ကိုဗစ် ပျောက်ကင်းလို့ ပြန်လာတဲ့သူတွေကို ရွာထဲ ခြေတလှမ်းတောင် အဝင်မခံတဲ့ ဖြစ်ရပ်
ကိုဗစ် ပျောက်ကင်းလို့ ပြန်လာတဲ့သူတွေကို ရွာထဲ ခြေတလှမ်းတောင် အဝင်မခံတဲ့ ဖြစ်ရပ်
ကိုဗစ်လူနာ ကုသပျောက်ကင်းလို့ ဆေးရုံဆင်းကာမှ လက်မခံနိုင်ဘူးဆိုတဲ့ ကျေးရွာတွေရှိနေတာ စိတ်မကောင်းစရာပါ။ စိတ်ဒဏ်ရာတွေ ထပ်ပေးသလိုဖြစ်နေကြပြီ။ ကုသ/ကူညီပေးနေသူတွေကို အားနာကြပါဦးဗျာ။
သူတို့က ပိုးတွေ့လို့ ကုသမှုခံယူပြီးကြပြီလေ။ လက်မခံနိင်ဘူးဆိုသူတွေ ကိုယ်တိုင်ရဲ့မိသားစုဝင်တွေဖြစ်ခဲ့ရင်ရော အဲ့ဒိလို ပြောနိင်ကြမလား? ကိုယ့်အနီးအနားမှာ ပိုးရှိရဲ့နဲ့ မသိတဲ့သူတွေ ရှိနေနိင်တာကို သတိပြုရမှာပါ။ ဆေးရုံဆင်းခွင့်ရသူတွေအနေနဲ့က ထင်သာမြင်သာရှိနေပြီးသား၊ သူတို့ဆီကနေ ထပ်မံကူးစက်မှုမဖြစ်နိင်တော့ဘူးဆိုတဲ့ အခြေအနေရောက်ပြီမို့ ကျန်းမာရေးဌါနအနေနဲ့လဲဆင်းခွင့်ပြုခဲ့ကြတာလေ။
ဒီအချိန်မှာ ဖေးမ ကူညီကြရမယ့်အစား စိတ်ဒဏ်ရာတွေ ထပ်ပေးကြရင် လူသားချင်းစာနာမှုမရှိလို့လို့ပဲ မှတ်ချက်ပြုရမှာပဲ။ ပိုးတွေ့တွေ့ချင်းတောင် စာနာစိတ်နဲ့ ကူညီပေး ကုသပေးနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပရဟိတသမားတွေ ကြောက်ဖို့လဲ ထားကြပါဦး။
ခက်တယ်။ မကြောက်တော့လဲ လမ်းလယ်ခေါင် ထွက် က ။ ကြောက်တော့လဲ အရိပ်တွေ့တောင် ထ ခုန်နေကြတော့ မမျှတဘူးဖြစ်နေပြီပေါ့။
“ကိုယ်ချင်းစာနာ တတ်ကြပါစေ။”
ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း အုတ်တွင်းမြို့
အရှင်တေဇသိရီ