လကုန်ရင် ပြောင်းလဲတော့မယ့် အခွန်စနစ်ကြောင့် အခွန်ရုံးတွေမှာ လူတွေတိုးကြိတ် စည်ကားနေ

လကုန်ရင် ပြောင်းလဲတော့မယ့် အခွန်စနစ်ကြောင့် အခွန်ရုံးတွေမှာ လူတွေတိုးကြိတ် စည်ကားနေ…

သို့… လေးစားရပါသော ဝန်ကြီးခင်ဗျာ

အခွန်ရုံးမှာ လူတွေ တိုးကြိတ်ပြီး ကိုဗစ်ကူးကြတာကို တာဝန်ရှိသူအနေနဲ့ ကြည့်နေနိုင်သလားဗျာ.. ကာလစည်းကမ်းဥပဒေဖြစ်တဲ့ 3% ဟာ ဒီလကုန်မှာ မို့လို့၊ တချို့လည်း ကိုဗစ်ကို ကြောက်ကြောက်လန့်လန့်နဲ့ပဲ တိုးကြိတ်ပြီး သွားဆောင်နေရပါတယ်။ ဥပဒေတိုင်းမှာ ဂယ်ပေါက်ရှိမှာ ဖြစ်တဲ့အတွက် ဝန်ကြီး (သို့) တာဝန်ရှိသူတွေက ရက်အစားပြန်ပေးမှာမျိုး၊ ရက်နည်းနည်းတိုးပေးတာမျိုး လုပ်ပေးသင့်ပါတယ်..

ခုကြတော့ လုပ်ပေးနေရတဲ့ ဝန်ထမ်းတွေ ခများလည်း ကြောက်ကြောက်လန့်လန့်၊ လာရတဲ့ သူတွေကလည်း ကြောက်ကြောက်လန့်လန့်နဲ့ … လုပ်နေကြရရှာပါတယ်ခင်ဗျာ။ ရက်သာ တိုးပေးလိုက်ရင် ပြည်သူတွေလည်းပျော်၊ ဝန်ထမ်းတွေလည်းပျော် ဖြစ်မှာပေါ့… ကိုဗစ်ကြောင့် တိုးရတာ ဖြစ်တဲ့အတွက် တော်တော်မျာများ စည်းကမ်းကန့်သတ်ချက်တွေကို ကျော်နိုင်လောက်ပါတယ်ခင်ဗျာ။ .. အွန်လိုင်းကနေလည်း လုပ်ဆောင်လို့ မရတဲ့အတွက် အခက်အခဲနဲ့ စိတ်ဖိစီးမှုများစွာ ဖြစ်ရပါတယ်ခင်ဗျာ..

ခုဆို တော်တော်များများ လုပ်ငန်းရှင်တွေကလည်း အခက်အခဲတွေ ကြားထဲကမှ ဝန်ထမ်းတွေကို ၂ ပတ် Home stay or Work from home တွေပေး၊ အိမ်ထဲမှာ နေခိုင်းပြီး ကိုဗစ်မပျံ့ပွားအောင် လုပ်ခိုင်းနေပါပြီ..အဲလို အချိန်မှာ ဝန်ကြီးတို့က ကိုဗစ်ကို ဂရုမစိုက်ပဲ လူတွေ တိုးကြိတ်တွေတာတွေကို လုပ်ခိုင်းနေဦးမှာလား..

ပြည်သူတွေကို ပျော်ခွင့်ပေးလိုက်ပါ ဝန်ကြီးရယ်…

လေးစားစွာဖြင့် – ပြည်သူတစ်ဦး (အခွန်အရေးတကြီးဆောင်စရာမရှိပါ) ဒါပေမယ့် ကိုဗစ်ပိုပြန့်မှာတော့ ကြောက်ပါတယ်။ (Aung Moe Lwin)

ဘဏ်ရှေ့မှာ ငွေသွင်း/ထုတ် အခွန်ဆောင်ဖို့စောင့်နေကြရတဲ့ လူအုပ်ကြီး.. လက်ရှိ ၁၂ နာရီကျော်ထိ တိုကင် ၃၀၀ ကျော်တော့ လူကအဲ့ထက်များမှာဘဲ.. စက်တင်ဘာလကုန်ရင် တိုးကောက်မယ့်အခွန်အမှီ အပြေးလာဆောင်ကြသူများတယ်.. တစ်ရက် အယောက် ၂၀၀ ကျော်တွေ့နေတဲ့ ရန်ကုန်မြို့ကြီး ရင်လေးစရာပါ…

ဌာနဆိုင်ရာတွေလည်း အချင်းချင်းပြန်ငဲ့မှရမှာပါ.. ကမဝ တစ်ခုဘဲ တာဝန်ရှိခိုင်းနေလို့မဖြစ်ပါဘူး.. ကြာရင်အကုန်ခြေကုန်လက်ပန်းကျကုန်တော့မယ်… (Phonemyat Aung)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page