန်တိုင်းဒေသကြီးနှင့် သင့်တော်သော နည်းလမ်းများဖြင့် COVID-19 စည်းကမ်းလိုက်နာမှုရှိစေရေး လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အမြန်ဆုံး ဆောင်ရွက်ပေး စေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခြင်း ဖြစ်ပါတယ်။

ကိုဗစ် ရောဂါကို အတိုင်းအတာတစ်ခုအထိ ကောင်းစွာထိန်းချုပ်နိုင်ရန် ကိုဗစ် ကာကွယ်ရေး စည်းကမ်းလိုက်နာမှု ရာခိုင်နှုန်း လိုအပ်သည့် ပမာဏ မရှိသေးသောကြောင့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာနှင့်အများ ပြည်သူဆိုင်ရာနေရာများတွင် ကိုဗစ် စည်းကမ်းများကို ပြည်သူများ တိကျစွာ လိုက်နာဆောင်ရွက်မှု ရှိစေရေးအတွက် ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် သင့်တော်သည့် အရေးယူမှုပြုလုပ်ခြင်းများကို လုပ်ဆောင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များက ကြီးကြပ်ဆောင်ရွက် ပေးစေလိုကြောင်းလည်း ဒေါက်တာ မြင့်ထွေးက ဆိုပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများသည် နေ့မအား၊ ညမနားဖြင့် ကိုဗစ် ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာ လုပ်ငန်းများ၊ ကိုဗစ် လူနာကုသရေး လုပ်ငန်းများ၊ ကာကွယ်ထိန်းချုပ်ရေး ကွင်းဆင်းလုပ်ငန်းများနှင့် ကိုဗစ် မဟုတ်သော အခြားရောဂါအမျိုးမျိုး ကာကွယ်ကုသခြင်းဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ စိတ်ရော ကိုယ်ပါ ပင်ပန်းနေကြပြီ ဖြစ်ကြောင်းနှင့် လုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်းများ၊ စည်းကမ်းလမ်းညွှန်ချက်များ မည်မျှပင်ကောင်းမွန်စေကာမူ လိုက်နာမှုမရှိပါက အချည်း နှီးပင်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page