အောက်စဖို့တက္ကသိုလ်နဲ့ ထိုင်းအစိုးရပေါင်းပြီး ကိုဗစ်ကာကွယ်ဆေးကို အမြတ်မယူဘဲ ထုတ်လုပ်မည်

အောက်စဖို့တက္ကသိုလ်နဲ့ ထိုင်းအစိုးရပေါင်းပြီး ကိုဗစ်ကာကွယ်ဆေးကို အမြတ်မယူဘဲ ထုတ်လုပ်မည်

အောက်စဖို့တက္ကသိုလ် နဲ့ AstraZeneca တို့ရဲ့ ကိုဗစ် ကာကွယ်ဆေးကို ထိုင်းနိုင်ငံမှာ ထုတ်လုပ်မယ်။ AZD1222 လို့နာမည်ပေးထားတဲ့ အဲ့ဒီကာကွယ်ဆေးကို ထိုင်းနိုင်ငံမှာထုတ်လုပ်ပြီး အရှေ့တောင်အာရှနိုင်ငံတွေကို ဖြန့်ချီမယ်လို့ ဗြိတိသျှနဲ့ထိုင်းအစိုးရတို့က ဒီနေ့ တနင်္လာနေ့မှာပြောကြားခဲ့တာ ဖြစ်ပါတယ်။

အောက်စဖို့တက္ကသိုလ် နဲ့ AstraZeneca တို့ဟာ အဲ့ဒီကာကွယ်ဆေးကို ကိုဗစ်ကာလမှာ အကျိုးအမြတ်မယူပဲ ထုတ်လုပ်ဖို့ ကတိပြုထားတာဖြစ်ပါတယ်။ နည်းပညာကို AstraZeneca ကနေ ထိုင်းနိုင်ငံရှိ Siam Bioscience ကိုလွှဲပြောင်းပေးပြီး ထုတ်လုပ်စေမှာဖြစ်ပါတယ်။

အလုံးရေ ဘယ်လောက်ထုတ်လုပ်မယ် ဆိုတာ မသိရသေးပါ။ သတင်းကောင်းပါ။ ကျနော်တို့နဲ့ လက်တစ်ကမ်း ရောက်လာတဲ့ သဘောပါ။

တချိန်တုန်းက အရှေ့တောင်အာရှမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ BPI ဆေးဝါးစက်ရုံခေတ်ကို ပြန်သတိရမိပါတယ်။ BPI မှာ ကာကွယ်ဆေးထုတ်နိုင်တဲ့ facilities ရှိမရှိ မသိပါ။ ဆေးထုတ်နိုင်တိုင်း ဗိုင်းရပ်စ်ကာကွယ်ဆေးထုတ်လို့ မရပါ။

သို့သော် ရှိများရှိနိုင်ခဲ့ရင် အလွန်ကောင်းမှာ ဖြစ်ပါတယ်။ ထိုင်းဟာ Biomedical Science မှာ ကျနော်တို့ထက် အများကြီးရှေ့ရောက်နေပါပြီ။ လူတော်တွေကို နေရာပေးပြီး ကျနော်တို့ အများကြီးပြန်လိုက်ရပါအုံးမယ်။

Richard Myo Thant

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page