မငိုပါနဲ့ အဖိုးနဲ့ အဖွားရယ်ဆိုတော့ ဝမ်းသာလို့ ကျတဲ့ မျက်ရည်ပါတဲ့ (ကိုဗစ်ကာလမှာ အကူအညီလိုနေတဲ့ သက်ကြီးရွယ်အိုများ)

မငိုပါနဲ့ အဖိုးနဲ့ အဖွားရယ်ဆိုတော့ ဝမ်းသာလို့ ကျတဲ့ မျက်ရည်ပါတဲ့ (ကိုဗစ်ကာလမှာ အကူအညီလိုနေတဲ့ သက်ကြီးရွယ်အိုများ)

ကျနော်တို့ကြောင့် နှမ်းတစေ့လောက် အထောက်အကူဖစ်သွားရင် အဆင်ပြေသွားတယ်ဆိုရင် ပျော်ရွင်သွားဆိုရင် ဒါဟာ ကျနော်တို့ လိုချင်တဲ့ မက်မောတဲ့ပီတိပါ ။ ပျော်လို့ မျက်ရည်ကျတယ်ဆိုပေမဲ့ ဝမ်းနည်းခြင်းနဲ့ ဝမ်းသာခြင်းကရောယှက်နေပါတယ်။ အဆင်မပြေတဲ့ဘဝတွေကို ကြည့်ရင်းလဲ ကျနော်တို့တွေအမြဲစိတ်မကောင်းဖစ်ရပါတယ်။

ပထမနဲ့ဒုတိယပုံထဲက အဖိုးနဲ့အဖွားက ဒဂုံဆိပ်ကမ်း ၆၁ရပ်ကွက်မှာနေပါတယ် မနေ့က ကျနော့်ရဲ့ မက်ဆင်ဂျာက နေ အကူညီတောင်းလာတာပါ။ ရပ်ကွက်ထဲကနေ အဖိုးနဲ့အဖွားအတွက် အကူညီလှမ်းတောင်းတာပါဆိုတော့ ကျနော် ဒီနေ့သွားကြည့် ဖစ်ခဲ့တယ်။

အဖိုးနဲ့အဖွားက အသက်၈၀ကျော်ပါပြီ။ အဖိုးကလဲ ကျန်းမာရေး သိပ်မကောင်းသလို အဖွားကလဲ လေဖြတ်နေတာ ကြာပါပြီ။အဖွား ကျနော် အဖွားအတွက် ဆန် နဲ့ အခြားစားစရာတွေလာလှူပါတယ်၊ အဖွားသုံးဖို့ဆိုပြီး ငွေနဲနဲကန်တော့တော့ အဖွားက မပီမသနဲ့ ဆုတွေပေးရင်း မျက်ရည်တွေကျလာတယ်။

မငိုပါနဲ့အဖွားရယ် ဆိုတော့ ဝမ်းသာလို့ပါ သားရယ်ဆိုပြီး တုန်တုန်ရီရီနဲ့ ပြန်ပြောရင်း အဖိုးဘက်ကို လှည့်ကြည်တော့ အဖိုးကလဲ မျက်ရည်တွေနဲ့ ကျနော်ထပ်လာကြည့်ပါဦးမယ်လို့ အဖိုးနဲ့အဖွားကို ပြောရင်း အခြားအိမ်တွေဆီ ဆက်လာခဲ့ပေမဲ့ အဖိုးနဲ့အဖွား အဆင်ပြေပါစေလို့ ရင်ထဲတဖွဖွ ဆုတောင်းနေမိတယ်။

တတိယပုံထဲက အဘက တောင်ဒဂုံ ၁၀၅ရပ်ကွက်မှာနေပါတယ်။ မိန်းမက ပလုံ(ပုလင်း/ဗူး)ကောက်ရင်း ယောက်ျားဖြစ်သူကတော့ လေဖြတ်နေတာပါ။ ထိုကဲ့သို အခက်အခဲဖစ်နေတဲ့ ဝေဒနာရှင်တွေ၊ ကင်ဆာဝေဒနာသည်တွေ၊ နလုံးအစို့ရှင်ကျယ်လို့ သွေးအန်နေသူတွေ ၊သက်ကြီးဘိုးဘွားတွေအ များကြီးရှီပါတယ်။

ကျနော်တို့ရဲ့ အလှူဒါနတွေ တကယ်လိုအပ်တဲ့သူတွေရရှီသွားတာ ဝမ်းသာရပါတယ်။ မိမိထက် ခက်ခဲနေတဲ့ဘဝတွေကို သတိရပေးပါ။ ကူညီပေးကြပါ။ ကျနော်တို့ အတူတူ ဖေးမရင်း ကူညီရင်း ဒီရောဂါကြီးကိုကျော်လွှားနိုင်မှာပါ ။ ယနေ့ထက်မနက်ဖြန်ပို အကျိုးပြုနိုင်အောင် ကြိုးစားပါဦးမယ်။ (ပုံများနဲ့မျက်နာဖော်ပြခွင့်ကို တောင်းခံပြီးမှတင်ခြင်းဖစ်သည်။)

လေးစားစွာဖြင့်
ပြည်သူသို့မျှဝေခြင်းအဖွဲ့သားများ

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page