ကိုဗစ်ဗိုင်းရပ်စ်သည် ဝူဟန်ဓာတ်ခွဲခန်းမှ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု တရုတ်သိပ္ပံပညာရှင် ပြောကြား

ကိုဗစ်ဗိုင်းရပ်စ်သည် ဝူဟန်ဓာတ်ခွဲခန်းမှ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု တရုတ်သိပ္ပံပညာရှင် ပြောကြား

ကိုဗစ် ဖြစ်စေသည့် ဗိုင်းရပ်စ်သည် လူလုပ်ဗိုင်းရပ်စ်ဖြစ်ပြီး တရုတ်နိုင်ငံ ဝူဟန်ရှိ ဓာတ်ခွဲခန်းတစ်ခုတွင် ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း ယခုအချိန်တွင် အသက်အန္တရာယ်အတွက် ပုန်းအောင်းနေရသည့် တရုတ်ဗိုင်းရပ်စ်ဗေဒပညာရှင်တစ်ဦးက ပြောဆိုခဲ့သည်ဟု နယူးယောက်ပို့စ်က ဖော်ပြလိုက်ပါတယ်။

ကိုဗစ် နှင့်ပတ်သက်၍ ယမန်နှစ်တွင် သုတေသနပြုလုပ်ခဲ့သည်ဟု ပြောဆိုခဲ့သည့် ဒေါက်တာ လီမိန်ယန်က ဗြိတိန်ရုပ်သံဌာနတစ်ခုနှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်း လူများစွာကို သေဆုံးစေခဲ့သည့် ဗိုင်းရပ်စ်ကို ဝူဟန်ရှိ ဓာတ်ခွဲခန်းတစ်ခုတွင် ဖန်တီးခဲ့ပြီး ယင်းဓာတ်ခွဲခန်းကို တရုတ်အစိုးရက ထိန်းချုပ်ထားကြောင်း ယန်က လျှို့ဝှက်နေရာတစ်ခုမှ ဗီဒီယိုလင့်ခ်မှတစ်ဆင့်ပြောဆိုခဲ့ပါတယ်။

ဗိုင်းရပ်စ်သည် ဝူဟန်ရှိ ရေထွက်ပစ္စည်းဈေးတစ်ခုမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း အများပြည်သူက ယူဆသွားအောင် တရုတ်အစိုးရက ကြိုးပမ်းထားခြင်းဖြစ်ကြောင်း ယန်ကပြောဆိုခဲ့သည်။ ဗိုင်းရပ်စ်သည် သဘာဝတရားမှပေါ်ပေါက်လာခြင်းမဟုတ်ကြောင်း ၎င်းကပြောဆိုခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အသိအမှတ်ပြုခံထားရသည့် ဟောင်ကောင်အများပြည်သူကျန်းမာရေးဌာနမှ အကြီးအကဲများကို ဗိုင်းရပ်စ်နှင့်ပတ်သက်၍ တင်ပြသည့်အခါ အကြီးအကဲများက ၎င်းကို နှုတ်ပိတ်ထားရန် သတိပေးခဲ့ကြောင်း ယန်ကပြောဆိုခဲ့ပါတယ်။ ဧပြီတွင် ယန်သည် ဟောင်ကောင်မှ အမေရိကသို့ တိမ်းရှောင်ခဲ့ပါတယ်။

ဓာတ်ခွဲခန်းမှ ထုတ်လုပ်သည့် ဗိုင်းရပ်စ်မဟုတ်ကြောင်း ဝူဟန်ဗိုင်းရပ်စ်ဗေဒအင်စတီကျု၏အကြီးအကဲ ယွန် ကျိမင်က ယခင်ကပြောဆိုခဲ့ပြီးဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page