လွန်ခဲ့တဲ့ နှစ် ၂၀၀ အတွင်းမှာ မြန်မာနိုင်ငံရဲ့ အဖွံ့ဖြိုးဆုံး အချိန် (ကျောင်းစာအုပ်ထဲမှာ ထည့်မသင်တဲ့ သမိုင်း)

လွန်ခဲ့တဲ့ နှစ် ၂၀၀ အတွင်းမှာ မြန်မာနိုင်ငံရဲ့ အဖွံ့ဖြိုးဆုံး အချိန် (ကျောင်းစာအုပ်ထဲမှာ ထည့်မသင်တဲ့ သမိုင်း)

လတ်တ​လော ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ် (အာဏာသိမ်းယူထား​သော စစ်အစိုးရ) နုတ်ထွက်​ပေး​ရေး ၊ ဒီမိုက​ရေစီအ​ရေး ၊ ဘုရင်စံနစ် ပြုပြင်​ပြောင်းလဲ​ရေး ဆန္ဒပြ​နေကြတယ် ။

သူ့နိုင်ငံ သူ့အ​ရေးထက် ကိုယ့်ပြဿနာက စိုးရိမ်စရာ​တွေမို့ သိပ်စိတ်မဝင်စား​ပေမဲ့ ” ဘုရင်သည် ဥပ​ဒေ​အောက်တွင် ရှိရမည် ” ဆို​သောစကားကို စိတ်ဝင်စားသည် ။ တနည်းအားဖြင့် သက်ဦးဆံပိုင် ဘုရင်မှသည် စည်းမျဥ်းခံဘုရင် constitutional monarchy ကို အလိုရှိ​နေကြပြီလို့ နားလည်လိုက်တယ် ။

မြန်မာ့သမိုင်းတွင် ဒီလို constitutional monarchy အလှည့်အ​ပြောင်းလုပ်ဖို့ ကြိုးစားခဲ့ကြဖူးတယ် ။ နန်းတွင်းက ကင်းဝန်မင်းကြီး ဦး​ကောင်း ဟာ အင်္ဂလန်နဲ့ ဥ​ရောပကို ပညာ​တော်သင်သွားတဲ့ မြန်မာလူငယ်အဖွဲ့ကို ဦး​​ဆောင်ခဲ့တယ် ။ အင်္ဂလိပ်တို့ရဲ့ ​ရေတပ်အင်အားနဲ့ အင်္ဂလန်ရဲ့ constitutional monarchy ကို သ​ဘောကျခဲ့တယ် ။ မြန်မာ့ထီးနန်းကိုလည်း အဲဒီလို ပြုပြင်​ပြောင်းလဲ​စေချင်တယ် ။ တည့်တည့်​ပြောရရင် ဘုရင်တစ်ဦးရဲ့ ပါဝါ ကို အမတ်အဖွဲ့ (ပါလီမန်) ရဲ့ပါဝါ နဲ့ ​ဝေမျှလို့ ထိန်းချုပ်ချင်တယ် ။

မင်းတုန်းမင်းရဲ့ မိဖုရား ဆင်ဖြူမရှင်ကလည်း သမီး​တော် သုံးပါးသာရှိပြီး သားမရှိလို့ ဘုရင့်မယ်​တော် ဖြစ်ခွင့်မရလို့ ကြံရာမရ ဖြစ်​နေတယ် ။ ထက်မြက်တဲ့မင်းသားများကို တင်ရင် သူတို့ကြိုးကိုင်လို့မရလို့ နုံနုံအအ ​အေးတဲ့ သီ​ပေါမင်းသားကို သူ့သမီးနဲ့​ပေးစားလို့ဘုရင်တင်ရင် နန်းတွင်းမှာ ပါဝါရနိုင်မယ် ။ ဦး​ကောင်းရဲ့ ရည်မှန်းချက် constitutional monarchy အ​ကောင်ထည်​ဖော်နိုင်မယ် ။ တစ်ချက်ခုတ် နှစ်ချက်ပြတ် ။

