ပေါက်ဖော်ကြီးတွေက ‌ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ နိုင်စေချင်ရတဲ့ အကြောင်းရင်း

ပေါက်ဖော်ကြီးတွေက ‌ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ နိုင်စေချင်ရတဲ့ အကြောင်းရင်း

ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ လက်ရှိအနေအထားကပဲ တပ်မတော်လွှမ်းမိုးတဲ့အုပ်ချုပ်ရေးထက် တရုပ်တို့ရဲ့လိုလားချက်တွေကို ပိုပြီးဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ တရုပ်တို့ကထင်နေပြီ ဆိုပြီး ဘာတေးလ်လစ်တနာက ရေးသားလိုက်ပါတယ် မြန်မာပြည်က အထွေထွေရွေးကောက်ပွဲကျင်းပရတော့မယ့် အချိန်ကိုဝင်ရောက်လာတာနဲ့အမျှ စီးပွားရေး ကိုဗစ်၁၉ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဟာ အောင်နိုင်ရေးလမ်းကြောင်း တွေကို ဖွင့်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြပါတယ်

ဒါပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်း အတွက်ကတော့ ထင်မြင်ချက်တွေဟာ ဘယ်လိုနိုင်ငံခြားရေးမူမျိုးနဲ့ သွားဖို့များသလဲဆိုတဲ့အပေါ် မူတည်ပါတယ် တရုပ်ဖက်ကို ဆက်ဆံရေးပိုအားသာပြီးပိုနီးကပ်မလား မဟုတ်ရင် တရုပ်ဆီကနေခွဲခွာထွက်ပြီး ပိုလွတ်လပ်တဲ့ ရပ်တည်မှုနဲ့သွားမလားဆိုတာကို မူတည်ပါမယ် ဘေဂျင်းကခေါင်းဆောင်တွေအနေနဲ့ မြန်မာ့စစ်အစိုးရကို မျက်နှာသာပေးခဲ့ပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သံသယကြီးမားစွာ ထားရှိခဲ့တဲ့အချိန်တွေကနဲ့စာရင် အခုအခြေအနေတွေဟာအများကြီးပြောင်းလဲသွားခဲ့ပါပြီ

အခုတော့ တရုပ်အစိုးရရဲ့ ကိုယ်စားလှယ်တွေဟာ လတ်တလောမှာ သီးသန့်ဆွေးနွေးခဲ့ကြတဲ့ ဆွေးနွေးချက်တွေကို လျှို့ဝှက်ချက်တွေ မထားတော့ဘဲ သူတို့ဟာ ဒေါအောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ NLD အနိုင်ရတာကို မြင်ချင်နေကြကြောင်း နဲ့ ဗိုလ်ချုပ်ကြီးတွေကို သတိထားပြီးနေကြကြောင်း သူတို့တွေကိုလွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ တဖြည်းဖြည်းနဲ့ ခက်လာတယ်ဆိုတဲ့အကြောင်းတွေကိုပါ ထုတ်ပြောလာကြပါတယ် စစ်တပ်နဲ့ သဟဇာတဖြစ်တဲ့ USDP ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာတုန်းက ဆိုးရွားစွာရှုံးနိမ့်ခဲ့ပါတယ် အခုလာမယ့်နိုဝင်ဘာလရွေးကောက်ပွဲမှာတော့ ပိုကောင်းလာနိုင်မလားဆိုတာကိုတော့ မပြောနိုင်သေးပါဘူး

မြန်မာ့တပ်မတော်အနေနဲ့သူတို့ဟာ နိုင်ငံတော်အချုပ်အခြာကိုကာကွယ်ဖို့တာဝန်နဲ့ တရုပ်အပေါ်ကိုအမှီအခိုလျှော့ချဖို့ဆိုပြီးခံယူထားပါတယ် ယခင်ကရှိထားခဲ့တဲ့အနောက်နိုင်ငံတွေက မိတ်ဆွေတွေနဲ့ ကြည်ညိုလေးစားသူတွေဟာ ဘင်္ဂါလီပြဿနာတွေကြောင့် ဖယ်ခွာသွားကြချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ စီးပွားရေးနဲ့ အခြားအကူအညီတွေကိုရရှိဖို့ တရုပ်ဖက်ကို ပြန်လှည့်ခဲ့ရပါတယ် ၂၀၁၇ သြဂုတ်လကနေအခုအထိ ဘင်္ဂါလီ ပြသနာတွေဟာ မပြီးသေးပါဘူး တခါက ထင်ရှားတဲ့ လူအခွင့်အရေးခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂနဲ့အခြားနိုင်ငံတွေက မြန်မာနိုင်ငံကိုပြစ်တင်ရှုတ်ချမှုတွေကို ငြင်းဆိုခဲ့ပါတယ်

