ရာထူး၊ အာဏာ၊ ဥစ္စာတွေ ဘယ်လောက်ပဲ ရှိရှိ မျက်နှာသာ ပေးမှာ မဟုတ်တဲ့ ကိုဗစ်

ရာထူး၊ အာဏာ၊ ဥစ္စာတွေ ဘယ်လောက်ပဲ ရှိရှိ မျက်နှာသာ ပေးမှာ မဟုတ်တဲ့ ကိုဗစ်

တက်လာသမျှ အသက်တွေဆုံးရှုံးနေတဲ့သတင်းတွေ ဖတ်ပြီး .. အခုလိုပဲ တွေးမိတော့တယ်။

အဆုပ်နဲ့ ပတ်သက်လို့ ဖြစ်တာချင်းအတူတူ .. အဆုပ်ကင်ဆာက အလွန်ဆိုးဝါးတဲ့ အဖြစ်ဆိုတောင် သိသိခြင်းကနေ အနည်းဆုံး ၉လ – ၁၂လ .. ဆွဲကုနိုင်လျှင် .. အများဆုံး ၅ နှစ်ထိ အသက်ရှင်ခွင့်ရတယ်။ ပိုက်ဆံရှိလျှင် ရှိသလို .. အသက်ကို ဆက်လို့ရတယ်။ ကိုဗစ် ကတော့ ဖြစ်တာနဲ့ ပိုက်ဆံရှိပါတယ် အချမ်းသာဆုံးဆိုတောင် .. ၇ ရက်တောင် မခံနိုင်။

ကင်ဆာတို့ အခြားနာတာရှည်တို့ လူကြီးရောဂါ ဘာညာဆိုတောင် .. ပိုက်ဆံပေါရင် ပေါသလို .. ဘေးနားမှာ ခြွေရံသင်းပင်းတွေနဲ့ မုန့်ပုံးတွေ မုန့်ခြင်းတွေနဲ့ လာမေးကြ .. ဝိုင်းပြစုကြနဲ့ နေလို့ရမယ်။ ကိုဗစ် က အသေခံပြီး ပြုစုပေးချင်ပါတယ်ဆိုတဲ့သူရှိတောင် အနားအကပ်မခံဘူး။ ဘယ်သူမှ ဘယ်မိသားစုမှ အဲဒီလို အဖြစ်မျိုး ဖြစ်စေချင်မှာ မဟုတ်ဖူး။

လူ့လောကကြီးက တယောက်တည်း တယောက်တည်း သွားရတာပဲ ဘာညာဆိုကြပေမယ့် .. ဘယ်သူကမှ သေခါနီး တယောက်တည်း ပက်လက်နေချင်ကြမှာ မဟုတ်ဖူး။ အနည်းဆုံး ကိုယ်ချစ်တဲ့သူ – ကိုယ့်ချစ်တဲ့သူကလည်း အများအပြော နောက်ဆုံး ထွက်သက်လေး မြင်လိုက်ရတယ် ဘာညာနဲ့ ဖြစ်ကြမယ်။

ဘယ်သူကမှ ကိုယ့်ကုတင် ဘေးနားလာပြီး အသက်ထွက်ခါနီး တရားတွေအကြောင်း အားပေးစကား ရွတ်ဖတ်တာတွေလည်း လုပ်ပေးကြမှာ မဟုတ်ဖူး။ ကိုယ့်နိုင်ငံက အသက်ဆုံးပါးကာနီးဆိုတဲ့သူဆို .. အဲဒီလို အမူအကျင့်လေးတွေနဲ့ လုပ်ပေးတတ်ကြတယ် မဟုတ်လား။ သို့ပေမယ့် ကိုဗစ် ကတော့ မျက်နှာသာပေးမှာ မဟုတ်ဖူး။

အဲဒီတော့ ဂရုစိုက်ကြပါ။

I am just reporting ပါ။

Myo Han Htun

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page