မန္တလေးမှာ ဒေသတွင်း ကူးစက်မှု စတင်၊ စွမ်းအားတွေ အကုန်စုစည်းပြီး ခုခံဖို့ အချိန်ကျပြီ

မန္တလေးမှာ ဒေသတွင်း ကူးစက်မှု စတင်၊ စွမ်းအားတွေ အကုန်စုစည်းပြီး ခုခံဖို့ အချိန်ကျပြီ

ကလေးမလေးက အနံမရတာ သုံးရက်ရှိပြီ ဆိုပြီး ဖုန်းဆက်နေတာကို အဆောင်အတူနေသူတွေက ကြားသတဲ့။ ဒီတော့မှ အဆောင်က သိပြီး ဝိုင်းမေးကြတော့ ကလေးမလေးက ဝန်ခံတယ်။ ဒါနဲ့ ဆေးရုံပို့ရတာပေါ့။ Positve ထွက်သတဲ့။ အဆောင်နေသူ စုစုပေါင်း ၂၀ ကျော်လောက် ဇီးပင်ကြီးကို ချီတက်သွားကြပြီ။

ဒါနဲ့ အနံ့ပျောက်ကလေးမလေး ဘယ်မှာ လုပ်လဲ မေးလိုက်တော့ ဈေးချိုက မြေသြဇာဆိုင်တဲ့။ ဈေးချိုက ပိတ်ထားတာ ကြာပြီပဲ။ သူဘယ်က ရောဂါ ရတာလဲ။ ဘာပဲဖြစ်ဖြစ် Local spread ဒေသတွင်း ကူးစက်မှုတွေ စနေပြီပေါ့ မန္တလေးရေ။

ဝူဟန်မှာ ဖြစ်တယ်။ ကျန်တဲ့နိုင်ငံတွေက ငါတို့ မဖြစ်လောက်ဘူးဆိုပြီး ပေါ့နေတယ်။ အနောက်နိုင်ငံတွေ အထိနာတယ်။ မြန်မာက စဝင်လာတဲ့ ကိုဗစ်ပိုးတွေကို သင်္ကြန်အကူအညီနဲ့နိုင်သွားတယ်။ အာရှမှာ ကူးစက်မှု အနည်းဆုံးနိုင်ငံတွေထဲပါခဲ့တယ်။ ဒါဟာ ဘာတွေကောင်းလို့ ညာတွေစွမ်းလို့ ထင်ကြေးပေးကြတယ်။ ဒို့မြန်မာတွေ မကူးစက်တော့ဘူးလို့ ထင်ကြတယ်။

ဗြုန်းကနဲ စစ်တွေမှာ ဖြစ်တယ်။ မြန်မာပြီကို ကိုဗစ် တိုက်စစ်ဆင်တော့တယ်။ ကိုဗစ်ကို ထိမ်းနိုင်မယ် ထင်တယ်။ မထိမ်းနိုင်ဘူး။ ရန်ကုန်ကို ပြန့်လာတယ်။ ရန်ကုန်ကို ထိမ်းနိုင်မယ်ထင်တယ်။ အစွမ်းကုန်ခုခံနေရတယ်။ ဒါဖြင့် မန္တလေးကော။

“မန္တလေးကတော့ ရန်ကုန်လို လူနေမစိတ်ဘဲ လူနေကျဲတယ်၊ မန္တလေးက စကားနားထောင်တယ်၊ ခေါင်းဆောင်ကောင်းတွေ ရှိတယ်၊ ဒါကြောင့်မိုလို့ ကူးစက်မှု မရှိနိုင်ပါဘူး” လို့ လူကြီး တချို့ စကား ကြားရချိန်မှာ ကျနော် စိတ်မကောင်းဖြစ်ရတယ်။ ကျနော်တို့ မန္တလေးကလည်း လူတွေနေတာပါ။ Outbreak ကပ် မဖြစ်နိုင်ပါဘူးလို့ လျှော့ မတွက်စေ့ချင်ပါဘူး။ ရန်ကုန်ကလေ တက်ဆီငှားပြီး မန်းလေးကို ကိုဗစ် ရှောင်လာသူတွေအကြောင်း ကြားရတော့ ဝူဟန်က လူတွေ အထုတ်အပိုးနဲ့ ထွက်ပြေးခဲ့တာကို သတိရစေပါတယ်။

အခုအချိန်မှာမြန်မာနိုင်ငံရဲ့ ရန်ကုန်ဟာ ကိုဗစ်နဲ့ နပန်းလုံးနေရပါပြီ။ ဒုတိယအကြီးဆုံးမြို့ မန္တလေးသာ ကိုဗစ်နဲ့ နပန်းလုံးရတော့မယ် ဆိုရင် လာမယ့် ရွေးကောက်ပွဲအပေါ် သက်ရောက်မှုတွေ နိုင်ငံရေး ချိန်ခွင်ညှာပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ကျနော်ထင်ပါတယ်။ တနိုင်ငံလုံးရဲ့ အနာဂါတ်ဟာ မန္တလေး ကျဆုံးခြင်းအပေါ်တည်နေတယ်လို့ ကျနော်ယုံကြည်တယ်။

မန္တလေးရဲ့ စွမ်းအားတွေ အစွမ်းကုန် စုစည်းပြီး ခုခံကြဖို့ Save Mandalay ကန်ပိန်းနဲ့ စည်းကမ်းတကျ နေထိုင်ခုခံကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။

Maung Maung Oo

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page