ကိုဗစ် ဖြစ်ပြီးသား လူတယောက်က နောက်တခါ ပြန်ဖြစ်နိုင်သလားဆိုတဲ့ မေးခွန်းရဲ့ အဖြေ

ကိုဗစ် ဖြစ်ပြီးသား လူတယောက်က နောက်တခါ ပြန်ဖြစ်နိုင်သလားဆိုတဲ့ မေးခွန်းရဲ့ အဖြေ

လက်ရှိ အငြင်းအခုံအများဆုံးက ကိုဗစ် ဖြစ်ပြီးသားလူတွေ ပျောက်သွားပြီးမှ ပြန်ဖြစ်နိုင်လားဆိုတာပဲ။

ဆေးသုတေသနညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်းကတော့ ပြန်ဖြစ်ခဲ့ဖူးတဲ့ ရှားရှားပါးပါး လူနာတွေ ကမ္ဘာမှာရှိပေမယ့် ပြန်မဖြစ်နိုင်ဘူးလို့ပဲ ပြောချင်ပါတယ်တဲ့၊ MRTV အင်တာဗျူးမှာဖြေသွားတာပါ။

ကျနော်ရဲ့ ခံယူချက်လဲ တူတူပါပဲ။ တကမ္ဘာလုံးမှာ သန်းပေါင်းများစွာ ပျောက်ပြီးတဲ့အချိန်မှာ ပြန်ဖြစ်တယ်ဆိုတဲ့သူက ဆယ်ဂဏန်းပြည့်ရုံလောက်ပဲရှိပါသေးတယ်။ ဒါမျိုးကို Exception case လို့သတ်မှတ်ပါတယ်

ဥပမာပြောရရင် ကမ္ဘာပေါ်မှာ HIV ကို immune ဖြစ်နေတဲ့သူတွေရှိပါတယ်။ တရားဝင်ထုတ်ပြန်ထားတဲ့လူကို ရှိပါတယ်။ သူတို့ Immune ဖြစ်တယ်ဟေ့ဆိုပြီး ငါလဲ HIV ပြီးနေလောက်တယ် မဖြစ်နိုင်ဘူးဟေ့လို့ ယူဆလို့ရမလား … မရပါဘူး။

ကိုဗစ် ဖက်ကလှည့်ပြောရင် ဒီလူနည်းနည်းလေး ပြန်ဖြစ်တယ်ဟေ့ဆိုတာနဲ့ ကိုယ်ပါ ပြန်ဖြစ်တော့မယ်လို့ ယူဆနေမလား။ မရပါဘူး လူအများစုအတွက် Immunity ဆိုတာ ရကိုရပါတယ်။ ဆေးပညာမှာ exception case တွေကို ထည့်မစဉ်းစားဘဲ General Population အတွက်ကိုပဲ ကာကွယ်ကုသနည်းစဥ်းစားရတာပါ

exception case ထဲဝင်နေမယ်ဆိုရင်ရော? မကြောက်ပါနဲ့။ Reinfection case တွေဟာ ရောဂါပျော့ပြီး ပျောက်တာမြန်ပါတယ်တဲ့။ ဒီတော့ကာ ဖြစ်ပြီးတဲ့သူ ပြန်ဖြစ်နိုင်တယ်ဆိုတာကို မယုံကြပါနဲ့။ ဒါဟာ လူတွေကို ကြောက်လန့်ပြီး စိတ္တဇဖြစ်စေအောင် ခြောက်လှန့်နေသလိုပါပဲ။

သိထားဖို့တစ်ခုက လက်ရှိရထားတဲ့ Immunity တွေဟာ နောက်ထပ် ပိုးနဲ့မထိတွေ့ပဲကြာလာရင် တဖြည်းဖြည်းကျလာနိုင်ပါတယ်။ ဘယ်လောက်အထိ ခန္ဓာကိုယ်ထဲ ကျန်မယ်ဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်သေးပါဘူး။

ဆေးပညာမှာ constant exposure လို့ခေါ်တဲ့ ပိုးနဲ့ ပုံမှန်ထိတွေ့နေခြင်းဟာ immunity ကို boost လုပ်စေတဲ့ အချက်ဖြစ်တယ်ဆိုတာရှိပါတယ်။ ဥပမာ အနေနဲ့ဆိုရင် လမ်းဘေးစာ ပုံမှန်စားပြီး ဝမ်းကိုက်ပိုးနဲ့ အမြဲထိတွေ့နေသူတွေအတွက် ဝမ်းကိုက်ဝမ်းလျှောဖြစ်လေ့ မရှိသလိုပါပဲ။ ပိုးကိုပုံမှန်ထိတွေ့နေတဲ့အတွက် ခန္ဓာကိုယ်က စစ်တပ်ကိုအမြဲအသင့်ပြင်ထားပြီးဖြစ်နေလို့ပါ။ Herd Immunity ရဲ့သဘောဟာ Constant Exposure ကိုလဲ ထည့်သွင်းစဥ်းစားပါတယ်။

နောက်ပြီး အခုလို ကိုယ်ခံစွမ်းအားမရဘူး ပြန်ဖြစ်နိုင်တယ်ဆိုရင် ကာကွယ်ဆေး Vaccine ထိုးရင်လဲပြန်ဖြစ်မှာပါပဲ။ ကာကွယ်မှု အပြည့်အဝမရနိုင်လောက်ဘူးဆိုတာသိဖို့လိုပါတယ်။ တကမ္ဘာလုံးကာကွယ်ဆေးရှာနေတာဟာ Immunity ရကိုရတယ်ဆိုတဲ့ ယုံကြည်မှုကို အခြေခံပြီးရှာနေတာဖြစ်ပါတယ်။

ဒီတော့ ဖြစ်ပြီးသူဟာ immunity ရသလားဆို ရပါတယ်ဆိုတာ ယုံထားလိုက်ပါ

ဒေါက်တာ ကျော်ကျော်စိုင်း

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page