သုံးရေ လုံးဝ မရှိတဲ့ ဒေါပုံ အထက (၁) Q စင်တာရဲ့ အခြေအနေကို ဖွင့်ချပြလိုက်တဲ့ Q ဝင်သူတဦး

သုံးရေ လုံးဝ မရှိတဲ့ ဒေါပုံ အထက (၁) Q စင်တာရဲ့ အခြေအနေကို ဖွင့်ချပြလိုက်တဲ့ Q ဝင်သူတဦး

Q စင်တာ ဒုတိယမြောက်နေ့ အခန်းတူနေရတဲ့ ညီမလေးကတော့ စိတ်ဆင်းရဲ ဝမ်းနည်းလွန်းလို့ မနက်အစောကတည်းက ငိုကျွေးနေရှာပါတယ်။ ပြူတင်းပေါက်ကနေ ခုန်ချချင်တယ်ဆိုပြီး ငိုနေရှာတယ်

ညသန်းခေါင်ကြီးမှ လာမေးတဲ့ ဗော်လန်တီယာတွေက သူတို့က ဒီနေ့မှ တာဝန်လွှဲယူတွေပါပြောလို့ ဆေးလည်းကုသပေးမှာပါလား ဆေးရောတိုက်ကျွေးမလားမေးတော့လည်း ဗီတာမင် စီ အတွက်ကို ရပ်ကွက်ထဲမှာ အလှူခံရဦးမှာပါတဲ့

အိမ်သာ – ရေတစ်စက်မျှမရှိ အစားအစာဆိုလည်း အလှူရှင်မရှိတဲ့နေ့ ကိုယ့်ဘာသာစီစဉ်ဆိုတာပါပဲ အမှန်ဆို အစားအသောက် လှူသူမရှိတောင် တစ်ဦးခြင်း ပျမ်းမျှကုန်ကျငွေကောက်ခံပြီးစနစ်တကျ စီစဉ်ရမှာမဟုတ်ပါလား?

ရေချိုးရန်နေရာ – ကျောင်းကြီးဝင်ပေါက်မှာ အမျိုးသား အမျိုးသမီး ရေချိုးရန်ကပ်လျက်အဆောင် ၂ခုဆောက်ထားပြီး ရေစုချိုးရတာပါ နေရတဲ့အဆောင်နဲ့ အတော်ဝေးပါတယ်။ ပုံကိုကြည့်ပါ။ တကယ်တမ်း အရမ်းဆင်ခြင်ပြီးသွားရင်တောင်အနည်းဆုံး မျက်နှာဖုံးချွတ်ချိန်ကူးစက်ကြမှာပါ

တာဝန်ခံပါလို့လာရှင်းပြတဲ့အစ်မကို ဒီအကြောင်းမေးတဲ့အခါ ၄ယောက်တတွဲ ရေချိုးဖို့ စီစဉ်ပေးပါမယ်တဲ့

အခြေခံလိုအပ်ချက် သုံးရေ လုံးဝမရှိ၊ လူနေဆောင်မှာလည်းမရှိ၊ အိမ်သာမှာလည်းမရှိ၊ ရေချိုးတဲ့နေရာဆိုတာလည်း ရေထဲအထဲမှာ ဘယ်လိုစီစဉ်ထားလည်း အောက်ဆင်းကြည့်မှ လောလောဆယ် ဘယ်မှ မသွားရဲ ကိုယ်တွေရှေ့ ရောက်နေတဲ့လူတွေလည်း ဒီဒုက္ခတွေကြိတ်မှိတ်ခံစားနေရ၊ သူတော်ကောင်းအပေါင်းက (ကျွန်မအထင်တော့ အဲဒီစီစဉ်တဲ့အဖွဲ့ကလူတွေကပဲ တန်ပြန်ရေးကြပြောကြတာပါ) မြေပြင်အခြေအနေမှန်ကိုမသိဘဲ ကိုယ်တွေက အရမ်းပဲချေးများလွန်းလို့ ဖြစ်နေတဲ့ပုံမျိုးဖြစ်အောင် ဝိုင်းပြောနေကြတာ အရမ်းစိတ်မကောင်းရပါတယ်။

တကယ်ကို ဒီ ဒေါပုံ ထ၁ ကျူစင်တာကိုလာကြည့်ကြပါ ဘာတွေဖြစ်နေလဲလို့၊ ဗော်လန်တီယာ အစ်မကြီးကိုယ်တိုင်က ညကပဲလာပြောသွားတာ ခွင့်လွှတ်ပါ သူတို့ ဥက္ကဌက ဒီကိစ္စကို အတွေ့အကြုံမရှိသေးတာမို့ပါတဲ့။ အတွေ့အကြုံမရှိလို့ စီစဉ်တာ လစ်ဟာတာနဲ့ စုတ်ပြတ်သပ်အောင် ဘာတစ်ခုမှ မစီစဉ်ထားတာ လုံးဝကွာပါတယ်။ လူလူခြင်း လူလို ဆက်ဆံတတ်ကြပါစေရှင်။ ကျွန်မတို့ မှ အိုတတ် နာတတ် သေတတ်တဲ့ ခန္ဓာ ရထားတာမဟုတ်ပါဘူးနော် ရှင်တို့အားလုံးမှာလည်း ဒီခန္ဓာရထားပါတယ်။

ကျွန်မဆို အအေးမိနှာခေါင်းပိတ်တာ ညက နှာခေါင်းကပြန်ပွင့်ပြီး အနံ့ရပေမယ့် အိပ်စက်ရတာအဆင်မပြေမှုကြောင့် အအေးမိ နှာခေါင်းပြန်ပိတ်ပြီး အခုဆို ကျောအရမ်းနာပြီး လှုပ်မရပြန်ဖြစ်သွားပါတယ်။

ကိုယ့်အိမ်မှမဟုတ်တာ ချေးများမနေကြနဲ့ ကပ်ရောဂါက ဆိုက်နေတာဆိုပြီး မသိမမြင်မခံစားရဘဲပြောနေသူတွေ လက်တွေ့လာကြည့်ပါနော် Q center အားလုံးမတူညီပါဘူးနော် အဲထဲမှာမှ ဒီမှာက တကယ့်ကို ဖြစ်ကတတ်ဆန်းပါနော်

Lonemalay Lonemalay

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page