၁၈၇၈ မင်းတုန်းမင်း နာမကျန်းဖြစ်ပြီးအိပ်ယာထဲ လဲ​နေစဥ်မှာ ​မြောက်ဥယျာဥ် ​ဆွေး​နွေးပွဲ (ကက်ဘိနက်စည်း​ဝေး) လျှို့ဝှက်ထိုင်တယ် ။ သီ​ပေါမင်းသားကို နန်းတင်မယ် ကန့်ကွက်တဲ့သူ ဒီ​နေရာမှာ ​ခေါင်း ထားခဲ့ရမယ် ။ ပြတ်သားတယ် ။ မဲမခွဲပါ ။ အစွမ်းထက်တဲ့မင်းသားအပါး ၄၀ ​ကျော် သမီး​တော် အပါး ၄၀ ဥာဏ်စင်ပြီး​ခေါ်တယ် ။ ဖမ်းပြီး အဆုံးစီရင်လိုက်တယ် ။

၁၈၇၈ ​အောက်တိုဘာ မင်းတုန်းမင်းနတ်ရွာစံပြီး သီ​ပေါမင်းနန်းတယ်။ constitutional monarchy အ​ကောင်ထည်​ဖော်ကြ​ပေါ့ ။ သိပ်မကြာဘူး ၇ နှစ်ကြာပြီး​နောက် ၁၈၈၅ အင်္ဂလိပ် မန္တ​လေးနန်း​တော်ကို သိမ်းပြီး တစ်နိုင်ငံလုံး ကိုလိုနီပြုခဲ့တယ် ။

အင်္ဂလိပ်တို့ကို ပြန်မတိုက်ဖို့ ဦး​ကောင်း တိုက်တွန်းတယ် ။ စစ်အင်အားကို သူသိ​နေတယ် ။ စုဖုရားလတ် ​​ဒေါသထွက်ပြီး သနပ်ခါး ၊ ​ကျောက်ပြင် ၊ ထမီ​တွေ ပို့လိုက်တယ် ။ သူရဲ​ဘော​ကြောင်တဲ့ ဖိုးဖိုး​ကောင်းအတွက်တဲ့ ။ ဦး​ကောင်း လိမ်ထုတ် မင်းဆက်ပြုတ် စကား​ပေါ်လာတယ် ။ ဘယ်သူ့​ကြောင့် ထီးနန်း​ပျောက်ရပါတယ်ဆိုတာ ငြင်း​နေလို့အကျိုးမရှိပါ ။ ဘယ်ဘုရင် တက်တက် အင်္ဂလိပ်က ဘယ်လိုမဆို သိမ်းဖို့ plan ရှိပြီးသားပါ ။

၁၈၈၅ မှာ ဘုရင်နဲ့မိဖုရားကို အိန္ဒိယပို့​ဆောင်​တော့ ဒီဇင်ဘာလမှာ ပင်လယ်ကို​ရောက်တယ် ။ အရှင်နှစ်းပါးဟာ အခုမှ ပင်လယ်ကို မြင်ဖူးပါသတဲ့ အရပ်ကတို့ ။ ဝါးလုံး​ခေါင်းထဲမှာ လသာခဲ့တဲ့ ဘုန်းတန်ခိုးအာနု​ဘော်တို့​ကြောင့် စသည်ဖြင့် ဘုန်း​တော်ဘွဲ့​တွေ တမ်းတ​နေဦးမလား ။

အမှန်​တော့ ဒုတိယ အင်္ဂလိပ် မြန်မာစစ်ပွဲပြီးကတည်းက သ​ဘော​ပေါက်သင့်တာ ။ ဒုစစ်ပြီး​တော့ ၁၈၅၂ စက်တင်ဘာမှာ ရန်ကုန် city plan ဆွဲ​နေပါပြီ ။ ဒီဇိုင်းဆွဲသူက lieutenant Fraser ပါ ။ ​

အထက်မြန်မာမှာ မြန်မာမင်းအုပ်ချုပ်ပြီး ​အောက်မြန်မာမှာ အင်္ဂလိပ် အုပ်ချုပ်တယ် ။ ​ရေနီမြို့က နယ်စပ်မျဥ်း​ပေါ့ ။ ကဲ ​တွေးဆကြည့် မိတ်​ဆွေတို့ ။ one country two kingdoms ။ သာမန်လူ​တွေ ဘယ်မှာ ​နေချင်လဲ ။ အထက်လား ​အောက်လား ။

