ကိုဗစ်နဲ့ စားဝတ်နေရေး ကြိုက်တာရွေးဆိုတဲ့ အခြေအနေကို ကြုံတွေ့ရတော့မှာလား?

ကိုဗစ်နဲ့ စားဝတ်နေရေး ကြိုက်တာရွေးဆိုတဲ့ အခြေအနေကို ကြုံတွေ့ရတော့မှာလား?

ဒီလိုနေရာကို မရောက်တော့ဘူးလို့ လျှော့တွက်ထားမိတာ သိပ်ကိုမှားသွားပြီ

တကယ်တော့ ကျွန်တော်တို့တွေ ကိုဗစ်ရန်က ကင်းဖို့ဆိုတာ အလုပ်မလုပ်ပဲ အိမ်ထဲအောင်းနေမှသာ လွတ်နိုင်မှာပါ။ ဒါပေမယ့် ဘယ်သူမှ မတောင့်ခံနိုင်ကြတော့ဘူးလေ။ ဒါကြောင့် အလုပ်တွေလုပ်ရင်း ကိုဗစ်နဲ့ ရင်ဆိုင်ဖို့လမ်းကို ရွေးခဲ့ကြတယ်။

ရာသီ အကူးအပြောင်းချိန်မှာ ပိုဆိုးသွားတယ် ကိုယ့်ဆိုင် ပတ်ဝန်းကျင်မှာလည်း ကိုဗစ်ပိုးတွေ့သူတွေ အနံ့မရသူတွေက အရမ်းများနေပြီ။ ကျွန်တော် ကျန်းမာရေးလမ်းညွှန်မှုနဲ့ အညီ လုပ်တယ် မရဘူး မကာကွယ်နိုင်ခဲ့ဘူး

ဒါပေမယ့် ကိုဗစ်ကို အနိုင်ပြန်တိုက်ပြီး မကြာခင် အိမ်ပြန်နိုင်မှာပါ။ သူငယ်ချင်းတို့လည်း အထူးဂရုစိုက်ကြပါ ကိုဗစ်ကို လျှော့မတွက်ကြပါနဲ့။ ဖြစ်လာရင် အထိနာပါတယ် ခံရဆိုးပါတယ် ရောဂါအခံရှိရင် သေတတ်ပါတယ်။

ကျွန်တော်ဆို ဘာရောဂါအခံမှ မရှိတာတောင် ရောဂါစဖြစ်ချိန်မှ ၄ ရက်မြောက်မှာ အနံ့ပျောက်ပြီး အသက်ရှူမဝသလို ဖြစ်လာတယ်။ မောလာတယ် Mask တပ်ရင် ပိုဆိုးတယ် ၁၀ မိနစ်ထက် ပိုမတတ်နိုင်ဘူး ပြန်ချွတ်ရတယ်။

ကမ္ဘာပေါ်ရှိ လူသားအားလုံး ကိုဗစ်ကပ်ဆိုးကြီးမှ အမြန်ဆုံး ကျော်လွှားနိုင်ပါစေ။

Ko Sit

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page