အောင်လ ရှုံးလို့ငိုနေတဲ့ကလေးကို အားပေးနှစ်သိမ့်လိုက်တဲ့ အောင်လအန်ဆိုင်း
အောင်လ ရှုံးလို့ငိုနေတဲ့ကလေးကို အားပေးနှစ်သိမ့်လိုက်တဲ့ အောင်လအန်ဆိုင်း
မျှော်လင့်တကြီး စောင့်စားခဲ့ရတဲ့ မြန်မာပရိတ်သတ်တွေအတွက် အသည်းကွဲသွားတဲ့ ညတညလို့ ဆိုရပါမယ်။ မြန်မာဂုဏ်ဆောင် အောင်လအန်ဆိုင်းက ပွဲစချိန်စက္ကန့်ပိုင်းအတွင်းမှာ စိန်ခေါ်သူ ဒီရိုတ်ဒါရဲ့ ချုပ်ကွက်မိပြီး အရှုံးပေးခဲ့ရပါတယ်။ မြန်မာပရိတ်သတ်တွေ အားမလိုအားမရ ဖြစ်ခဲ့ရပါတယ်။
အောင်လအန်ဆိုင်းကလည်း အနိုင်ရသွားတဲ့ ဒီရိုတ်ဒါကို မကျေပွဲ စိန်ခေါ်ထားပါသေးတယ်။ဒီနေ့မှာကတော့ အောင်လက သူရှုံးလို့ငိုနေတဲ့ ခလေးလေးကို နှစ်သိမ့် စကားဆိုခဲ့ပါတယ်။ အောင်လအန်ဆိုင်းက ကျွန်တော် နေကောင်းကျန်းမာပါတယ်၊ ကျွန်တော်မိသားစုလည်း နေကောင်းကျန်းမာကြပါတယ်။ ထို့အတူ ကျွန်တော်အသင်းကလည်း ကျွန်တော်ကို နောက်ကွယ်ကနေ အကောင်းဆုံး ထောက်ပံပေးပါတယ်။ ဘုရားသခင်က ကောင်းမြတ်ပါတယ်။ ကျွန်တော်အသန်မာဆုံး အကောင်းဆုံးပုံစံနဲ့ လေ့ကျင်ပြင်ဆင် ပြန်လည်ရင်ဆိုင် ထိုးသတ်ပြီးတော့ မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို ပြန်လည် အရယူမယ်လို့ ကတိပေးပါတယ်။ ဒီတော့ ငိုကြွေးမနေပါနဲ့တော့လို့ အောင်လ သူ့ရဲ့ဖေ့ဘုတ်စ်မှာအခုလိုမျှဝေထားခြင်းဖြစ်ပါတယ်။
မြန်မာပရိတ်သတ်တွေကလည်း အောင်လ ချန်ပီယံခါးပတ်ကို ပြန်လည်ရယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ မြန်မ့ာဂုဏ်ဆောင် အောင်လအန်ဆိုင်းကို ပရိတ်သတ်တွေကလည်း အားပေးစကားပြော ပေးသွားပါဦး။