သုံးရေ၊ ချိုးရေ၊ သောက်ရေ အားလုံး ပြတ် ၃ ပြတ် ဖြစ်နေတဲ့ ဒဂုံတက္ကသိုလ် Q စင်တာ

သုံးရေ၊ ချိုးရေ၊ သောက်ရေ အားလုံး ပြတ် ၃ ပြတ် ဖြစ်နေတဲ့ ဒဂုံတက္ကသိုလ် Q စင်တာ

ဒဂုံတက္ကသိုလ် မှာလုပ်ထားတဲ့ Q-Center မှာ ရေပြတ်နေတာ ၂ရက်ရှိပြီ။ သုံးရေပြတ်တာပါ။

အိမ်သာတက်ဖို့ ရေချိုးဖို့ လက်ဆေးဖို့ လုံးဝရေမရှိလို့ သောက်ရေသန့်တွေသုံးပြီးလုပ်နေရတာ သောက်ရေပါကုန်နေပြီ ရေကအခုထိမလာသေးဘူးတဲ့။ ပေးထားတဲ့ဖုန်းတွေဆက်ပြီးခေါ်တော့လည်း ရေစက်ပျက်လို့ စောင့်ပါဆိုပြီးပဲဖြေပြီး ဘယ်နေ့ပြန်ရမယ်ဆိုတာမပြောကြဘူးတဲ့။

နေနေရတဲ့လူတွေ တော်တော်အဆင်မပြေကြဘူး။ ဒီအဖွဲ့ထဲမှာ ဒဂုံတက္ကသိုလ် q center နဲ့ အချိတ်အဆက်ရှိတဲ့ သူများရှိကြလားရှင်။ ကျမတူ ၂ ယောက် q ဝင်နေနေရတာ အစားအသောက်ပေးတာနည်းလို့ ဒီနေ့ မုန့်‌တွေနဲ့ ovaltine ၊ ရေနွေးတည်ဖို့အိုးနဲ့ ဖုန်းကြိုး၊ ဟန်းဂျယ်တွေ သွားပို့တာလည်း ကလေးတွေဆီမပေးသေးပဲ စစ်ဆေးပြီးမှ မနက်ဖြန်မှကလေးတွေ လက်ထဲ‌ရောက်မယ်ပြောပြန်တယ်။

စစ်မယ်ဆိုလည်း ချက်ချင်းစစ်ကြည့်ပြီး ပေးလို့ရတဲ့ကိစ္စကို ဘာလို့တစ်ညသိပ်တာပါလိမ့်။ အဆင်မပြေတဲ့ကိစ္စကိုဝင်ပြောရလို့ ဖတ်မိသူတွေစိတ်အနှောက်အယှက်ဖြစ်ရင် မရည်ရွယ်ပါဘူးလို့ နော် ကူပေးနိုင်မယ့် တစ်ယောက်ယောက်များ ရှိမလားဝင်ရေးတာပါ။

Lwin Lwin Aung

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page