ကိုဗစ်ကာကွယ်ဆေး စမ်းသပ်မှု နောက်ကွယ်က ဂယက်များ (ရိုးရိုးတွေးလို့ မရပါဘူး)

ကိုဗစ် နဲ့ ဂျင်း

ကမ္ဘာကြီးကတော့ ကိုဗစ် ကာကွယ်ဆေး ထုတ်ဖို့ ပြင်ဆင် နေကြပြီ ။ ထိုင်း နဲ့ ဗီယက်နမ် တောင် ပါလာပါတယ် ။ တကယ်ရော အလုပ်ဖြစ်ကြမလား ။

အဂ်လန် ဟာ သူများထက် လက်ဦးမှု ယူလို့ ကမ္ဘာ့ ပထမ ဆုံး ကာကွယ်ဆေး ထိုး နိုင်ငံ အဖြစ် မှတ်တမ်းဝင် ပါတယ် ။ တကယ်ရော အဆင်သင့် ဖြစ်ခဲ့ရဲ့လား ။ တွေးစရာပဲဗျ ။ UK ဟာ EU က ထွက်တဲ့ အချိန်နဲ့ ကိုက် ပြီး အချိန်ကိုက် ဆေး ထိုးခွင့်ပြုလိုက် တာ များလားပေါ့ ။ UK နဲ့ EU ကြား ဘယ်ဒင်း ရွေးရမယ် ဗျာ များနေတဲ့ စီးပွားရေး သမားတွေ ကို ဆွယ်လိုက် တာပါပဲ ။ အခုဆို UK ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ဟာ ဥရောပ သွား ၊ စီးပွားရေး စာချုပ် တွေ ချုပ်နေပါပြီ ။

လက်တွေ့ကတော့ ပေါင် ဈေးဟာ ထိုး တက် သွားတာပါပဲ ။ တကယ်ဆေးထိုးတော့ အခက်အခဲတွေ အများကြီး တွေ့နေရတယ်။ သူနာပြု တစ်ယောက်ကို တနေ့ လူ အယောက် ၂၀ ထိုးပေးဖို့ တောင် တော်တော် ကြိုးစားနေရတယ်။ PPE တွေ ဝတ်လိုက် ၊ လဲလိုက် ၊ ထိုးပြီးတဲ့ လူတွေ ကို တခုခု များ ဖြစ် မလားလို့ စောင့်ကြည့် ချိန်တွေ လည်း ပေးရနဲ့ ခရီး မပေါက် ဘူး ဖြစ်နေတယ် ။

UK က လူတွေကတော့ ယုံကြည်ချက် တွေ မြင့်တက်ပြီး ပိတ်ရက် ကာလ ကဲ မယ်ကြီး ပဲ ပြင်နေကြတယ် ။ နှစ်ကူးတာနဲ့ ဆောင်း ရောက်ပြီး စီးပွား ရေးတွေ အေးခဲတော့ မှာမို့ စီးပွားရေး သမားတွေ ကလည်း ဒီကာလ လေး ရုန်းလိုက် ချင်တာ ။ မန်ချက်စတာ က မြို့တော်ဝန် ကတော့ မထွက်ကြပါနဲ့ ဗျာ လို့ မျက်ရည်လေး စမ်းစမ်း နဲ့ တောင်းပန် သွားရတယ် ။

ဒီအချိန် မှာ ကာကွယ်ဆေး ဟာ လူတိုင်း လိုချင်တဲ့ အရာပဲ ။ ကာကွယ်ဆေး စမ်းနေပါပြီ ၊ ထုတ်နေ ပါပြီ ၊ ထိုးနေပါပြီ ဆိုတဲ့ မက်ဆေ့ ကို ပေးနိုင်တဲ့ အစိုးရ ဟာ ကိုဗစ်ကာလ ဖိအား လျော့မယ် ၊ လုပ်သာ ကိုင်သာ ရှိမယ့် သဘော ပဲ ။ ဒါတွေကြောင့် အထာနပ် တဲ့ ထိုင်း နဲ့ ဗီယက်နမ် က ဆေး စတင် စမ်းသပ် နေပါပြီ ဆိုပြီး ထ လုပ်တာ ။ ထိုင်း အစိုးရ ဆို ကာကွယ်ဆေး အတွက် အလှူ တောင် ခံနေပါသေးတယ် ။ လူ တစ်ယောက် ဘတ်ငါးရာ ၊ လူ တသန်း ပဲ လက်ခံမယ်တဲ့ ။

ကာကွယ်ဆေး အတွက် လုပ်နေကြတာ ကောင်းပါတယ် ၊ ထွက်လာရင်လည်း ဝမ်းသာစရာပါပဲ ၊ ကပ်ဘေး က လွတ် တာပေါ့ ။ ဂျင်းတွေ တော့ သတိထားရမယ် ။ သူများနိုင်ငံ တွေ စမ်းနေပြီ ၊ ထုတ်နေပြီ ထိုးနေပြီ ဆိုပြီး အားငယ် နေမှာ စိုးလို့ ပြောပြတာပါ ။

တနိုင်ငံ ထဲ ကွက်ပြီး ရောဂါ ပြီး နေလို့ မရဘူးလေ ။ ကမ္ဘာ့ လူဦးရေ တဝက် ငါးဘီလျံ လောက် အနည်းဆုံး လေးပုံတပုံ ၂.၅ ဘီလျံ လောက် ဆေးထိုးပြီး မှ စိတ်ချ ရမယ့် ကပ်ရောဂါပါ ။ mask သာ တပ်ကြပါဗျာ ။

Zarni Zeya

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page