သိတဲ့အတိုင်းပါပဲ သူဟာအနောက်နိုင်ငံတွေရဲ့ပစ်ပယ်မှုကိုနေ့ချင်းညချင်းဆိုသလို ပြဇာတ်ဆန်စွာ ခံခဲ့ရပါတယ် အဲ့သည်လို ဖြစ်နေရတဲ့ မြန်မာတို့ရဲ့ကပြောင်းကပြန် နိုင်ငံခြားဆက်ဆံရေးတွေထဲမှ ာတတိယအင်အားစုအဖြစ်ပါဝင်နေတာကတော့ ဂျပန်ပါပဲ ဂျပန်တို့ဟာ ဒေသထဲက ပထဝီနိုင်ငံရေးပြောင်းရွှေ့မှုရဲ့ အန္တရာယ်ကို ကောင်းစွာမြင်တဲ့အတွက် မြန်မာတို့အပေါ်အနောက်အုပ်စုရဲ့ပြစ်တင်ရှုတ်ချမှုတွေမှာ မပူးပေါင်းခဲ့ပါဘူး ပြီးခဲ့တဲ့လ သြဂုတ်၂၁ ကနေ၂၄အတွင်းမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာ ပါပူအာ နယူးဂီနီ၊ ကမ္ဘောဒီးယား၊ လာအို နဲ့ မြန်မာတို့ကို ချစ်ကြည်ရေးခရီးထွက်ခဲ့ပါတယ်

အရှေ့တောင်အာရှလေးနိုင်ငံခရီးစဥ်ဖြစ်ပြီး ကပ်ရောဂါ ကာလအတွင်းမှာကိုပဲသွားရောက်ခဲ့တာဖြစ်ပါတယ် သူ့ရဲ့ရည်ရွယ်ချက်ကတော့ ဒေသထဲမှာမြင့်မားလာနေတဲ့တရုပ်တို့ရဲ့သြဇာလွှမ်းမိုးနေမှုကို ချေဖျက်ဖို့ပါ မိုတေဂျိဟာ မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည် အပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်း တွေ့ခဲ့ပါတယ် မိုတေဂျိက ဒေါ်အောင်ဆန်းစုကြည်ကို ကိုဗစ်၁၉ ထိန်းချုပ်ရေးအတွက် နည်းပညာအကူအညီတွေ ပေးမယ်လို့ကတိပေးခဲ့ပြီး နှစ်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကျောင်းသားတွေ အပြန်အလှန်ခရီးသွားလာနိုင်ရေးစီမံပေးဖို့ နှစ်ဖက်သဘောတူညီခဲ့ကြပါတယ် ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့ဆုံရာမှာတော့ မိုတေဂျိက မြန်မာပြည်ကငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေကို ကူညီထောက်ခံဖို့ ကတိပြုခဲ့ပါတယ် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကကြေညာချက် ထုတ်ပြန်ခဲ့ရာမှာတော့ ပိုထူးဆန်းပြီး အသေးစိတ်ဖော်ပြမထားတဲ့ အကြောင်းအရာတစ်ခုပါလာပါတယ် မိုတေဂျိနဲ့ တပ်ချုပ်တို့ဟာ ဒေသတွင်းအခြေအနေတွေကို အမြင်ခြင်းဖလှယ်ခဲ့ကြတယ်ဆိုတာပါပဲ

