တရုတ်တွင် ကိုဗစ်ပျံ့နှံ့ကြောင်း မကြေညာမီ လပေါင်းများစွာထဲက ကိုဗစ်ဖြစ်နေဟုဆို

တရုတ်တွင် ကိုဗစ်ပျံ့နှံ့ကြောင်း မကြေညာမီ လပေါင်းများစွာထဲက ကိုဗစ်ဖြစ်နေဟုဆို

အာဏာပိုင်များက ကမ္ဘာကို ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့သော်လည်း ဝူဟန်တွင် စက်တင်ဘာ ၂၀၁၉ ခုနှစ်ကတည်းက ရောဂါလက္ခဏာများပြသနေခဲ့သည်ဟု တရုတ်ကွန်မြူနစ်ပါတီ၏ ရုံးစာရွက်စာတမ်းများက ပြသနေသည်။

ပေါက်ကြားလာသော စာရွက်စာတမ်းအတွဲလိုက်တွင် ကိုဗစ် ရောဂါနှင့် ဆင်တူသော လက္ခဏာရှိ တရုတ်မှလူနာများသည် အုပ်ချုပ်မှုအာဏာပိုင်များ၏ တရားဝင်ကြေငြာခြင်းမပြုမီတွင်ပင် ဆေးရုံတက်ရောက်ခဲ့ကြ ကြောင်းဖော်ပြနေကာ ကိုဗစ်သည် တရုတ်ကပ်ရောဂါနယ်မြေအစ ဝူဟန်တွင် အတိအကျ မည်သည့်အချိန်တွင် စတင်ပြန့်ပွားခြင်းနှင့်ပတ်သတ်ပြီး မေးခွန်းထုတ်စရာများဖြစ်လာသည်။

အစိုးရစာရွက်စာတမ်းများကို ဝင်ရောက်ကြည့်ရှုနိုင်ခွင့်ရသည့် ယုံကြည်ရသော သတင်းအရင်းအမြစ်မှ The Epoch Times မှ ရရှိသော ဆေးရုံအချက်အလက်များအရ ၂၀၁၉ စက်တင်ဘာကပင် အနည်းဆုံးလူနာတစ်ဦး သည် ကိုဗစ် ကဲ့သို့ ရောဂါလက္ခဏာများကို စတင်ခံစားနေရကြောင်း သိရသည်။ ထိုနောက်လတွင် လူဒါဇင်များစွာ ဆေးရုံတက်ခဲ့ရသည်။ ဝူဟန်ရှိဆေးရုံများသည် ပြင်းထန်သည့် အဆုတ်ရောင်ရောဂါ၊ အဆုတ်ရောဂါကူး စက်မှုများနှင့် အခြား ကိုဗစ် လူနာများနှင့် ဆင်တူသော ရောဂါလက္ခဏာများကြောင့် ၂၀၁၉ အောက်တိုဘာတွင် သေဆုံးမှုများရှိခဲ့ကြောင်း တင်ပြထားသည်။

မြို့၏ ကျန်းမာရေးကော်မရှင်သည် အဆုတ်ရောင်ရောဂါအသစ် ဖြစ်ပွားခြင်းကို သတင်းပေး ဆရာဝန်များ၏ လူမှုမီဒီယာပို့စ်များပျံ့နှံ့သွားပြီးချိန် ၂၀၁၉ ဒီဇင်ဘာ ၃၁ တွင်မှ လူသိရှင်ကြားကြေငြာခဲ့သည်။

