လေမုန်တိုင်းဆိုတာဘာလဲ? ကမ္ဘာပေါ်မှာ လေမုန်တိုင်းတွေ ဘယ်အချိန်မှာ ဘယ်လို ဖြစ်ပေါ်လာကြသလဲ?

လေမုန်တိုင်းဆိုတာဘာလဲ..? ဘယ်လိုဖြစ်လာတာလဲ..?

လေမုန်တိုင်း ဆိုတာကတော့ ကျွန်တော်တို့ အသက်ရှင်ဖို့ မဖြစ်မနေရှူရှိုက်နေကြရတဲ့ လေက အပြင်းစားတိုက်ခက်လာတာကို လေမုန်တိုင်းလို့ခေါ်တာပါ.. လေက ဘာလို့အကြမ်းကြီးတိုက်ခတ်လာရတာလဲ..?

အဲ့မေးခွန်းကိုဖြေဖို့အတွက် လေရဲ့ ဂုဏ်သတ္တိတွေ အရင်သိထားဖို့လိုပါတယ် …

– လေက အရောင်အဆင်း အနံ့ အရသာ မရှိပါ
– လေမှာ Mass ရှိပါသည်
– လေက နေရာလဲယူပါသည်
– လေက ရေထဲတွင် ပျော်ဝင်ပါတယ်
– လေကို ဖိသိပ်လို့ရပါတယ်
– လေကို မမြင်နိုင်ပါဘူး
– ပူတဲ့အခါ လေက ပွတက်လာပါတယ်
– အေးသွားတဲ့အခါ လေက ကျုံ့သွားပါတယ်
– လေက ဖိအားမြင့်ဧရိယာ မှ လေဖိအားနည်း ရပ်ဝန်းသို့ ရွေ့လျားတက်ပါတယ်
– မီးလောင်ဖို့အတွက် လေကိုလိုအပ်ပါတယ်

အဲ့ထဲက လေကပူတဲ့အခါ ပွလာတယ် အေးတဲ့အခါ ကျုံသွားတယ် ဆိုတဲ့အချက်ရယ် လေက ဖိအားများရာကနေ နည်းရာကို ရွှေ့လျားတက်တယ် ဆိုတဲ့အချက်တွေက လေကိုရွှေ့လျားစေတဲ့အချက်တွေပါ လေရွှေ့လျားတာကို လေတိုက်တယ်လို့ခေါ်တာပါ လေနည်းနည်းရွှေ့ရင် လေးနည်းနည်းတိုက်တယ်လို့ ခံစားရပြီး လေများများရွှေ့ရင် လေကြမ်းတိုက်တယ်ပေါ့ …

ကမ္ဘာ​ကြီးရဲ့ မျက်နာပြင်ကို ကုန်မြေရယ် ရေပြင်ရယ်ဆိုပြီး အပိုင်း ၂ ခုနဲ့ ဖုံးအုပ်ထားပါတယ် ပြဿနာက အဲ့မှာစတာပါ …

နေကလာတဲ့ အပူကို ကုန်မြေကလဲ စုပ်ယူထားပြီး ပြန်ထုတ်တယ် ရေပြင်ကလဲ စုပ်ယူထားပြီး ပြန်ထုတ်တယ် ကုန်မြေဖြစ်တဲ့ Solid နဲ့ ရေပြင်ဖြစ်တဲ့ Liquid က State မတူတဲ့အတွက် ဂုဏ်သတ္တိတွေလဲ မတူကြပါဘူး …

Solid က အပူစုပ်တာလဲ မြန်ပြီး အပူပြန်ထုတ်တာလဲ မြန်ပါတယ် Liquid ကကြတော့ အပူစုပ်တာလဲ ကြာပြီး အပူပြန်ထုတ်ဖို့လဲ ကြာပါတယ် အဲ့ဒီမှာ ကုန်မြေပေါ်မှာ ရှိတဲ့လေက ပူတော့ ပွလာပြီး ပေါ့ပါးသွားတဲ့အတွက် အထက်ကိုတက်သွားမယ် အဲ့တက်သွားတဲ့နေရာမှာ အေးတဲ့လေထုက အစားဝင်လာမယ် ဒီနည်းအတိုင်းနဲ့ လေကတိုက်ခတ်နေတာပါ …