တောင်တရုပ်ပင်လယ်အရေးနဲ့ နှစ်နိုင်ငံအချင်းချင်းထိရောက်နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ရေးအတွက်သဘောထားချင်း တိုက်ဆိုင်ခဲ့ကြတယ်လို့ဆိုပြီးပါလာပါတယ် ဒေါ်အောင်ဆန်းစုကြည်ကို မိုတေဂျိပေးခဲ့တဲ့ကတိဟာ မြန်မာပြည်အပေါ်မှာ ကောင်းကောင်းကြီးလွှမ်းမိုးတဲ့ တရုပ်တို့ရဲ့သြဇာကို ပွန်းပဲ့ထိခိုက်စေမှာလားဆိုတာကို မြင်ရဖို့တော့ရှိနေပါတယ် စောင့်ကြည့်ရမှာပါ တရုပ်မြန်မာစီးပွားရေးစင်္ကြန်ထဲမှာ ကြည့်ရင် ရထားလမ်းဖောက်လုပ်ရေး အဝေးပြေးလမ်းမကြီးများ မြစ်ကြောင်းတွေထဲကအဆင့်မြှင့်တင်ထားတဲ့ရေလမ်းကြောင်းများ စတာတွေ ဟာရှင်းလင်းစွာတွေ့ရပါတယ် ဒါတွေဟာ တရုပ်သမ္မတ ရှီရဲ့ ​​သေရေးရှင်ရေးတမျှအရေးပါတဲ့ ကမ္ဘာလုံးဆိုင်ရာပရောဂျက် BRI ရဲ့ မရှိမဖြစ် လုပ်ငန်းတွေအဖြစ်တွေ့ရပါလိမ့်မယ်

အမေရိကန်တို့နဲ့တင်းမာနေချိန် စစ်အေးတိုက်ပွဲအသစ်ဖြစ်နေချိန်မှာ တရုပ်တို့ရဲ့ အိမ်နီးချင်းအရှေ့တောင်အာရှမှာဒီပရောဂျက်ရဲ့ ဆက်စပ်လုပ်ငန်းတွေဟာပိုလို့ အရေးကြီးနေပါတယ် အငြင်းအခုန်ဖြစ်နေရတဲ့တောင်တရုပ်ပင်လယ် နဲ့ အသွားအလာထူထပ်လွန်းတဲ့မလက္ကာရေလက်ကြားတို့ကို မှီခိုပြီးသွားလာနေရတဲ့ တရုပ်တို့နဲ့ အရှေ့အလယ်ပိုင်း အာဖရိကနဲ့ ဥရောပကုန်သွယ်ရေးတွေမှာ နောက်ထပ် ရွေးချယ်နိုင်စရာလမ်းကြောင်းအဖြစ် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် တစ်ခုဖြစ်လာမှာက မြန်မာပြည်ကနေချိတ်ဆက်မယ့် လမ်းကြောင်းပါပဲ

မြန်မာပြည်ကို သမိုင်းဝင်ခရီးစဥ်အဖြစ် သမ္မတရှီဟာ ဇန်နဝါရီလတုန်းက လာခဲ့ပါတယ် ၃၃ ခု ထက်မနည်းတဲ့သဘောတူညီချက်တွေကို ပြုလုပ်နိုင်ခဲ့ပြီး ၁၃ ခုဟာ အခြေခံအဆောက်အအုံ လုပ်ငန်းတွေဖြစ်တယ် အဲ့ဒိအထဲမှာ ဘီလီယန်ပေါင်းများစွာ ကုန်ကျမယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းနဲ့ စက်မှုမြို့တော်တွေ ပါနေပါတယ်။ ကျောက်ဖြူမှာ တရုပ်ကရင်းနှီးမြှုပ်နှံထားတဲ့ ရေနက်ဆိပ်ကမ်းကရှိနှင့်ပြီးသားပါ တခြားတစ်ဖက်ကပြန်ကြည့်ရင် တပ်ချုပ်ဟာ လေ့လာသူစောင့်ကြည့်သူတွေ မထင်မှတ်ထားတဲ့ စကားကို ရုရှသွားတဲ့ခရီးစဥ်တစ်ခုမှာပြောခဲ့ပါတယ်