The Epoch Times ရရှိထားသော ဖေဖော်ဝါရီ ၁၉ ရက် ရက်စွဲပါ စာတစ်စောင်တွင် ဗဟိုအစိုးရက ဖွဲ့စည်းထားသော အမျိုးသားစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ရောဂါ၏ အစောပိုင်းဖြစ်ပွားမှုများကို ခြေရာခံရန် ဆန္ဒရှိကြောင်း ဖော်ပြထားသည်။၎င်းသည် ကိုဗစ် လက္ခဏာကဲ့သို့ အဆုတ်ရောင်ရောဂါဖြင့် သေဆုံးမှုများ၊ ဆေးအေဂျင်စီတစ်ခုစီမှ သတ်မှတ်ထားသော အဆင့်များမှ နှစ် သို့မဟုတ် နှစ်နှင့်အထက် (သုံး သည်အမြင့်ဆုံးဖြစ်သည်) ရှိသော အစောဆုံး သေဆုံးမှု ၁၀ခု၏ အသေးစိတ်အချက်အလက်များ၊ အရာရှိများက ရောဂါစတင်ဖြစ်ပွားသည်ဟု ကနဦးဖော်ပြခဲ့သော Huanan ပင်လယ်စာဈေးသို့ သွားရောက်ခဲ့ပြီး အဖျားဆေးခန်းများသို့ သွားရောက်ခဲ့ သော လူနာအချက်အလက်များ အပါအဝင် ၂၀၁၉ အောက်တိုဘာ ၁ရက်မှ ဒီဇင်ဘာ ၁၀ အတွင်း ဝူဟန်ဆေးရုံများမှ အချက်အလက်များကို ဒေသအာဏာပိုင်များအား တောင်းဆိုခဲ့သည်။ ထိုစာတွင် မြို့အတွင်းရှိ ကိုဗစ် လူနာအများဆုံး လက်ခံရရှိသော ဆေးရုံ ၉ခုသည် စုံစမ်းစစ်ဆေးရေး၏ အဓိက သော့ချက်ဖြစ်ကြောင်း ဖော်ပြထားသည်။

The Epoch Times သည် ဆေးရုံ ၁၁ခုမှ စုံစမ်းမေးမြန်းမှုအတွက် မှတ်တမ်းအချို့ကို ရရှိခဲ့သည်။ စုဆောင်းထားသော အချက်အလက်များရှိနေသော်လည်း ဝူဟန်ရောဂါထိန်းချုပ်ရေးအဖွဲ့သည် အစောဆုံး မှတ်တမ်းတင်ထားသည့် လူနာမှာ ၂၀၁၉ ဒီဇင်ဘာတွင် ဖျားနာခဲ့သော Chen မျိုးနွယ် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၆တွင် သတင်းမီဒီယာများကို ပြောကြားခဲ့သည်။ အာဏာပိုင်များအနေဖြင့် ဖေဖော်ဝါရီမတိုင်ခင် ဖြစ်ရပ်များအတွက် စုံစမ်းမှုများ ပြုလုပ်ခဲ့ခြင်း ရှိ မရှိသည် မရှင်းလင်း မသေချာပေ။

တစ်ချို့ ဝေဖန်သူများအတွက် စုံစမ်းစစ်ဆေးမှုသည် ကျဉ်းမြောင်းပြီး လွန်စွာနောက်ကျနေသည်။ “ဒီလောက်ကြီးမားတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ထိုဒေသအတွင်းပျံ့နှံ့နေတာကို ဘာလို့ တစ်ခြားဆေးရုံတွေမှာ လိုက်မစုံစမ်းတာလဲ?” ဟု ဝေါ်လ်တာ ရီဒ် ကြည်းတပ် သုတေသန အင်စတီကျူ မှ ဗိုင်းရပ်စ်ရောဂါဌာနခွဲ၏ ဓာတ်ခွဲခန်းညွှန်ကြားရေးမှူးဟောင်း ရှောင်လင်း က The Epoch Times ကို ပြောကြားသည်။

“ဒီကိစ္စကို အရင်ကတည်းက လုပ်သင့်တာ” ဟုပြောပြီး နှောင့်နှေးသော စုံစမ်းမှုကိုမူ “ရယ်စရာကောင်းသည်” ဟု ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page