မြန်မာပြည်မှာ ကိုဗစ်လူနာ တွေ့ရှိမှုနှုန်း လျော့ကျလာပေမယ့် သေဆုံးနှုန်း မြင့်တက်လာရတဲ့ အကြောင်းရင်း

မြန်မာပြည်မှာ ကိုဗစ်လူနာ တွေ့ရှိမှုနှုန်း လျော့ကျလာပေမယ့် သေဆုံးနှုန်း မြင့်တက်လာရတဲ့ အကြောင်းရင်း

အောက်တိုဘာ ၉ သုံးသပ်ချက် ကိုဗစ် သေနှုန်းက ဘာကြောင့်တက်လာတာလဲ?

အဖြေရှာဖို့တော့လိုနေပါပြီ ကိုဗစ် သေနှုန်းကို လူနာတွေထိုးတက်လာတဲ့ စက်တင်ဘာ ၂၁ ကနေ ၃၀ အထိ ပြန်ကြည့်တာ တရက်ပျမ်းမျှ ၁၅ယောက်သေပါတယ်။ အောက်တိုဘာ ၁ ကနေ ၉ အထိ ပြန်တွက်တာ တရက်ပျမ်းမျှ ၂၈ ယောက်ခန့်သေပါတယ်။

အသေများဆုံး နေရာတွေက ၅ အောက်တိုဘာအထိ ဒေတာအရဆို ရန်ကုန်က ၂.၈ ရာနှုန်း၊ မွန်ပြည်နယ်က ၂.၂၈ ရာနှုန်း၊ ပဲခူးက ၀.၆ ရာနှုန်၊း မန်းလေးက ၀.၄ ရာနှုန်း၊ ရခိုင်က ၀.၃ ရာနှုန်း

ကိုဗစ်များတဲ့ နိုင်ငံတိုင်း နေရာတိုင်း လူသေနှုန်း မမြင့်ပါဘူး ပုံကိုကြည့်ရင်မြန်မာက သူများတွေလို ကေစ့်များလို့ အချိုးကျ သေနှုန်းများတာနဲ့မတူပဲ တစုံတရာကြောင့် ကေစ့် သိန်းမချီသေးတာတောင်မှ သေနှုန်းက ၉၀ ဒီဂရီ နီးပါး ထိုးတက်လာတာတွေ့ရပါမယ်

ဘယ်လိုနေရာတွေ နိုင်ငံတွေ သေတာများလဲ အရည်အသွေးရှိ ကျန်းမာရေးစောင့်ရှောက်မှု quality care လို့ ခေါ်တဲ့ ဝန်ဆောင်မှုတွေ လျော့ကျသွားရင် သေနှုန်းတွေ တက်လာပါတယ်။ ဥပမာ ဆေးရုံတော့ တက်ပါတယ် ဆရာဝန် အောက်ဆီဂျင် အာဟာရ ဆေးဝါး အစစအရာရာ မနိုင်မနင်းဖြစ်နေရင် အသက်ကြီးသူတွေ သေပါတယ်။

အောက်တိုဘာ ပထမပတ် ပျမ်းမျှ ၂၈ ယောက် ရှိပါတယ် ဒုတိယပတ် ကို စောင့်ကြည့်ပါ ပိုများလာပြီဆိူ Refine strategy လိုနေပါပြီ။ တနာရီ ကို ပျမ်းမျှ တယောက်ကျော်သေနေတာ ကို ဘယ်လိုဆွဲချမလဲ ဆိုတာ အရေးတကြီးစဉ်းစားရပါတော့မယ်

ဒီတိုင်း ဆက်သွားမယ်ဆို လူနာသိန်းချီ ရှိနေတဲ့ နိုင်ငံတွေ ရဲ့ သေနှုန်းကို လူနာ သောင်းဂဏာန်းပဲ ရှိတဲ့ မြန်မာက ၂ ပတ်အတွင်း ဖြတ်ကျော်သွားပြီး မြန်မာ့ကျန်းမာရေး စောင့်ရှောက်မှုက ဒါပဲလား ဆိုတဲ့ မေးခွန်းတွေကို ရင်ဆိုင်ရတော့မှာပါ။

တကမ္ဘာလုံး စုစုပေါင်းသေနှုန်းမှာ မြန်မာက ဒီနေ့ အဆင့် ၇၅ နေရာကို တက်လှမ်းလာပြီး နေ့စဉ် လူနာသစ် သေနှုန်းမှာတော့ အဆင့် ၁၈ နေရာ ဆင်းသွားပါတယ်။

ဒေါက်တာဉာဏ်
ဘန်ကောက်၊ ၉ အောက်တိုဘာ ၂၀၂၀

လူ့အသက်တွေ တန်ဖိုးရှိပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page