မနေ့က ပြောသွားတဲ့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းထဲက အရေးကြီးဆုံး အချက်တချက်

မနေ့က ပြောသွားတဲ့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းထဲက အရေးကြီးဆုံး အချက်တချက်

မနေ့က အမေစု ပြောကြားချက်မှာ အရေးကြီးဆုံး တချက် ပါသွားပါတယ် ။ အဲ့ဒါကတော့ rapid antigen test kit အခု တသိန်း ကိုရီးယား က ဝယ် ပါ လိမ့်မယ် ။

ကိုရီးယား က လည်း ဒေါ်လာ ငါးသိန်း ဖိုး လှူပါလိမ့်မယ် ။ test kit က တခု ကို ငါးဒေါ်လာ လောက် ပဲ ကျတာမို့ စုစုပေါင်း အစုံ ၂ သိန်း လောက် တရက် နှရက် အတွင်း ရောက် လာပါလိမ့်မယ် ။ ဒါတွေက swab ယူရတာလည်း လွယ် တယ် ။ အဖြေ လည်း အထွက် မြန်တယ်၊ တိကျ မှုကတော့ ၉၅% လို့ ပြောထား ပါတယ် ။

အဲ့ဒါတွေ ခရိုင် အဆင့် မြို့နယ် အဆင့် ထိ ချ ပေးပါလိမ့်မယ် ။ နိုင်ငံ အချို့မှာ ဆို ကိုယ့်ဟာ ကိုယ်တောင်စစ်နေကြပါပြီ။ ဒါကို သုံးခွင့်ပြုလိုက်တော့ ဗဟို က ဒိုင် ခံ စစ်နေရတဲ့ work load တွေ ကျ သွား မယ် ၊ ပိုးစစ်ခ ကျသင့် ငွေ တွေ ကျ သွားမယ် ။ စျေး က အဆ ပေါင်းများစွာ ကွာပါ တယ် ။ တခုတော့ ရှိတယ်ပေါ့ ။ များများစစ် ရင် များများတွေ့ ပါလိမ့် မယ် ။ ဒါကိုတော့ အရမ်းကြီး မစိုးရိမ် ကြဖို့ လိုပါတယ် ။

အများကြီး တွေ့လာမယ့် ပေါ့စတစ် တွေ အတွက် အစိုးရ ဘယ်လို စီမံမယ် ဆိုတာ စောင့်ကြည့်ဖို့ လိုပါတယ် ။ အခု ဆိုရင် center ၃ မျိုး ခွဲထားပါတယ်။ Positive center နဲ့ ICU center၊ Contact center၊ Anosmia အနံ့ပျောက် center ကိုဗစ် က မာယာ များတယ် ၊ ဒါ ကို လိုက် ပြီး မူဝါဒ တွေ ပြောင်းလဲ နေရပါတယ် ၊ မိနစ် ပိုင်းလောက် အတွင်းမှာ တောင် အပြောင်းအလဲ တွေ ရှိပါတယ် ။ အခုထိတော့ အစိုးရ ရဲ့ ကိုဗစ် မူဝါဒ အပြောင်းအလဲ တွေ ဟာ နောက်မကျ သေးပါဘူး ။

တစ်ယောက် တစ်ပေါက် ၊ ကိုယ်ထင်ရာ ကိုယ်ထ ရေးနေတာတွေ ကို လည်း သတိထား ယုံ ကြပါ ၊ vitamin C ၊ D3 နဲ့ Zinc high dose တွေ လည်း ကြည့်ကျက်သောက်ကြအုန်း ။ ကိုယ် ခံအား မတက်ပဲ မူးနောက်ပြီး ဆေးရုံ ရောက် ကုန်ကြ ပါလိမ့်မယ် ။ အကောင်းဆုံး ကတော့ အိမ်မှာ နေပြီး ရေများများ သောက် ၊ ခုန် ပေါက် ချွေး ထွက် အောင် လုပ်နေတာ ပို အကျိုး ရှိပါတယ် ။

Zarni Zeya

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page