လေအထက်တက်တာများလေလေ အစားဝင်ရတဲ့ လေထုကပိုများလေလေပါပဲ အပူကြောင့် လေဖိအားနည်းရပ်ဝန်းတွေကိုဖြစ်ပေါ်စေပြီး မုန်တိုင်းဆိုတာတွေဖြစ်လာရတာပါ မုန်တိုင်းတွေက နွေရာသီမှာ အရမ်းပူတဲ့အတွက် နွေအကုန်လောက်မှာ လာတာများပါတယ် အဓီကကတော့ အပူချိန်ကြောင့် လေပူ လေအေးဖလှယ်ရတဲ့ ထုထည်များသွားလို့ပါ…

အဲ့မှာမေးစရာရှိတာက ပူရင် ပွလာပြီး ဘာလို့အထက်ကိုတက်သွားတာလဲ …?

Gravity ကြောင့်ပါဗျ ရေခွက်ထဲကို ခဲလုံးလေးပစ်ချလိုက်ရင် ခဲလုံးက ဘေးကရေတွေကိုတွန်းဖယ်ပြီး ရေအောက်ထဲ မြုပ်သွားတယ်မလား ..? အဲ့သဘောအတိုင်းပဲ လေထုကြီးတခုလုံးကို Gravity ကဆွဲထားတာချင်းအတူတူကိုမှ ဘာလို့ ပေါ့တဲ့လေကအပေါ်တက်ပြီး လေးတဲ့လေက အောက်ကျရတာလဲဆိုတာ …

ကျွန်တော်တို့နေတဲ့ ကမ္ဘာကြီးမှာ ကိုယ်ပိုင်လေထုရှိပါတယ် အဲ့လေထု အာကာသထဲ လွှတ်ထွက်မသွားအောင် ကမ္ဘာ့ရဲ့ Gravity က ဆွဲထားပါတယ် ဆွဲထားတယ်ဆိုပေမယ့် လုံးဝလွှတ်ထွက်မသွားတာမျိုးတော့ မဟုတ်ဘူးဗျ နေ့စဥ်နဲ့အမျှ တန်ချိန် ၉၀ ခန့်လွှတ်ထွက်သွားနေပါတယ် အဲ့ပမာဏက ကမ္ဘာရဲ့လေထုရဲ့ပမာဏနဲ့နိုင်းယှဥ်ရင် လေအကုန်လုံးကုန်သွားဖို့အတွက်ဆို နှစ်ပေါင်း ဘီလီယံ 150 ကျော်လောက်ကြာပါအုံးမယ်ဗျ စိုးရိမ်စရာတော့မရှိပါဘူး …

တိမ်ဆိုတာက ရေရဲ့ State တမျိုးပါပဲ လေတိုက်ရာ ပါသွားတက်ကြပါတယ် မုန်တိုင်းက ဝဲဂယက်ပုံစံဖြစ်ပြီး တိမါတွေကိုပါ ဆွဲယူသွားပါတယ် တိမ်တိမ် ချင်းပေါင်းမိပြီး ရေခိုရေငွေတွေကနေ ရေစက်တွေအဖြစ်ပေါင်းမိပြီး မိုးအဖြစ်နဲ့ ရွာချလာတာပါ မုန်တိုင်းလာရင် မိုးရွာတာ ဒါကြောင့်ပါ …

လေတိုက်နှုန်းကို တွက်ချက်ပြီး လေမုန်တိုင်းကို အဆင့်တွေခွဲထားပါတယ် …

– လေတိုက်နှုန်းတစ်နာရီ မိုင် ၃၀ အောက်ဆိုလျှင် လေပွေလှိုင်း
– လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ ကျော် လျှင် မုန်တိုင်းငယ်
– လေတိုက်နှုန်း တစ်နာရီ မိုင် ၄၀ ကျော်လျှင် ဆိုင်ကလုန်းမုန်တိုင်း
– လေတိုက်နှုန်း တစ်နာရီ မိုင် ၆၀ ကျော်လျှင် ဆိုင်ကလုန်းမုန်တိုင်းကြီး
– လေတိုက်နှုန်း တစ်နာရီ မိုင် ၇၅ ကျော်လျှင် တိုင်ဖွန်မုန်တိုင်းလို့သတ်မှတ်ကြတယ်