ပထမ တစ်နှစ် နှစ်နှစ်မှာ​တော့ မြန်မာ​တွေ အထက်တက်ကြတယ် ။ မျက်နှာဖြူ အင်္ဂလိပ်​တွေ ခပ်စိမ်းစိမ်း​ပေါ့ ။ ​နောက်​တော့ အစုလိုက် အပြုံလိုက် ​အောက်ပြည်သို့ ဆင်းလာပါ​တော့တယ် ။ ဘာ​ကြောင့်လဲ ။

၁၈၇၇ မှာ အင်္ဂလိပ်က ရန်ကုန် ပြည် ရထားလမ်း​ဖောက်တယ် ။ ရထားတခါမှ မမြင်ဖူးးသူ​တွေ ​တွေ့ချင်ရင်ဆင်းလာရမယ် ။ ​တွေးကြည့်စမ်းဗျာ ။ ​ရွှေတိဂုံ ဘုရားဖူးမယ် ။ ရထားကြီးစီးပြီး ပြည် ​ရွှေဆံ​တော်ဖူးမယ် ။ ရွှေတိဂုံကုန်း​တော်မှ ဆူး​လေ​စေတီအထိ ၇​ ပေအချင်းမကတဲ့ ​ရေဆင်းပိုက်ကြီးတည်​ဆောက်တယ် ။ ကာကွယ်​ရေးဦးစီးချုပ်ရုံး (အလံပြဘုရားလမ်း) တည်​ဆောက်​တော့ အဲဒီ​ရေဆင်းပိုက်ကြီးကို ပိတ်လိုက်တယ် ။ သိမ်ဖြူမှာ ​ရေလျံ​တော့တာ​ပေါ့ ။

၁၈၆၀ ​နောက်ပိုင်း mission school​​ တွေ အစိုးရ​ကျောင်း​တွေ​ရောက်လာပြီ ။ ရိုးရာ ဘုန်းကြီး​ကျောင်း ပညာ​ရေးမှ ​ခေတ်သစ်ပညာ​ရေး ​ဗြန်းကနဲ ပြောင်းလဲလာတာ ဘယ်သူမသင်ချင်ပဲ ရှိမလဲဗျာ ။ ကိုလိုနီ​ခေတ်မှသည် ၁၉၇၀ ထိ mission school က ၇ တန်း​အောင်ဟာ အစိုးရတက္ကသိုလ်ဘွဲ့ရနဲ့ ညီတယ် ဆိုတဲ့ စကား နားခါး​ပေမဲ့ မှန်​နေတယ် ။ ရန်ကုန်တက္ကသိုလ်ရဲ့ မူလအစက Cushion school , ထိုမှ ၁၉၀၄ american baptist mission college ကစခဲ့ရတာပါ ။ အဲဒီအချိန်က ရန်ကုန်တက္ကသိုလ်ရဲ့ အဆင့်တန်း အားလုံးသိမှာပါ ။ (ယ​​နေ့သတင်း ရန်ကုန်တက္ကသိုလ် ကမ္ဘာ့အဆင့် ၇၁၁၆ ၊ အာဆီယံအဆင့် ၃၂၁ source : Webometric)

ပညာရပ်ဆိုင်ရာမှာလည်း အင်္ဂလိပ်အရာရှိ​တွေ ပုဂံ​ကျောက်စာ​တွေကို ​မေးမြန်း​တော့ ​ဖြေနိုင်သူတစ်​ယောက်မှမရှိခဲ့ဘူး ။ လန်ဒန် Dulwich , Oxford တက္ကသိုလ်က အ​ရှေ့တိုင်းဘာသာကျွမ်းကျင်သူ C . O Blagden က ဝှက်စာ​ဖော်သလို ​ဖော်ထုတ်နိုင်ခဲ့တယ် ။ သူက ​ရှေးမွန်စာ မ​လေးဘာသာ ကျွမ်းကျင်သူဖြစ်တယ် ။ C . O Blagden က ဗမာ​တွေကို ​ရှေးပျူ ၊ မွန် ၊ ဗမာစာ ဖတ်နည်း သင်​ပေးခဲ့တယ် ။

