ထွန်းထွန်းမင်း စိန်ခေါ်မှုကို ချန်ပီယံ ဒေဝ စကားစစ်ထိုး (ပွဲကြီးပွဲကောင်း လာတော့မှာလား)
ကနေဒါနိုင်ငံသား ဒေ့ဗ် အဖြစ်ကနေ မြန်မာနိုင်ငံသား ဒေဝအဖြစ် ပြောင်းလဲကာ မြန်မာနိုင်ငံကိုယ်စားပြု လက်ဝှေ့ထိုးသတ်နေတဲ့ Dave Leduc က ထွန်းထွန်းမင်းရဲ့ မကြေပွဲစိန်ခေါ်ထိုးသတ်ချင်ပါတယ် ဆိုတဲ့အပေါ်ကို အခုလို တုံ့ပြန်ခဲ့ပါတယ်။
“ကျွန်တော့်ရဲ့အင်တာဗျူးတွေတိုင်းမှာ ခင်ဗျားကိုကျွန်တော် လေးစားတယ်လို့ အမြဲဖြေခဲ့တယ်။ ကျွန်တော်တို့ ယှဉ်ထိုးခဲ့ကြတဲ့ ၃ ခါအရတော့ ခင်ဗျားက အမာဆုံးကစားသမားပါ။
ကျွန်တော်တို့နောက်ဆုံးပွဲတုန်းက ပထမဆုံးအချီကတည်းက ကျွန်တော့်ရွှေတံတောင်နဲ့ အလဲသိပ်လိုက်လို့ ခင်ဗျားကို အချိန်စေ့တဲ့အထိ မနည်းနှိးလိုက်ရတယ်လေ။ ကျွန်တော်တို့နောက်ဆုံးပွဲကတည်းက ကျွန်တော်က ခင်ဗျားထက်သာတာ အသိသာကြီးပါ။ အဲဒါနဲ့များ အခုဘာလို့ ထပ်ထိုးချင်နေရတာလဲ။
နောက်တစ်ခါ ကျွန်တော့်နာမည်ကိုထုတ်မပြောခင် ချန်ပီယံမဟုတ်သေးတဲ့အသက် ၂၀ အရွယ် ရွှေရာမာန်ကိုပဲ အရင်နိုင်အောင်လုပ်လိုက်ဦးနော်။ လွယ်လွယ်လေးအနိုင်ရသင့်ပေမယ့် သူ့ကိုတောင် ခင်ဗျားအလဲထိုးနိုင်မယ်မထင်ဘူး။ အဲဒီကလေးက ကျွန်တော့်ကို တစ်ချီတောင် တောင့်မခံနိုင်တဲ့ကလေးပါ။
P.S. ကျွန်တော်က လက်ဝှေ့မှာ သက်လုံအတွက် ရှယ်ကျင့်ထားပြီးသားပါ။ အဲဒီတော့ အလဲထိုးချင်တယ်ဆိုရင် ခင်ဗျားသုံးချီလောက်နဲ့ ဟောဟဲဆိုက်နေမယ့်အချိန်မှာ ကျွန်တော်က အချီ ၂၀ လောက်ကို ချွေးမထွက်ဘဲသွားလို့ရတယ်နော်” – ဒေဝ
ထွန်းထွန်းမင်း ကလည်း သူ့ရဲ့ ပေ့ချ်ကနေ ဒေဝရဲ့ စကားကို အခုလိုပဲ တုံ့ပြန်ခဲ့ပြန်ပါတယ်။
ငါလဲ ပြိုင်ဘက်ပေါ် လေးစားမှု အပြည့်ရှိပါတယ်။ ငါနဲ့ မင်းမပြီးသေးတဲ့ ရိုးရာလက်ဝှေ့ရဲ့ ပဝါမကူ ရေမရှူပဲနဲ့ မင်းပြောတဲ့အတိုင်း အချီ ၂၀ ဆိုလဲ ငါ့ဘက်က အဆင်သင့်ပဲ။ ငါတို့ ၂ ယောက်ပြောနေမဲ့အစား လက်တွေ့ကြိုးဝိုင်းပေါ်မှာ ပရိသတ်တွေကိုသက်သေပြ ကြတာပေါ့
ငါဘက်က အဆင်သင့်ပဲ မှတ်ချက် မင်းဘက်ကလက်ခံမယ်လို့ငါမျော်လင့်နေမယ် – ထွန်းထွန်းမင်း