အခုနောက်ပိုင်း Cyclone , Typhoon , Hurricane ဆိုပြီးပဲခွဲတော့ပါတယ် North Atlantic နဲ့ North East Pacific မှာ စဖြစ်တဲ့ မုန်တိုင်းဆို Hurricane

North West Pacific က စဖြစ်လာရင် Typhoon

South Pacific နဲ့ Indian ocean က စဖြစ်ရင် Cyclone တဲ့

ပြင်းအားကိုကြတော့ Category 1 , 2 , 3 , 4 , 5 နဲ့ပဲ ခွဲပါတော့တယ် …

​လေတိုက်နှုန်း တစ်နာရီ..

၇၅ မိုင်က​နေ ၉၅ ကြားကို Category 1
၉၅ မိုင်က​နေ ၁၁၀ ကြားကို Category 2
၁၁၁ က​နေ ၁၂၉မိုင် ကြားကို Category 3
၁၃၀ က​နေ ၁၅၆ ကြားကို Category 4
၁၅၇ မိုင်နဲ့အထက်ကို Category 5 တဲ့ …

ကျွန်တော်တို့ မြန်မာနိုင်ငံက တစ်နာရီလျှင် ၇၅ မိုင်နှုန်းနဲ့ တိုက်ခတ်တဲ့ လေမုန်တိုင်းမျိုးကြုံရခဲပါတယ်.. ၁၉၆၈ ခုနှစ် မေလ ၁၀ ရက်နေ့တုန်းကတော့ စစ်တွေမြို့နှင့် အနီးတစ်ဝိုက်မှ တိုက်ခတ်သွားတဲ့ လေမုန်တိုင်းကြီးကတော့ တစ်နာရီကို မိုင် ၁၅၀ နှုန်းအထိ တိုက်ခတ်ခဲ့ပြီး ကမ္ဘာပေါ်တွင် အဆိုးရွားဆုံးသော လေမုန်တိုင်းကြီး​အဖြစ် စာရင်းဝင်ခဲ့တယ် အသေအပျောက် အပျက်အစီး အဆုံးအရှုံး အရမ်းများခဲ့တယ် …

ဟာရီကိန်း မုန်တိုင်းတခုရဲ့ ပျင်းအားကို မြင်သာအောင်ပြောရရင် မြင်းကောင်ရေအား ကုဋေပေါင်းတစ်သောင်းနဲ့ညှီမျှပါတယ် …

၂၀၀၈ တုန်းက တိုက်ခဲ့တဲ့ နာဂစ်တုန်းကတောင် တစ်နာရီ မိုင် ၁၃၀ နှုန်းနဲ့ပဲရှိတယ်..

အခု လက်ရှိ Mocha Cyclone က တစ်နာရီကို မိုင် ၁၅၀ နှုန်းလောက်နဲ့ ဖြတ်သန်းခဲ့ပြီး … ဒါက ၁၀ စုနှစ်တစုကျော်အတွင်း အားအကောင်းဆုံး မုန်းတိုင်းအဆင့်ဖြစ်သွားပါပြီ …

ဝမ်းသာစရာ တခုက နည်းပညာခေတ် ဖြစ်တဲ့အလျောက် မုန်တိုင်းကို ကြိုသိပြီး ပြင်ဆင်ချိန်ရခဲ့သလို မုန်တိုင်းနဲ့ ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန် အသိတွေလဲ ပြည်သူတွေမှာရှိနေတဲ့အတွက် ထိခိုက်ဆုံးရှုံးမှုနဲ့ အသေအပျောက်နည်းမယ်လို့မျှော်လင့်မိပါတယ် …

U Aung Hlaing

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page