ရုရှသတင်းဌာနတစ်ခုနဲ့ အင်တာဗျူးလုပ်ရာမှာ မြန်မာပြည်က အကြမ်းဖက်အဖွဲ့တွေရှိနေရတာဟာ အင်အားရှိတဲ့ကျောထောက်နောက်ခံ အဖွဲ့တွေကထောက်ပံ့နေလို့ပါပဲဆိုပြီးပြောခဲ့လိုက်တာပါပဲ အမည်ကိုထုတ်မပြောပေမယ့် သူဟာ ရခိုင်ဒေသက အေအေ သောင်းကျန်းသူတွေကို ရည်ညွှန်းတယ်ဆိုတာ ရှင်းပါတယ် AA တို့ဟာတရုပ်လုပ် လက်နက်တွေနဲ့တပ်ဆင်ပြီးလှုပ်ရှားနေတာပါ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလက ရှမ်းပြည်မြောက်ပိုင်းက လက်နက်ကိုင်အဖွဲ့တွေဆီကနေ မြန်မာ့တပ်မတော်ကဖမ်းမိခဲ့တဲ့ လက်နက်တွေဟာတရုပ်လက်နက်တွေဖြစ်ပြီး တရုပ်ပြည်ကလုပ်တဲ့ လေယာဥ်ပစ်ရော့ကက်လောင်ချာအသစ်စက်စက်တွေပါနေပါတယ်

တရုပ်တို့ရဲ့မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ပေါ်လစီဟာ မြန်မာတို့အတွက် ချေးငွေတွေ ခွင့်ပြုချက်တွေ ကပ်ရောဂါအတွက်အထောက်အပံ့ပေးတာတွေ ပါသလို တစ်ဖက်မှာကျတော့ တိုင်းရင်းသားလက်နက်ကိုင်တွေကို တရုပ်တို့ရဲ့ကြီးမားတဲ့ လက်နက်မှောင်ခိုစျေးကွက်ထဲဆီကိုလမ်းဖွင့်ပေးထားပြန်ပါတယ် ကိုရိုနာကပ်ရောဂါ အရေးတွေအပြင် မြန်မာအာဏာပိုင်တွေ တပ်မတော်အကြီးအကဲတွေ တို့နဲ့များပြားလှတဲ့ဆွေးနွေးပွဲတွေ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှုတွေစတဲ့ ကိစ္စတွေကြားထဲကနေ မြန်မာပြည်တွင်းတိုက်ပွဲတွေဟာ နယ်စပ်ဒေသတွေမှာ ပိုပိုပြီးဆိုးရွားလာပါတယ် ဒါတွေဟာတရုပ်တို့ရဲ့ ကြီးမားတဲ့လွှမ်းမိုးမှုတွေနဲ့ ဖြစ်နေရတယ်ဆိုတာ ရှင်းပါတယ်

ဦးသိန်းစိန်လက်ထက်၂၀၁၁ ကစခဲ့ပြီး လက်ရှိဒေါ်အောင်ဆန်းစုကြည် လက်ထက်အထိ ဆွေးနွေးနေဆဲဖြစ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ အနောက်နိုင်ငံတွေနဲ့ ဂျပန်ကထောက်ပံ့တဲ့အလှူငွေများစွာကို စွဲဆောင်ခေါ်ယူနိုင်ခဲ့ပါတယ် ဒါပေမယ့် အမျိုးသားအပစ်ရပ်စဲရေး NCA သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ကြတာဟာ လက်တဆုပ်စာလောက်ပဲရှိပါတယ် ထိုးခဲ့သူတွေက လက်နက်မရှိတော့တဲ့သူတွေ နယ်မြေစိုးမိုးနိုင်စွမ်းမရှိတော့တဲ့သူတွေ ပါပါတယ် ဒီလထဲ(သြဂုတ်) မှာနောက်ဆုံးကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲဟာ စကားတွေပြောရင်းပြောရင်းနဲ့သာ ပြီးခဲ့ရတာပါ ၈၀%လောက်ကိုကိုယ်စားပြုတဲ့ လက်နက်ကိုင်တွေဟာ NCA ကိုမထိုးရသေးပါဘူးထိုးမယ့်ပုံမပေါ်သေးပါဘူး အဲ့ဒိအဖွဲ့တွေဟာ FPNCC ဆိုတဲ့ အောက်မှာရှိကြတဲ့ ၇ဖွဲ့ဖြစ်ပြီး တရုပ်နဲ့အနီးကပ်ဆုံးသူတွေပါပဲ

