လိုင်းပေါ်မှာ လေလုံးကြီးပြီး အပြင်မှာ လာညှိတဲ့လူကို ပန်ဆယ်လို ဒဲ့ ကင်တော့မယ်
လိုင်းပေါ်မှာ လေလုံးကြီးပြီး အပြင်မှာ လာညှိတဲ့လူကို ပန်ဆယ်လို ဒဲ့ ကင်တော့မယ်
ကိစ္စတစ်ခုတော့ ပြီးပြီ။
ဖေ့စ်ဘုတ်မှာကျ ဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့ အပြင်မှာကျ ကြားလူနဲ့လာညှိခိုင်းတဲ့သူတစ်ယောက်နဲ့တော့ ဆက်ရှင်းရဦးမယ်။
ကိုယ့်ဘက်က တရားစွဲခံရစဉ်မှာလည်း မညှိနှိုင်းခဲ့ဘူး။ သုံးနှစ်လုံး စိတ်ပင်ပန်းခဲ့ပေမယ့် ညှိနှိုင်းဖို့ ယောင်လို့တောင် မတွေးခဲ့ဘူး။ အမှုမဖြစ်ခင်ကတည်းက တောင်းပန်ရင် ကျေအေးပေးမယ်တဲ့။ ဆောရီး… မတောင်းပန်နိုင်ဘူး။ အပြန်အလှန် ကျေအေးရအောင်… ဆောရီး… စိတ်မဝင်စားဘူး။ အဲ့လိုနဲ့ သုံးနှစ်ကြာခဲ့တယ်။
ဒီဘဲကကျ ဆန်းတယ်။ ဖေ့စ်ဘုတ်မှာကျ လေလုံးက သေသွားမယ် ရှင်သွားမယ် မသေမရှင် ဖြစ်သွားမယ်။ အမှန်တရားဘက်သားကြီးနော်။ တစ်ပြားမှ မလျှော့ဘူး။
အပြင်မှာ ကြားလူကတစ်ဆင့် ကျေအေးကြရအောင်ပါတဲ့။ Whatttttttt!
ဆောရီး… ဒီနေရာမှာ ဘာညှိနှိုင်းမှုမှ မရှိဘူး။
အိပန်ဆယ်လို