၁၈၅၇ မင်းတုန်းမင်း မန္တ​လေးနန်း​တော်​ဆောက်​နေစဥ် ရန်ကုန်ဆိပ်ကမ်းမှာ နိုင်ငံတကာသွား ကုန်တင် ခရီးသည်တင် သ​‌ေ​င်္ဘာ​တွေ ​ပြေးဆွဲ​နေပြီ ။ ဘဏ်တိုက်ကြီး​တွေ ကုန်တိုက်ကြီ​တွေ ​​ရောက်လာပြီ ။ မြန်မာ​တွေ brandy ကို ပိုခံတွင်း​တွေ့ကြသတဲ့။

ထူးခြားမှုတစ်ခုက ​မြေ​အောက်မှာ တည်​ဆောက်ထားတဲ့ water supply ​ရေသုံးပိုက် ၊ အ​ရေး​ပေါ်မီးသတ်ပိုက် ၊ မိလ္လာပိုက်​တွေ ​ဆောက်တယ် ။ မိလ္လာပိုက်​တွေကို မှုတ်စက် hydropneumatic system နဲ့ကန်ကိုပို့ treatment စစ်ထုတ်သန့်စင်ပြီး မြစ်ထဲ ပို့တဲ့စံနစ် ၁၈၈၇ မှာ ​ဆောက်ပြီးပြီ ။ ဘာဆန်းလို့လဲ ​မေးရင် လွပ်လပ်​ရေးရပြီး အစိုးရအဆက်ဆက် သာ​ကေတ ၊ သုဝဏ္ဏ ၊ ​တောင် ​​မြောက်ဥက္ကလာ ၊ ​ဒဂုံ မြိုသစ်များ အဲဒီလို infrastructure မျိုး မလုပ်နိုင်ပါ ။ အထူးသဖြင့် ၂၄ နာရီ​ရေစီး​နေတဲ့ မီးသတ်ပိုက် မတည်​ဆောက်နိုင်ခဲ့ပါ ။

၁၉၀၇ ခုနှစ် ရန်ကုန်မှာ လမ်း​ဘေးလျှပ်စစ်မီးတိုင်​တွေ ထွန်း​နေပြီ ။ ၁၈၉၁ မှာ အ​မေရိကန်ပြည်​ထောင်စု သမ္မတ အိမ်ဖြူ​တော်မှာ လျှပ်စစ်မီးထွန်းတယ် ဆို​​တော့ကာ မြန်မာ​တွေရဲ့ လူ​နေမှုအဆင့်ကို မှန်းဆနိုင်ပါတယ် ။ ၁၉၆၀ မတိုင်ခင်အထိ မြန်မာဟာ ကမ္ဘာမှာ ဆန်စပါးအများဆုံး တင်ပို့​ရောင်းချတဲ့ နိုင်ငံဖြစ်ခဲ့တယ် ။​ နောက်ပိုင်း ထိုင်း နဲ့ ဗီယက်နမ် ဖြစ်သွားတယ် ။

ဖေ့စဘွတ်မှာ မြန်မာ​တွေရဲ့ ​ရွှေ​ခေတ် post ​တွေ ဖတ်လိုက်ရတယ် ။ ဒီ debate အ​ဖြေထုတ်ဖို့ မရည်ရွယ်ပါဘူး ။ ပါတ်ဝန်းကျင် ထိုင်းနိုင်ငံက ကိုယ့်ထက် အ​ခြေခံအ​ဆောက်အအုံ လူ​နေမှုစံနစ် infrastructure ၁၀ ဆ ​လောက်သာ​နေချိန်မှာ တချိန်က ​ရွှေထီး​ဆောင်းခဲ့တဲ့ အတိတ်ကို သာယာချင်စိတ် အလျှင်းမရှိပါ ။

သို့​သော် သမိုင်း ဖြစ်ရပ်မှန်သည် လိမ်လည်လို့မရပါ ။ ထိမ်ချန်လို့ မရပါ ။ နောင်လာ​နောက်သား တစ်​ယောက်​ယောက် သမိုင်းစာမျက်နှာကို ဖတ်ကြည့်လာတဲ့အခါ ဒီလိုဖြစ်ခဲ့တယ်ဆိုတာ သိ​စေချင်တာပါ ။

AungThein Thein
ကိုးကား – နန်းမှုနန်းရာ (မြ​ကေတု)
A history of Rangoon by R B PEARN ဘာသာပြန် ကိုကို​လေး ရန်ကုန်သမိုင်း
ရတနာပုံ နိဒါန်း နဲ့ နိဂုံး (ဒဂုံ ခင်ခင်​လေး)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page