သူတို့ထဲကမှ အားအကောင်းဆုံးဟာ “ဝ” အဖွဲ့ ဖြစ်ပြီး တရုပ်လက်နက်တွေ စက်သေနတ်တွေ မော်တာ လေယာဥ်ပစ်မစ်ဆိုင်း အပေါ့စားသံချပ်ကာကားတွေ စစ်သုံးကားတွေ တပ်ဆင်ထားနိုင်တဲ့လက်နက်ကိုင်အဖွဲ့ပါပဲ ရခိုင်ဒေသက AA ဟာFPNCC အဖွဲ့တွေနဲ့ အနီးကပ်ဆက်ဆံရေးရှိပြီး သူတို့အတွက်လက်နက်တွေကို ဝ တို့ဆီကနေရပါတယ် KIA TNLA စတာတွေဟာလည်း ရှမ်းပြည်မြောက်ပိုင်းက တရုပ်နဲ့နီးစပ်နေတဲ့အဖွဲ့တွေပါ အနောက်နိုင်ငံအုပ်စုနဲ့ ဂျပန်တို့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေထဲမှာ ပါဝင်ပတ်သက်ကောင်းပတ်သက်ပါလိမ့်မယ် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတေဂျိဟာ ငြိမ်းချမ်းရေးအတွက် ပိုမိုထောက်ပံ့ပေးဖို့နဲ့ ပြည်တွင်းစစ်ကိုအဆုံးသတ်နိုင်ဖို့ အတွက်ကတိပေးသွားခဲ့ပါတယ်

ဒါပေမယ့် တရုပ်နိုင်ငံကလုံခြုံရေးအရာရှိတွေနဲ့ FPNCC အဖွဲ့ဝင်တွေ လတ်တလောပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲတွေမှာ အဖွဲ့ဝင်တွေကို ငြိမ်းချမ်းရေးဖော်ဆောင်သူတွေနဲ့မတွေ့ဖို့ မဆက်ဆံဖို့ရယ် အနောက်အုပ်စုနဲ့ဂျပန်နိုင်ငံကအရာရှိတွေနဲ့ မတွေ့ဖို့ရယ်ပြောခဲ့တာကိုကြားသိရပါတယ် ဒါကိုကြည့်ခြင်းအားဖြင့် တရုပ်တို့ဟာသူတို့ရဲ့ လက်ထဲကတုတ်ကိုမစွန့်လွှတ်ချင်ဘူး ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေမှာလက်ရှိ ဖြစ်ပေါ်တိုးတက်လာမှုမျိုးတွေကို မဖြစ်စေချင်ဘူး ဆိုတာထင်ရှားပါတယ် အနောက်အုပ်စုတွေဟာ ဘင်္ဂါလီအရေးဆိုတဲ့ ရွှံ့ညွန်တောထဲမှာ နစ်မြုပ်နေပြီးမြန်မာကို အပြစ်တင်နေတုန်းမှာ ဂျပန်တို့ဟာ သူတို့ရဲ့ အကောင်းဆုံးအတတ်နိုင်ဆုံးအားထုတ်မှုတွေနဲ့ အတူ မြန်မာနဲ့ဆက်ဆံရေးကောင်းအောင် လုပ်နေပါတယ်

အဲ့သည်လိုလုပ်နေရင်းမှာပဲ တရုပ်တို့ဟာမြန်မာတို့ကို အပြည့်အဝလွှမ်းမိုးလို့ကောင်းနေဆဲပါ ဒါ့ကြောင့် ပြောတာပါ နိုဝင်ဘာလရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံမှာ လက်ရှိဒေါ်အောင်ဆန်းစုကြည်နဲ့သူရဲ့ NLD အနေနဲ့ အာဏာဆက်ရှိနေပြီး နေမြဲအနေအထားအတိုင်းဆက်လက်ရှိနေစေဖို့ တရုပ်တို့ကလိုလားနေတယ် ဆိုတာကို ခုပြောပြခဲ့တဲ့အချက်အလက်တွေက အကြီးအကျယ် ထင်ဟပ်ရှင်းပြပေးနေပါတယ်

pi lon

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page