ကိုဗစ်အန္တရာယ်ကနေ လက်မတင်လေး လွတ်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်

ကိုဗစ်အန္တရာယ်ကနေ လက်မတင်လေး လွတ်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်

ယနေ့မနက် ပိုးတွေ့လူနာစာရင်းမှာပါတဲ့ ဗဟန်းမြို့နယ်က ၂ ယောက်စလုံးဟာ အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံအမှတ် ၅၄ က ဖြစ်ပါတယ်။

မကြာမီ အမေဒေါ်အောင်ဆန်းစုကြည်ကော့မှူးသွားဖို့ ရန်ကုန်လာဖို့ ရှိတဲ့အတွက် မနေ့က တခြံလုံးကို swab ယူတဲ့အခါ ပိုးတွေ့ရှိရတာဖြစ်ပါတယ်။

တဦးက ကော့မှူးဇာတိဖြစ်ပီး ခြံထဲ အမြဲနေသူဖြစ်ကာ တဦးက မကြာခဏ ဝင်ထွက်သွားလာတတ်တဲ့ မရမ်းကုန်းဘက်ကလူတဦးလို့ သတိရပါတယ်။ ထိတွေ့မှုရှိသူ တိုင်းလွှတ်တော်ကိုယ်စားလှယ်တဦး အပါအဝင် ၆ ဦးလဲ HQ ဝင်နေပါတယ်။

ဒါက ဘာကို ပြသလဲဆိုရင်…ရန်ကုန်မှာ ကိုယ်တိုင်မသိတဲ့ ရောဂါပိုးတိတ်တဆိတ်သယ်‌ဆောင်သူ တွေ အများကြီး ရှိနေပီဆိုတာကို ပြသပါတယ်။ မိမိကိုယ်တိုင် တိတ်တဆိတ် သယ်ဆောင်သူ ဖြစ်နေနိုင်ပါတယ်။ မြန်မာပြည်မှာ ကိုဗစ် လူနာ ၇၅ % ဟာ ရောဂါလက္ခဏာမပြသပါဘူး။

ဒါကြောင့် ရန်ကုန်သားတို့ အထူးသတိထားပြီးနေထိုင်ကြပါ။ မိမိအနားက လူတိုင်းမှာ ရောဂါရှိနေနိုင်တယ်ဆိုတဲ့ အသိကို ထည့်ထားပီး အစွမ်းကုန် ကာကွယ်ကြပါ။ ဒါမှသာ ဒီကပ်ရောဂါဆိုးကြီးကို ကျနော်တို့ အောင်မြင်ပါလိမ့်မယ်။

Nay Thway

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page